ဘာသာရေး ကွန်ဆာဗေးတစ်ပညာရှင်များနှင့် ဖျားနေသောမြန်မာပြည်

in #zappl7 years ago (edited)

Society - Freedomနဲ့ လူသားတွေတိုးတက်ဖွံ့ဖြိုးမှုကို အဓိက ပိတ်ဆို့ထားအခြေခံအုဋ္ဌ်မြစ်ဟာ ဘာသာရေးအမြင်တွေပါဝင်နေ တယ်ဆိုတာ ကျနော်တို့အားလုံး ငြင်း၍မရနိုင်ပါဘူး။ တနေရာ
မဟုတ်တနေရာလောက်မှာ ( သို့မဟုတ် ) ဖွံ့ဖြိုးတိုးတတ်မှုဆို သောနေရာတွေမှာ Block ဖြစ်နေတတ်လေ့ရှိတယ် ။

၎င်း ဘာသာရေးပြဋ္ဌာန်းချက်များကို အဆိုးမြင်၍ အပြစ်ပြောနေခြင်း မျိုးမဟုတ်ပါ ။ယုံကြည်မှုလွဲကဲသော ဟောင်းနွမ်း၍သုံးမရသောရိုးရာ အယူဆတွေသာခိုင်မှာ အားကောင်းလာခြင်း - ဘာသာရေးကို ဗန်းပြ၍ နိုင်ငံရေး - စီးပွားရေး - အာဏာစသည့်နေရာတွေမှာ လူသားများအလွဲသုံးစား လုပ်တတ်လာကျခြင်း စသည်တို့မှာ
ဘာသာ ရေးကိုတည်မှီ၍ ဖောက်ဖွားရှင်သန်လာသည်ဟုလည်း တနည်း ပြောနိုင်ပါသည် ။

မြန်မာနိုင်ငံမှာ ဘာသာရေး Knownledge အယူဆနဲ့ ပတ် သတ်လာရင်ဖွံ့ဖြိုး တိုးတတ်မှု အားနည်းနေသေးတယ် ။ ပုံမှန် နော့ လေခ်ျအသိလောက်နဲ့ tradition အောက်မှာသာ ကျပ်ကျပ် သပ်သပ်နဲ့ နေနေရတယ်လို့ဆိုနိုင်ပါတယ် ။ အကျိုးဆက်က ဘာသာရေးကို အပွန်းပဲ့မခံနိုင် - ကြွပ်ဆတ်သော ခံယူမှုတွေနဲ့ ပြန်လည်တုန့်ပြန်မှုသာ လူတွေများပြားတိုးတက်လာတယ် ။ ပညာနဲ့ ဆင်ခြင်တွေးဆရမဲ့ ကဏ္ဍဟာပျောက်ဆုံးသွားတယ် ။

ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးပိုင်းနဲ့ ဘာသာရေး Ideology ပိုင်းမြင်တာကိုချိတ်ဆက်ပြောရယင် သင်ရိုးကစလို့ စနစ်ကအဆုံး ဘာတစ်ခုမှ အဆင်မပြေပါဘူး ။ သင်ကြားရေးပိုင်းကိုက"အ" နေ
တယ် ။ ကန်းနေသော သင်ရိုးတွေနဲ့ ပညာရေးကို ဝေဝေဆာဆာ ပြဋ္ဌာန်းထားတယ် ။ ကျနော်တို့ မျိုးဆက်တွေဟာ အကြောက်တရား အောက်မှာ ပညာသင်ယူကျရတယ် ။ နောက်ဆုံး အကြောက်တရား အောက်မှာ ပညာသင်ရတဲ့ အကျိုးဆက်ကတော့စာသင်ခန်းတွင်း မေးခွန်းထုတ် ဆွေးနွေးခြင်း QuestioningTechnique Method ဆိုတာတွေပါ ပျောက်ဆုံးသွားတော့တယ်။

