🎅

in #zappl6 years ago

#ကျင့်မှုဟောမှုလို၍ တရားထူးမရ


              ကျင့်မှုဟောမူလိုခြင်းဟူသော  #ကိရိယပရိဟာနိ

ကြောင့် မဂ်ဖိုလ်ကိုမရသည်လဲ ရှိ၏ ။ မဇ္ဈိမပဏ္ဏာသ ကန္ဒရက
သုတ်၌ လာသော ပေဿမည်သောသူသည် နှလုံးသွင်းအား
ထုတ်မှု လိုခြင်းကြောင့် မဂ်ဖိုလ်ကို မရလေပြီ ။ ထိုသူသည်
အတ္တန္တပ စသောပုဂ္ဂိုလ် ၄ - မျိုးတို့ကို အကျယ်ဝေဘန်၍
ဟောသောတရားကို အဆုံးတိုင်အောင် နာယူလျှင် သောတာ-
ပန်ဖြစ်ထိုက်ပါလျက် #တရားမဆုံးမီထသွားသောကြောင့်
မဂ်ဖိုလ်မှ ဆုံးရှုံးရချေသည် ။ ယခုကာလ၌ မဂ်ဖိုလ်ကို ရထိုက်
သောသူတို့တွင် #နည်းလမ်းမှန်ကိုရပါလျက် အလျှင်းအားမ
ထုတ်၍ ဖြစ်စေ ၊ အားထုတ်ချိန် မပြည့်စုံ၍ ဖြစ်စေ မဂ်ဖိုလ်ကို
မရဘဲ တစ်ဘဝဆုံးသွားရသော သူများမှာ ၄င်းပေဿ မည်
သော သူကဲ့သို့ပင် #ကိရိယပရိဟာနိ = နှလုံးသွင်းအားထုတ်
မှုလိုခြင်းကြောင့် အကျိုးစီးပွါးမှ ဆုံးရှုံးကြရှာလေသည် ။

        ထို့ပြင် -------    ဓနဉ္ဇာနိပုဏ္ဏားကြီးအား  သေခါနီး၌  အ

ရှင်သာရိပုတြာက ဝိပဿနာကို မဟောမူ၍ သမထကိုသာ
ဟော၏ ။ ထို့ကြောင့် ပုဏ္ဏားကြီးသည် သမထဈာန်ကို ပွါးစေ
၍ သေလေလျှင် ဗြဟ္မာ့ပြည်သို့ ရောက်လေ၏ ။ အကယ်၍
ဝိပဿနာကို ဟောခဲ့ပါလျှင် ပုဏ္ဏားကြီးသည် လူ့ဘဝ၌ပင်
မဂ်ဖိုလ်ကိုရလေရာ၏ ။ သို့ဖြစ်၍ ဤဓနဉ္ဇာနိ၏ မဂ်ဖိုလ်ကို မရ
ခြင်းမှာ ဟောပြောမှုလိုခြင်းကြောင့်ပင်တည်း ။ ထို့ကြောင့်ပင်
မြတ်စွာဘုရားက အရှင်သာရိပုတြာအား အပြစ်တင်ပြီးလျှင်
ဗြဟ္မာ့ပြည်သို့လိုက်၍ တရားဟောရန် မိန့်တော်မူလေသည် ။
အရှင်သာရိပုတြာသည်လည်း ချက်ခြင်းကြွသွား၍ တရားဟော
ရပြန်လေသည် ။ ထိုအခါမှစ၍ အရှင်သာရိပုတြာသည် တရား
ဟောလျှင် သစ္စာလေးပါးနှင့် မကင်းမူ၍သာ ဟောတော်မူသ
တတ် ။ ယခုကာလ၌ မဂ်ဖိုလ်ကို ရထိုက်သူဖြစ်ပါလျက် ဝိပ-
ဿနာနည်းမှန်ကို မရသောကြောင့် မဂိဖိုလ်မမှီး အချည်းနှီး
ဘဝ ဆုံးသွားရသော သူများမှာ ဤ ဓနဉ္ဇာနိ ကဲ့သို့ပင်
#ကိရိယပရိဟာနိ = ဟောပြောမှု လိုခြင်းကြောင့် အကျိုးစီးပွါး
မှ ဆုံးရှုံးကြရှာလေသည် ။

        #တမ္ဗဒါဌိက  ၏   မဂ်ဖိုလ်ကိုမရခြင်းမှာ  နှလုံးသွင်း

အားထုတ်မှုလိုခြင်း တည်းဟူသော #ကိရိယပရိဟာနိ ကြောင့်
သာလျှင်တည်း ။ သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် ရောက်
သည်ကိုထောက်ဆ၍ " ဟောပြောမှုလည်းမလို ၊ ပါပမိတ္တနှင့်
စပ်၍ဖြစ်သော အန္တရာယ်လဲမရှိ " ဟု သိအပ်၏ ။

       ဤမျှလောက်သော  ဝတ္ထုသာဓကတို့ဖြင့်  ပစ္ဆိမဘဝိက ,

ဥဂ္ဃဋိတညူ , ဝိပဉ္စိတညူ , ပုဂ္ဂိုလ် ဟုတ်ခြင်း , မဟုတ်ခြင်းတို့
သည် အကြောင်းမှန်မဟုတ်ကုန် ။ ရှေးအဖို့က သီလမစင်ကြယ်
ခြင်းမှာ ရဟန်းတို့အားသာလျှင် အန္တရာယ်ဖြစ်၍ လူတို့အား
အန္တရာယ်မဖြစ်ဟူသော ဤအချက်သည်သာလျှင် အကြောင်း
မှန်ဟု ဆုံးဖြတ်နိုင်လောက်ပေပြီ ။ သို့သော်လည်း သီလဝိသုဒ္ဓိ
မရှိလျှင် ဝိပဿနာဉာဏ် , မဂ်ဉာဏ် တို့မဖြစ်နိုင်ရာသောကြောင့်
သန္တတိ အမတ်ကြီးစသည်တို့၏ သီလဝိသုဒ္ဓိဖြစ်ပုံကို ဤသို့
မှတ်အပ်၏ ။

        တရားနာခါနီးမှာဖြစ်စေ , တရားနာစဉ်မှာ  ဖြစ်စေ  မိမိ

တို့ပြုလုပ်မြဲဖြစ်သော မကောင်းမှုမျိုးကို မပြုတော့ပါဘူးဟု ကြံ
စည်ဆုံးဖြတ်ခြင်းဖြစ်ခဲ့ပါမူ ထိုကြံစည်ဆုံးဖြတ်မှုဖြင့်ပင်
#သီလဝိသုဒ္ဓိ ပြီးငည်ဟု မှတ်အပ်၏ ။ ကြံစည်ဆုံးဖြတ်မှု မရှိခဲ့
ပါမူကား ရှုမှတ်မှု ဘာဝနာ စိတ္တုပ္ပါဒ်ဖြင့် သီလဝိသုဒ္ဓိ ပြီးသည်
ဟူ၍သာ ဆိုရန်ရှိပေတော့သည် ။

ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြဝါဒစရိယ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏
ဝိပဿနာရှုနည်းကျမ်း ( ပထမတွဲ နှာ - ၆၅ , ၆၆ , ၆၇ )
တို့မှ ထုတ်ယူပူဇော်ပါသည်

image

@gla

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62178.11
ETH 2509.69
USDT 1.00
SBD 2.66