My Self

in #yanmar9 years ago

ဘဝကိုစိန်ခေါ်လိုက်ခြင်း

နူးညံ့မလိုနဲ့ ကြမ်းတမ်းလာတဲ့ဘဝ ခါးသက်သက်နဲ့ပေါ့
လူတိုင်းလဲ ဘဝကိုရင်ဆိုင်နေကျတာပဲလေ အခက်အခဲ
ချင်းမတူပေမဲ့ ရုန်းကန်နေကျတာကြီးပါ ဆင်းရဲတာချမ်း
သာတာကွာလဲ သူ့အတိုင်းအတာနဲ့သူ ဘဝကို လျှောက်
လှမ်းနေရတာပါ ကျွန်နော်လဲအစကတော့ဘဝကချိုမလို
နဲ့ တဖြည်းဖြည်းခါးသက်သက်ဖြစ်လာတယ် ချိုတလှည့်ခါး
တလှည့်ပေါ့ အခုဆို အထင်သေးတဲ့သူက ကျွန်နော်အချစ်
ဆုံးချစ်သူဖြစ်နေတော့ ပိုပြီးခါးတာပေါ့ဗျာ လူတယောက်
ကိုအထင်သေးမယ်ဆိုရင် သူ့ရဲ့ အနေအထိုင်အပြုအမူ အ
ပြောအဆိုကို လေ့လာရမယ်ထင်ပါတယ် အနေအထိုင်
ယောကျာင်္းပီသလား ခုခေတ်လူငယ်တွေတော်တော်များက
တော့ အနောက်တိုင်းကိုလိုက် ဆံပင်အရောင်တွေဆိုး နား
တွေ အပြည့်အပေါက်တွေဖောက် ဖယိုဖယဲအဝတ်အစားနဲ့
စတိုင်စ်တွေထုတ် ဒါကို တချို့မိန်းကလေးတွေက အဟုတ်
မှတ် ပေါ့ပေါ့လေးနဲ့နေနေကျတာ လက်ခံလို့ရတယ် ဘဝဆို
တဲ့ တိုက်ပွဲလက်တွဲတဲ့အခါကျမှ ဒီစတိုင်တွေက ရှေ့ကနေ
ကပြမှာမဟုတ်ဘူးနော်😁😁 ရလာလိမ့်မယ် နောင်တ
ဘဝဆိုတာ တွေးကြည့်သလောက်မလွယ်ပါဘူး ကိုယ်တိုင်
ဖြတ်သန်းမှကြုံမှ လူတော်တော်များများက အော်ဘဝဘဝနဲ့
ညည်းတွားလာကြတာ ဟူးးးသက်ပျင်းတောင်ချမိပါအုံးမယ်။
အပြောအဆို ဝင့်ကြွားလေလုံးထွားနေတာအဟုတ်မှတ်
လို့ကတော့ ကလေး သုံးလေးယောက်ကတော့သေချာပေါက်
အဖတ်တင်လိမ့်မယ်😁😁 ဒီလိုဆိုရင်တော့ ဘဝဆိုတာကြီး
က ပိုကြီးလာပီပေါ့ ပြောမိပီဆို ချင့်ချိန်ပါ စဉ်းစားပါ ဖြစ်အောင်
လုပ်ပါ ဖြစ်နိုင်မယ်ထင်မှပြောပါ စဉ်းစားကတည်းက အဆိုးရော
ထဲ့တွေးပါ အဆိုးနဲ့အကောင်းက အမြဲတွဲနေတယ်လေ အကောင်း
ကြီးပဲတွေးပီး ပြောလိုက်လို့ဖြစ်မလာရင် ဂွမ်းပီပေါ့ 😁😁။
ခုကျွန်တော်ကတော့ ဘဝကိုစိန်ခေါ်လိုက်ပီဗျာ နူးညံ့တဲ့ဘဝ
ကိုခဏတာလေးဖြတ်သန်းခဲ့ဖူးတယ် ကြမ်းတမ်းတဲ့ဘဝဖြတ်သန်း
လိုက်ရတာ 8နှစ်ရှိပီး အစကေတော့ အေးအေးဆေးဆေးပဲ ခုမရ
တော့ဘူးဗျ ကျွန်တော် မိန်းမယူမယ်လို့ဆုံဖြတ်လိုက်လို့😁😁
ကျွန်နော့ချစ်သူက ဆင်းဆင်းရဲရဲမနေချင်ဘူးတဲ့ ဟုတ်မှာပဲလေဗျာ
သူတို့ကချမ်းသာတာကိုဗျ မိဘတွေနဲ့နေတာကိုး ကျွန်နော်ကတော့
မိဘတော့ရှိပါတယ် ငယ်ငယ်ကတည်းကကွဲနေကျတာဆိုတော့
တကောင်ကြွက်နေနေတာပေါ့ဗျာ ကဲ အခုတော့ လွယ်လွယ်လေး
နဲ့ နေလို့မရတော့ဘူး ငွေဆိုတဲ့အရာကို မိတ်ဆွေဖွဲ့တော့မယ် သူ
ကအရေးကြီးဆုံးမိတ်ဆွေပေါ့😁 ဘယ်အတိုင်းအတာထိ ရှာနိုင်
မလဲ ဖြစ်နိုင်မလဲ ဘယ်လောက်ကြမ်းကြမ်းတမ်းတမ်းလျှောက်ရမ
လဲ စဉ်းစားတွေးတောပီး ဘဝကိုစိန်ခေါ်လိုက်ပါတယ်ဗျာ။
လိုချင်တဲ့အတိုင်းအတာအထိ ကြိုးစားရအောင်လုပ်မယ်
ဖြစ်အောင်လုပ်မယ် တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်
ရမည်တဲ့ သူငယ်ချင်းမိတ်ဆွေညီအကိုမောင်နှမတွေလဲ ဘဝကို
အကောင်းဆုံးဖြတ်သန်းနိုင်ကျပါစေဗျာ ကျွန်တော်chitmgmg
မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Sort:  

good post လေးပါအကို

အားပေးနေပါတယ်ဗျ

အောင်မြင်ပါစေ

ရုန်းကန်နေရတာကိုက ဘဝရဲ့အနှစ်သာရပါ

အောင်​မြင်​ပါ​စေ bro

အားပေးနေပါတယ်

အရေးအသားကောင်းတယ်

Good ​ဒေ

ကောင်းတယ်​ဗျ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 62108.97
ETH 1765.22
USDT 1.00
SBD 0.38