နောက်ထပ် ဘာသာရေးတရားဟောပြောပွဲတွေမှာ အသုံး
များလေ့ရှိတဲ့ ( Story - Telling Method ) ပုံ ဝတ္ထုဇတ်များ ဟောပြသင်ကြားမှုတွေကြောင့် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်အမြင်တွေ သာ ပို၍အားကောင်းလာတယ်။ ဘာသာရေးခေါင်းဆောင်များ ကိုယ်တိုင် ပို့ချမှုပိုင်းတွေမှာ အမျော် အခေါ်တွေနဲ့စတင်လို့ အဆုံးမှာ မကြံစည်အပ်ဘူးဆိုတဲ့ အစိန္တိနေယျ ဆိုတာတွေနဲ့ ပိတ်ဆို့ထားလိုက် ကျတယ် ။ အကျိုးဆက်ကတော့ Critical Thinking လုပ်နေတဲ့လူအနည်းစုဟာ မိစ္ဆာဒိဋ္ဌိ စသည်ဖြစ်လာတယ် ။

နောက်ဆုံးတော့ ကိုယ်ကျင့်တရားပေါ်မှာ အုဋ္ဌ်မြစ်ချ တည်ဆောက်ထားတဲ့ ဗုဒ္ဓဓမ္မ ကိုယ်တိုင်ပျက်တော့တာဘဲ ။

ဒါကို အသိပညာနဲ့ကိုယ့်ကျင့်သိက္ခာဟာ ထမင်း
တနပ်လောက်မှအရေးမပါတော့ဘူးလို့ ထင်နေတဲ့ ဗုဒ္ဓ ဘာ
သာဝင်ဆိုသူတွေ ထေရဘာသာမြန်မာနိုင်ငံ မှာ ရိုက်သတ်၍
မကုန်နိုင်တာကို တိမ်ကင်းစင်နေသောလင်းပွှင့်တဲ့မျက်လုံးနဲ့ လှမ်းငေးရင်မြင်နိုင်ပါတယ် ။ထေရအမည်ခံ ဗုဒ္ဓ ဓမ္မခေါင်းစဉ် အောက်မှာ အမြှီးကျက်အမြှီးစား ခေါင်းကျက် ခေါင်းစားတွေသာ တဆတဆနဲ့ တိုး၍လာတော့တယ် ။အသိပညာနုံနှဲ့ စုတ်ချာခြင်း တွေကိုသာ ဖော် ပြနေတယ် ။ ဒါကို ပညာကသာ ထိန်းညှိပေးနိုင် တယ် ။ ၎င်းပြဿ နာအခြေနေတွေကိုပီပြင်အောင်မဖြေရှင်းနိုင်
သေး သမျှကာလပတ်လုံး ကျနော်တို့မျိုးဆက်အလိုက် သေဆုံးဖို့ရှိ တယ် ။

တကယ့် ပဂတိယုံကြည်မှုအစစ်ဟာ ဖြူစင်ပါတယ် ။၎င်း ယုံကြည်
မှုကို အမှန်တရားဟု တရားသေစွဲလမ်းဆုပ်ကိုင်ထားခြင်းတွေမှာ ညစ်ထေးမှုများရှိနေတယ်ဟုဆိုလိုတယ် ။

တကယ်တော့ လူသားအားလုံးအတွက် ပြည့်ဝတဲ့ အမှန်တရားဆို သော အဆိုပြုချက်ဟာလည်း ပုဂ္ဂလတစ်ဉီးတစ်ယောက်၏ စွဲထင် သော ယုံကြည်မှုတစ်ခုသပ်သပ်သာဖြစ်တယ် ။ ဒီလိုဘဲ ဘာသာရေး ဆိုတာ လည်း၎င်းလူသား၏ ယုံကြည်မှုအပေါ် ထပ်ဆင့်ယုံကြည်မှု များဖြင့် အခြေပြုတည်ဆောက်ထားတယ် ။ ယုံကြည်မှု မပါဘဲ Religion မခေါ်ပါဘူး ။ သို့သော် တနေရာမှာ ကိုယ့်အတွက် မှန်ကန်ပြီး တခြားတစ်နေရာမှာ တခြားလူသားတွေအတွက် လုံးဝသုံးစား၍မရသော အမှန်တရားတစ်ခုမဟုတ်တော့တာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။

