အသိတရားနဲ့ သတိထားကြစေဖို့

in #writing7 years ago

ဖြူစင် ရိုးသားတဲ့ ( တစ်နည်းအားဖြင့် )
ရိုးအ တဲ့ ကျေးလက်ဒေသ
အညာသူ အညာသားများအတွက် …
( ဆရာကြီးများ ကျော်သွားနိုင်ပါသည် )

ကျနော်က အကျိုးတော်ဆောင်တစ်ဦးမို့
အမည်အမှန် ဓါတ်ပုံအမှန်နဲ့ 
နေရပ်လိပ်စာ ဖုန်းနံပါတ်ပါအထိ
အတိအကျရေးပြီး FB သုံးပါတယ် ။

တစ်နေ့ ရုံးမှာ အလုပ်လုပ်နေရင်း
ဖုန်းနံပါတ် အစိမ်းတစ်ခု ဝင်လာပါတယ် …

@ ဟုတ်ကဲ့ … အမိန့်ရှိပါ ခင်ဗျာ …

© ကိုမျိုးမြင့်အောင် 
       ဟုတ်ပါသလား ခင်ဗျာ …

@ ဟုတ်ကဲ့ ကျနော် မျိုးမြင့်အောင်ပါ …

© ကိုမျိုးမြင့်အောင်ရေ …
      ဝမ်းသာစရာပါ ခင်ဗျာ 
ကျနော်တို့ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပရိုမိုးရှင်းပွဲမှာ
ကိုမျိုးမြင့်အောင် ကံစမ်းမဲ ပေါက်ပါတယ် …

@ ဗျာ … … …

ကျနော်သေချာပြန်စဉ်းစားကြည့်တယ် ။
ဘယ်တော့ဖြစ်ဖြစ် ကံမကောင်းတတ်လို့
ဘာကံစမ်းမဲမှလည်း မလုပ်မိပါဘူး …
ဘာ ဆက်ပြောမလဲ နားထောင်ဦးမှပါလေ ။

@ ဟုတ်ကဲ့  အဲ့ဒီတော့ ပြောပါခင်ဗျာ …

©အဲ့ဒါ ကျနော်တို့ကုမ္ပဏီကထုတ်တဲ့
     ဖုန်း ကံစမ်းမဲပေါက်ပါတယ် …
( ကုမ္ပဏီနာမည်ကျ အသံကခပ်ဝါးဝါးပါ )
ဆင်းကဒ် နှစ်မျိုး ၊ မန်မိုရီကဒ် အပါအဝင်
မှန်မကွဲတိပ် ၊ ဘလူးတူနားကြပ်
ဖုန်းကာဗာ အပိုပစ္စည်းအပြည့်အစုံနဲ့
ကုမ္ပဏီရောင်းဈေး 230000 ကျပ်တန်ကို
ပရိုမိုးရှင်းချပေးတဲ့အနေနဲ့
130000 ကျပ်နဲ့ ရောင်းပေးမှာပါ ။

@ ဟုတ်ကဲ့ … အဲ့ဒီတော့ 

© ဒီအစီအစဉ်ကို စိတ်ဝင်စားရင်
     ဘဏ်ကနေ ငွေလွှဲပေးရပါမယ် ။
လွှဲငွေရောက်တာနဲ့ ကျနော်တို့ ကုမ္ပဏီက
အိမ်အရောက် ဝန်ဆောင်မှုပေးသွားမှာပါ …

@ အင်းးးးးးး ကျနော့်ညီမတစ်ယောက်က
Cctv . Computer နဲ့ ဖုန်း အရောင်းဆိုင်တစ်ခု
ဖွင့်ထားတာ ရှိပါတယ် ။
ကျနော့်အနေနဲ့ ကြိုက်တဲ့ဖုန်းကို
ဘယ်လောက်တန်ပဲ ဖြစ်နေပါစေ
ဝယ်စရာမလိုပဲ ကိုင်လို့ရနေပါတယ် 
( ဟဲ ဟဲ  ကြုံလို့ လျှောက်ကြွားတာ )
ကံစမ်းမဲ ပေါက်တာမို့ ပရိုမိုးရှင်းအနေနဲ့
မေတ္တာလက်ဆောင် ပေးမယ်ဆိုရင်တော့
စလင်း ဒါရိုက် ဘယ်ကားနဲ့ မဆို
တင်ပေးလိုက်နိုင်ပါတယ် …
တန်ဆာခ ကျနော် ရွေးယူလိုက်ပါ့မယ် …
ကျနော့်နာမည်နဲ့ ဖုန်းနံပါတ်လည်း
သိနေပြီးသားဆိုတော့ အဲ့လိုပို့ပေးရင်သာ
ဆက်သွယ်ပေးပါ ခင်ဗျာ …   ဆိုတော့

© စိတ်မကောင်းပါဘူးခင်ဗျာ …
      ကျနော်တို့ကုမ္ပဏီက မေတ္တာလက်ဆောင်
ပေးဖို့ ညွှန်ကြားချက် မရှိပါဘူးခင်ဗျာ ။
နောက်ထပ် မဲပေါက်တဲ့သူကို
ဆက်သွယ်ပေးရဦးမှာမို့ ခွင့်ပြုပါဦးဗျာ …

ဆိုပြီး  ဖုန်းချသွားပါလေရော … … …

ဒါကြောင့် ကျနော်တို့လို ရိုးသားတဲ့
ကျေးလက်က တောသူတောင်သားတွေ
ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ရင်
သတိထား ရှောင်ရှားနိုင်ကြစေဖို့ … … 
အလိုလောဘနောက် မလိုက်မိစေပဲ
ရောင့်ရဲလွယ်ကြစေဖို့ ရည်ရွယ်ရင်း … … …

လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ …

                
@yemin
Sort:  

This post has received a 0.43 % upvote from @drotto thanks to: @yemin.

Release the Kraken! You got a 2.53% upvote from @seakraken courtesy of @yemin!

Coin Marketplace

STEEM 0.17
TRX 0.12
JST 0.027
BTC 62033.06
ETH 3004.78
USDT 1.00
SBD 2.48