ယုံကြည်ရာ
လူတိုင်း လူတိုင်းမှာ ယြုံကည်ရာ တစ်ခုစီ ရှိကြပါတယ်။ တချို့က ကိုယ်ယုံကြည်တဲ့ အရာ ကို မဖြစ်ဖြစ်အောင် စိတ်အားထက်သန်စွာ လုပ်ကြတယ်။ ကိုယ်ဖြစ်ချင်တဲ့ အရာ ၊ ကိုယ်ဖြစ်ချင်တဲ့ အရာကိုပေါ့။ တချို့က ကိုယ့်ယုံကြည်ရာ အတွက် အသက်ကိုတောင် စွန့်ခဲ့တဲ့ သူတွေလည်း ရှိပါတယ် ။ ကိုယ့်ယုံကြည်ချက်ကို အဆုံးစွန်ထိ လက်ကိုင်ပြီး ဘဝကို ဖြတ်သန်း သွားတဲ့သူတွေပေါ့ ။
ဒါပေမယ့် တချို့ကျတော့ ဘဝရဲ့ လှိုင်းလုံးတွေအောက်မှာ ရုန်းကန်နေရင်း ယုံကြည်ချက် ပျက်စီးဆိတ်သုဉ်း သွားတဲ့ သူတွေလည်းရှိပါတယ်။ ဖြစ်သင့်တာကို ဦးစားပေးရမယ်ဆိုပြီး လမ်းကြောင်းခွဲသွားတဲ့သူပေါ့။သူ့ကိုလည်း မှားတယ်လို့ သတ်မှတ်လို့မရပြန်ဘူး။ ဘဝဆိုတာက အမှန်တရားဆိုတဲ့ အရာ တစ်ခုတည်းရှိတာမှမဟုတ်တာ။ ကိုယ့်ဘက်က ကြည့်ရင် လက်ဖဝါးပေမယ့် သူ့ဖက်ကကြည့်ရင် လက်ဖမိုး ဆိုတာလည်း ရှိတယ်လေ...
ဘဝဆိုတာ ကိုယ့်ဖြစ်ချင်တဲ့ အတိုင်း မဖြစ်လာပေမယ့် ကိုဖြစ်ချင်တာကို ကြိုးစားပိုင်ခွင်တော့ရှိပသေးတယ်။ ကိုယ် ယုံကြည်တဲ့အရာကို လုပ် နိုင်ကြပါစေ လို့ မိတ်ဆွေ အတွက် ဆုတောင်းပေးရင်း...........