Just only my thinking

in #zappl6 years ago

''ဒီcompanyကြီး တိုးတတ်အောင်
တို့ တွေပူးပေါင်းလုပ်ဆောင်ရအောင်နိုင်သလောက်အားစိုက်ကြပါ ခင်ဗျားတို့ လည်း အားစိုက်ပါကျနော်လည်းအားစိုက်မယ်''

companyပိုင်ရှင်ဖြစ်သူက အာပေါင်အားရင်းသန်သန်ဖြင့် ဝန်ထမ်းများကို စကားပြောနေသည်
စကားပြောပြီးနောက် ဝန်ထမ်းတစ်ဦးက
သူ့ ဘေးမှာရှိသော ဝန်ထမ်းကို

''တကယ့်ဟာသပါပဲကွာ...
သူက companyပိုင်ရှင်သူဋ္ဌေးလေ
ဒီအလုပ်ကို သူကြိုးစားတာလည်း
သူ့ အတွက်
ငါတို့ ကြိုးစားတာလည်း
သူ့ အတွက်ဖြစ်နေတာပေါ့''

''မင်းကသူ့ ကိုပိုင်ရှင်သူဋ္ဌေးလို့  မြင်လိုက်တာလား''

''မဟုတ်လို့ လား''

''မဟုတ်ဘူး... အဲ့ဒါတို့  အဖွဲ့  ခေါင်းဆောင်...''

''အတူတူပဲလေကွာ တို့ အဖွဲ့ ခေါင်းဆောင်က
ဒီ companyပိုင်ရှင် သူဋ္ဌေးပဲဟာကို'

''မတူဘူး... သူဟာ ဒီcompanyပိုင်ရှင်သူဋ္ဌေးဖြစ်ခြင်း မဖြစ်ခြင်းကို မင်းထည့်စဉ်းစားဖို့  မလိုဘူး
ဘာကြောင့်လဲသိလား
သူအုပ်ချုပ်ကွပ်ကဲမှုဟာ leadership ဆန်နေလို့ ''

''အဲ့ဒိအယူအဆလေး ရှင်းပြပေးစမ်းပါ''

''သူအပါအဝင် တို့ တွေအားလုံးဟာ company ခေါ် ဒီsystemကြီးတစ်ခုလုံး တိုးတတ်တည်မြဲအောင် ကြိုးစားနေရတယ်...
သန့် ရှင်းရေးကအစ ဥက္ကအထိပေါ့ကွာ

ငါတို့ ရဲ့ ရောင်းချတဲ့ကုန်စည်တွေကို စားသုံးသူတွေနှစ်ခြိုက်စွာ အားပေးဖို့ 
ငါတို့ ကြိုးစားရမယ်...
ငါတို့ မှာ ရည်မှန်းချက်ရည်ရွယ်ချက်တွေရှိတယ်

မင်းပြောတဲ့ သူဋ္ဌေးတစ်ယောက်တည်းရှိသင့်တာ
မျိုးမဟုတ်ဘူး မင်းလည်း ရှိရမယ် ငါလည်းရှိရမယ်...
အဲ့ဒိသူဋ္ဌေးဆိုသူရဲ့ ရည်မှန်းချက်ဟာလည်း ဒီcompanyအောင်မြင်ဖို့ ဖြစ်သလို ငါ့ရည်မှန်းချက်ဟာလည်း ဒီcompany
အောင်မြင်ဖို့ ပဲဖြစ်တယ်လေ ရည်မှန်းချက်က အတူတူပဲ
တာဝန်တွေပဲ ကွာသွားကြတာ''

''အင်း.. ဆက်ပါဦး''

''နံပါတ် ၁ ဦးစားပေးက ဒီcompanyတည်မြဲတိုးတတ်ဖို့ ...
စကားကို ရှင်းအောင်ပြောရရင် customerမျက်နှာကိုမကြည့်ဘူး အလုပ်သမားမျက်နှာကို မကြည့်ဘူးကွာ''

''အား ... ဒီလိုဆို မင်းပြောတဲ့ရည်ရွယ်ချက်ကြီးက လူမဆန်တော့ဘူးပေါ့ဟ''

''ငါစကားမဆုံးသေးဘူးလေ
အလုပ်သမားမျက်နှာမကြည့်ပဲ customerမျက်နှာမကြည့်ပဲ တည်မြဲတိုးတတ်ချင်လို့ မရဘူး
ဒါကြောင့် customerမျက်နှာကို ကြည့်ရတယ် အလုပ်သမားမျက်နှာကိုကြည့်ရတယ်'

''ငါ မျက်စိလည်နေပြီ.''