ဒီလို ရှေးရိုးစွဲဘာသာဝင်တွေနဲ့မတူ လွဲနေသောဘာသာရေးအယူဆ နဲ့ ထို့အတူလက်ခံနိုင်သင့်တာကို လက်ခံပေးသော ယုံကြည်မှုကို တရားလွန်ဆုပ်ကိုင်မရှိသော အလေးထား စံပြုလောက်ဖွယ် ဘာသာဝင်ပုဂ္ဂိုလ်တွေ သမိုင်းမှာပေါ်ပေါက်ခဲ့တယ် ။ ဘာသာရေး ယုံကြည်ချက်ကို ပယ်စွှန့်စရာမလိုပါဘူး ။ တကယ်က ရိုးသားမှု တစ်ခုဘဲလိုတာပါ ။

ဘဝတစ်လျှောက်လုံးယုံကြည်မှုနဲ့ ပညာကို အချိုးကျထိန်းညှိပြီး
လူသားအကျိုးပြု အရာတွေကို ဆောင်ရွှက်လို့ ဘဝကို အေးအေး
လူလူ သဟဇာတဖြစ်စွှာ ဖြတ်သန်းခဲ့တဲ့ သူရဲကောင်းဘာသာဝင်တွေ သမိုင်းမှာ တကယ် ရှိခဲ့ဖူးပါတယ် ။ ဘာသာရှိ ဘာသာမဲ့ ဖြစ်စေ သူတို့၏ စူးစမ်းမှု လေ့လာမှု ချင့်ချိန်မှုစသည့်တို့ကို ချီးကျူးအတုယူ သင့် အတုယူထိုက်တယ် ။ သူဟာ ဂယ်လီလီယို ဖြစ်တယ် ။

သိပ္ပံပညာတိုးတက်လာခြင်းမှာ ဂယ်လီလီယို ကို မေ့ထား
လို့မရပါဘူး ။ သူဟာ Copernicus ရဲ့ နေဗဟိုပြုဝါဒ
( Heliocentric theory ) ကို မှန်ကန်ကြောင်း အရစ္စတိုလ် အတွေးမြင်အယူဆတွေမှားယွင်းနေမှုကိုသူ့ရဲ့ The Dialouge Concerning The Two Chief World System - ကမ္ဘာစနစ်ကြီး နှစ်ခုဆိုင်ရာ ဆွေးနွေး ငြင်းခုံမှု' - ဆိုတဲ့ ကျမ်းတစ်
စောင်ရေးပြီးဖော်ထုတ်ပေးခဲ့တယ် ။ Law Of Inertia ( အင်
နားရှားနိယာမ -The First Law Of Motion ( ပထမရွှေ့ လျားမှု နိယာမ') စသည်တွေနဲ့ ကမ္ဘာကြီး ကိုတိုးတတ်မှုရှိအောင် ထောင့်တစ်နေရာမှပံ့ပိုးကူညီပေးနိုင်ခဲ့တယ် ။

ထိုခေတ်ကသမ္မာကျမ်းချက်တွေနှင့် မညီညွှတ်တဲ့
Galileo Galilei ရဲ့ကမ္ဘာဟာ ဝင်ရိုးစွှန်းပေါ်မှာ
နေကို ဗဟိုပြုလည်ပတ်နေသောဆိုတဲ့ အယူဆကြောင့် ထောင်'
( 0r ) နေအိမ် အကျယ်ချူပ် ကျခံရတယ် ။ အမှန်တရားဟာ
အမှားဖြစ်ပါတယ်ဆိုတဲ့ ဝန်ခံချက်ပေးပြီး အချူပ်ကလွှတ်စေတယ် ။ ဂယ်လီလီယို ဘဝမှာ ဒီအချက်က သူ့ဘဝတစ်လျောက်မှာတော့ အမည်းစက်အဖြစ်ကျန်ရစ်တယ် ။ ဒါက လူသားဖြစ်တဲ့အတွက် ချွင်းချက်ပေါ့ ။