''ငါးကန်တစ်ကန်ရှိတယ် ငါးတွေရှိတယ်
ထင်းရှိတယ် မီးရှိတယ် မင်းကလည်း ဗိုက်ဆာနေတယ်ဆိုရင်ဘာလုပ်မလဲ''

''ငါးဖမ်းပြီး ကင်စားမယ်''

''ငါပြောတာဒီသဘောပဲ..
မင်းရဲ့ရည်ရွယ်ချက်က ငါးဖမ်းချင်တာ မဟုတ်ဘူး မီးမွှေးချင်တာမဟုတ်ဘူး ဝမ်းဝချင်တာ
အေး အဲ့လိုဝမ်းဝဖို့ အတွက် ငါးဖမ်းရမယ် မီးမွှေးရမယ်
ဒါရည်ရွယ်ချက်ရဲ့သဘော

ငါတို့ ရည်ရွယ်ချက်ကလည်း companyကိုတိုးတတ်တည်မြဲစေချင်တာ
ဒီလိုလုပ်ဖို့ ဆို အလုပ်သမားနဲ့  အဆင်ပြေရမယ် customerနဲ့  လည်း အဆင်ပြေရမယ်

ဒီcompanyကြီးကို ထမ်းပိုးတည်ဆောက်မယ့် အလုပ်သမားတွေက companyအပေါ် တိုးတတ်စေလိုစိတ်ရှိမှသာ
အောင်မြင်မယ်
customerတွေကလည်း တို့ ရဲ့ ကုန်စည်(product)တွေကို ဝယ်ယူအားပေးလိုစိတ်ရှိမှသာ
တို့  companyအောင်မြင်မယ်

အလုပ်သမားဆိုတဲ့စကားရပ်ကို တောင် ငါက သိပ်သဘောမကျချင်ဘူး
တို့ တွေက ပူးပေါင်းဆောင်ရွက်သူတွေ...
တာဝန်မတူကြတာကလွဲရင်ပေါ့

တို့ တွေရဲ့ စွမ်းဆောင်မှု အပေါ်မှာ companyရဲ့ အကျိုးအမြတ်ဟာ မူတည်နေတယ်...
companyရဲ့ အကျိုးအမြတ်ပေါ်မှာ တို့ လုပ်အားခ ဟာ မူတည်တယ်...

customerဆိုတာ other sideပါ
သူတို့ မှာ တာဝန်မရှိဘူး သူတို့ က ကောင်းရင်သုံးမယ် မကောင်းရင် မသုံးဘူး...
တို့ ကသူတို့ တွေသုံးချင်အောင် လုပ်ရမယ်... ဒီတော့ ကောင်းအောင်လုပ်ရမယ်...
မင်းစိတ်ထဲ အလုပ်သမား အလုပ်ရှင်ဆိုတဲ့ စိတ်ကိုမဖျောက်နိုင်ရင် companyအပေါ် စေတနာထားဖို့  ခက်မယ်''

''တို့ သူဋ္ဌေးရဲ့ အောက်ခြေအပေါ် ဆက်ဆံမှုကို မင်းဘယ်လိုမြင်လဲ''

''ငါသဘောကျတယ်... ငါဒီလိုမြင်အောင် ဒီခေါင်းဆောင်ကပဲ သင်တာ
သူက သန့် ရှင်းရေးဝန်ထမ်းကအစ အလေးထားတယ်
''သန့် ရှင်းရေးဝန်ထမ်းကအစ''ဆိုတဲ့ စကားအတွက် ငါတောင်းပန်တယ်
အများစုက သန့် ရှင်းဆို နှိမ်စရာလို့  မြင်တယ် သူကမမြင်ဘူး
သန့် ရှင်းရေးတာဝန်ဟာ ရှိကို ရှိရမှာပဲ
ဒီတာဝန်ကို တစ်စုံတစ်ယောက်က ထမ်းကို ထမ်းဆောင်ရမယ်...
ဒီနေရာမှာ လူသားတစ်ယောက် တာဝန်ထမ်းဆောင်မှကိုရမှာ...

အဲ့တာဝန်လာထမ်းဆောင်သူကို နှိမ်မယ်ဆိုရင် ဒါဟာ သဘာဝမကျဘူး
သူ့ တာဝန်သူကျေနေသ၍ သူဟာ လေးစားထိုက်သူပဲ... နောက်လိုက်တွေ ခေါင်းဆောင်တွေလို့  မသတ်မှတ်ချင် ဘူး မတူညီသောတာဝန်အသီးသီးကို ထမ်းဆောင်နေကြသူများပေါ့
သန့် ရှင်းရေးရဲ့ လုပ်ဆောင်ချက်ဟာလည်း company တည်မြဲတိုးတတ်ဖို့  ဖြစ်သလို
ငါတို့ ရဲ့ လုပ်ဆောင်ချက်ဟာလည်း company တည်မြဲတိုးတတ်ဖို့ ဖြစ်တယ်''

''ရသင့်တဲ့လုပ်အားခမရတာမျိုး အလုပ်ချိန်ထက် ကျော်ခိုင်းတာမျိုး ကျတော့ရော''

''ဒါဟာ ခေါင်းဆောင်တာဝန်ယူသူရဲ့ ညံ့ဖျင်းမှုပေါ့... သူဒီလိုလုပ်လို့  company တိုးတတ်မှာ မှန်ရင် ငါအနာခံပြီးထောက်ခံပစ်လိုက်မယ်''

''ဟာ မင်းစကားက''

''ဒီလုပ်ရပ်ကြောင့် company မတိုးတတ်နိုင်ဘူးဆိုတာ ငါသိထားလို့  ဒီစကားပြောတာပေါ့ကွာ
အလုပ်သမားကို ထိုက်တန်တဲ့
လစာမပေးရုံနဲ့  သတ်မှတ်ချိန်ထက် ကျော်ခိုင်းရုံနဲ့  company တိုးတတ်လိမ့်မယ် သူဋ္ဌေးပိုမြတ်လိမ့်မယ်လို့  မင်းထင်လား

ကားကောင်းကောင်းမောင်းချင်ရင် ကားဘီးကိုလည်း ဂရုစိုက်ပေးရမှာပဲ

မင်းရဲ့ကာယ ဥာဏအားတွေနဲ့  ဒီcompanyကိုထမ်းပိုးထားတာ

ညံဖျင်းတဲ့ခေါင်းဆောင်ကြောင့် မင်းက ဒီsystemကို အပြစ်မြင်လာရင် companyပဲ ထိခိုက်မှာ
မပြည့်ဝတဲ့လုပ်အားခကြောင့် တာဝန်ကျေလိုစိတ်ပျက်ကွက်မယ်
မတရားတဲ့ အလုပ်ချိန်ကြောင့် မင်းအလုပ်အပေါ် ငြိုငြင်လာမယ်

မထိုက်တန်တဲ့ လုပ်အားခပေးခြင်း
မလုပ်ချင်တဲ့ အချိန်ပိုခိုင်းခြင်းဟာ company အမြတ်အစွန်းပိုများစေလိမ့်မယ်လို့  မင်းမြင်လား
အဲ့ဒါကို တစ်နပ်စားဥာဏ်လို့  ခေါ်တယ်''

''မြန်မာပြည်မှာ အလုပ်ရှင်နဲ့  အလုပ်သမားအများစုက ဒီလိုပဲလေ
အလုပ်သမားတွေကလည်း ကိုယ့်အလုပ်လို့  မမြင်သလို အလုပ်ရှင်တွေကလည်း အလုပ်သမားကို လုပ်ဖော်ကိုင်ဖက်လို့  မမြင်ကြဘူး''

''အဲ့လိုဖြစ်နေတဲ့ အလုပ်သမားလည်းမှားနေသလို အဲ့လိုဖြစ်စေတဲ့ အလုပ်ရှင်လည်း မှားနေတယ်

ဆိုပါစို့ ကွာ
ငါက ဖုန်းဆိုင်က အရောင်းဝန်ထမ်းဆိုပါစို့ 
လစာက အသေကြီး
ဝယ်သူများရင် ငါအလုပ်ပိုလုပ်ရမယ်
ဝယ်သူနည်းရင် ငါအလုပ်သက်သာမယ်

ပုံမှန်တွေးရင် ဝယ်သူနည်းဖို့  ငါအလိုရှိလာမယ်
ဒါဆိုဆိုင်ရှင်ကရော... ဝယ်သူနည်းစေချင်ပါ့မလား
ဘယ်ဟုတ်ပါ့မလဲ သူများစေချင်မှာပေါ့
ဒါမှသူပိုမြတ်မှာပေါ့
ဒါ အလုပ်ရှင်နဲ့ အလုပ်သမား စိတ်ဝမ်းကွဲခြင်း... လှေတစ်စင်းထဲအတူနေရင်း စိတ်ဝမ်းကွဲနေရင် ဒီလှေဘယ်ကို
ရွေ့ မလဲ....