နောက်ထပ် ပိုလေးစားစရာကောင်းတာဟာ ဂယ်လီလီယို
ဟာ ဂျီးလ်ဆပ်ခရိုက်အနွယ်ဝင်တစ်ယောက်လည်း ဖြစ်ခဲ့တယ် ။ ဘာသာရေကိုင်းရှိုင်းတယ် ။ ဘာသာကို ပညာနဲ့ ထိမ်းညှီပြီး အမှန်တရားကို ရှာဖွေပေးနိုင်ခဲ့တယ် ။ လက်ခံပေးနိုင်ခဲ့တယ် ။ သို့သော်သူယုံကြည်သော မြတိနိုးသော ဘာသာကို စွှန့်ခွာမ သွားခဲ့ပါဘူး ။ ဘာသာဝင်များအတွက် ဂယ်လီလီယို လို ပုဂ္ဂိုလ် မျိုးတွေ အတွေးခေါ်မျိုးတွေ ပေါ်ထွက်လာဘို့ကို မျော်လင့်မိတယ်
ဂယ်လီလီယို လိုဘာသာဝင်တိုင်းအားလုံးဖြစ်ရမယ်မဆိုလိုပါဘူး ။ ဘာသာရေးယုတ္တိအလွဲ နဲ့ ၎င်းအယူဆအမှားတွေကို မှားမှန်းလက်
ခံပေးနိုင်လောက်ရင်တောင် အားလုံးအတွက် အပေါင်းလက္ခဏာ ဆောင်တယ် ။

ပြောလိုတာက အမှားတစ်ရာဟာ ကြာရှည်စွှာအမြစ်တွယ်သွားရင် အမှန်တစ်ခု ဖြစ်သွားနိုင်တယ် ။ အမှားက အမှန်ဖြစ်နေမှုဟာ ပြဿ နာမဟုတ်သေးဘူး ။ဒီ ပြဿ နာ ကိုပညာက ထိန်းညှိပေးနိုင် တယ် ။ အမှားကို အမှားဟု လက်ခံပေးနိုင်တဲ့ သဘောထားကြီး
ခြင်းကို ရည်ရွှယ်ပါတယ် ။

မြန်မာနိုင်ငံမှာ ဘာသာရေး - နိုင်ငံရး - ဒဿ ဒနိက သိပ္ပံ စသော အတတ်ပညာရှင်များရှားလာတယ် ။ ရှိတဲ့ပညာရှင်တွေကလည်း ဒီနိုင်ငံအတွက်မဟုတ်ဘူးဆိုတာတွေထိဖြစ်လာတယ် ။ ဒီအကျိုး ဆက်ကို တနိုင်ငံလုံးဝိုင်းဝန်းခံစားနေရတယ် ။

အတတ်ပညာရှင်ရှားပါးခြင်းဟာ နိုင်ငံ တစ်နိုင်ငံ၏တိုး
တတ်ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းများကို တိုက်ရိုက် မဟုတ်တောင်
သွယ်ဝိုက် အထောက်ကူပြုတယ် ။ ဒီနေရာမှာလိုအပ်မယ်ထင်လို့ ထည့်ပြောသင့် ပြောရပါတယ် ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ဆိုရင် ဘာသာမဲ့ခြင်း/ ဘာသာမမဲ့ခြင်းများနဲ့ ဒါဟာ တိုက်ရိုက်မပတ်သတ် ပါဘူး ။ သင်ယူလေ့လာမှု စိတ်အားထက်သန်မှု နဲ့ဆင်ခြင်ဥာဏ်ဖြင့် စူးစမ်းပြီး ရိုးသားဘို့နဲ့ ပညာတတ်များပြားလာမှုတွေကသာ ခေတ်မှီ သောဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တိုက်ရိုက်အချိုးကျစေတယ် ။

ပညာကသာ လူသားတွေရဲ့ ရှေဆောင်လမ်းပြမီးရှုးသဖွယ်ဖြစ်တယ် ။ ပညာနဲ့ ဆောက်တည်ထားသော အသိညဏ်စနစ်များဟာ မွန်မြတ် ခြင်း / ကောင်းမွန်ခြင်း / ဆန်းသစ်ခြင်းတွေကို ဆောင်ကျဉ်းပေး နိဲုင်တယ် ။ နောက်ဆုံး မည်သည့်နယ်ပယ်တွင်မဆို ပညာသာလျှင် မိမိရဲ့ အားထားရာ ကိုးကွယ်ရာအစစ်ဖြစ်တယ် ။
image
Writer by@mm-tiger

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 61911.99
ETH 2585.89
USDT 1.00
SBD 2.56