ဒီရလဒ်ဖြစ်လာတာ လစာအသေ ဆိုတဲ့ ပြဋ္ဌာန်းချက်ကြောင့်ပဲ
အဲ့လိုမဖြစ်ရဘူး
ဝယ်သူများရင် အမြတ်များမယ်
ဒါဆိုရင် အဲ့ဒိအမြတ်ရာခိုင်နှုံးတစ်ခုဟာ ရောင်းချပေးသူ ဝန်ထမ်းကိုလည်း ပေးသင့်တယ်
ဒါမှသာ ဝန်ထမ်းဟာ ဝယ်သူများလာ ဖို့  အလိုရှိလိမ့်မယ်
ဒါဟာ အလုပ်ရှင်နဲ့  အလုပ်သမား စိတ်ထားတူညီမှု

ဒါဆိုရင် ဝန်ထမ်းဟာ ဝယ်သူများလာဖို့  ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အားထုတ်တော့မယ်... customerကို စိတ်ရှည်ပေးမယ် ဆက်ဆံရေးပြေပြစ်မယ်
လုပ်ငန်းစွမ်းဆောင်ရည် တိုးတတ်အောင်ကြိုးစားတော့မယ်
ဒါဆိုရင် အရောင်းသွက်တဲ့ ဖုန်းဆိုင်တစ်ခုအဖြစ် အောင်မြင်လာမယ်...
အရောင်းသွက်စေခြင်းဖြင့် phအရောင်းလုပ်ငန်းကို အောင်မြင်စေခြင်းဟာ ပိုင်ရှင်ကိုလည်း မြတ်စေသလို ဝန်ထမ်းကိုလည်း မြတ်စေတယ်
customerကိုလည်းကျေနပ်စေတယ်
နိုင်ငံကိုလည်း GDPတတ်စေတယ်
လုပ်နိုင်စွမ်းရှိသလောက် လုပ်ဆောင်လိုစိတ်ရှိမှသာ လူသားအရင်းအမြစ်ဟာ ပိုတန်ဖိုး ရှိလာမှာ...
ပြုံးပြဖို့  လိုအပ်တဲ့ အလုပ်မှာ စိတ်ပါလက်ပါပြုံးပြခြင်းဟာ လုပ်အားတန်ဖိုးတတ်လာခြင်းပဲ''

''စည်းမျဉ်းစည်းကမ်းတွေဟာ သိပ်ကို အရေးပါသလား''

''စည်မျဉ်းစည်းကမ်းတွေဟာမလိုအပ်ပဲထုတ်မိရင် သိပ်ကို ကျင့်ဝတ်ပြည့်စုံလိုသူအတွက် စိတ်အနှောက်အယှက်ဖြစ်စရာပါပဲ

ဥပမာ ကွမ်းတံတွေးမထွေးရ ဆိုပါတော့
ထွေးသင့်မထွေးသင့်
နားလည်သူအတွက် ဒီစည်းကမ်းမလိုဘူး
တချို့ ရှိတယ် ''ဤ နေရာတွင် အမှိုက်မပစ်ရ''တဲ့ စည်းကမ်းဟာ လက်တစ်လုံးခြား သိပ်လုပ်လို့  ကောင်းတယ် ဤ နေရာမှာ မပစ်ရင်ပြီးရော ဘယ်နေရာပစ်ပစ်ဆိုတဲ့ သဘော သက်ရောက်မနေဘူးလား

ဒါပေမယ့် အလုပ်သမားဟာ အလုပ်သမားကျင့်ဝတ်ကို နားမလည်သေးသ၍ ဒါမှမဟုတ် နားလည်ရက်နဲ့  ကျင့်ဝတ်စောင့် လိုစိတ်မရှိသ၍ စည်းကမ်းတွေလိုနေဦးမှာ
စည်းကမ်းဟာ အကြောက်တရားဆန်တယ်
ကျင့်ဝတ်ဟာ အသိတရားဆန်တယ်
မင်းဘာနဲ့ တန်လဲ
မင်းနဲ့ တန်တာ မင်းရမယ်''
image
Writer by@mm-tiger from myanmar

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66431.69
ETH 3459.44
USDT 1.00
SBD 2.60