အ​ခြေပြုပဋ္ဌာန်းတရား​တော်​ အပိုင်း( ၆ )

in #writing6 years ago

ဒုတိယ​နေ့ အဆက်

ဂ၀ံဝ သိင်္ဂိ​နော သိင်္ဂံ၊ ၀ဍ္ဎမာနဿ ၀ဍ္ဎတိ။
ဧ၀ံ မန္ဒဿ ​ပေါသဿ ၊ ဗာလဿ
အ၀ိဇာန​တော။
ဘိ​ယျော တဏှာ ပိပါသာ စ၊
ဝဍ္ဎမာနဿ ၀ဍ္ဎတိ။

နွားမှာ ဦးချို​ပေါက်​လာ​တော့ ဒီချိုက​လေး
က တိုသွားတယ်​မရှိဘူး၊နွားအ​ကောင်​အထည်​ကြီး​လေ ချိုရှည်​​လေ၊ ဘယ်​​တော့
မှ ဒီချိုဟာ ပြန်​တိုမသွားဘူး၊ဒီလိုပဲတဲ့၊
လူသတ္တ၀ါ​တွေ ဆိုကြစို့၊ နဂိုတုန်းက
ကာမတဏှာ ချိုက​လေး ပါလာတယ်​၊
လူအရွယ်​ကြီးလာ​လေ​လေ တဏှာ​လောဘ ကြီးလာ​လေပဲ၊ တစ်​ခါ ရှိ​သေး
နေရာ​ဒေသက တဏှာ​လောဘကြီးတဲ့
ဒေသဆိုယင်​ ဘုန်းကြီးက စဉ်းစားတယ်​၊
ဘိုး​တွေ ဘွား​တွေ လက်​ထက်​က မလို
ချင်​တတ်​ကြဘူး၊ဘာဖြစ်​လို့တုန်းဆို​တော့
လိုချင်​စရာ အာရုံမှ မရှိဘဲ၊ ​မော်​​တော်​ကားမှ မရှိဘဲနဲ့ ​မော်​​တော်​ကားလိုချင်​တဲ့
တဏှာမဖြစ်​ခဲ့ဘူး၊ အုတ်​တိုက်​ကြီး​တွေနဲ့
ဒီလိုပဲ များများစားစား မရှိ​တော့ အုတ်​တိုက်​လိုချင်​တဲ့တဏှာ မဖြစ်​ခဲ့ဘူး၊
အဲ မာတုဂါမ​တွေ သူတို့ကလည်း အလွန်
တရာ ပြင်​ကြဆင်​ကြတာ မဟုတ်​၊ အမျိုးသား​တွေကလည်း အလွန်​တရာပြင်​ကြဆင်​ကြတာမဟုတ်​​တော့ သူတို့က
"ဆိုင်းဦးဟဲ့ အသက်​နှစ်​ဆယ်​​လောက်​၊
ဆိုင်းဦးဟဲ့ အသက်​အစိတ်​​လောက်​"
ဆိုယင်​ ​နေ​နိုင်​ကြတယ်​၊ သူတို့က ထိန်း
်​နိုင်​ကြတယ်​၊ခု​ခေတ်​ကျ​တော့​လေ ​မော်
တော်​ကားလိုချင်​၊ လိုချင်​တာက ​လောဘ၊
တိုက်​ကြီးတာကြီး​တွေ လိုချင်​တဲ့ ​လောဘက တိုးလို့၊ ပြီး​တော့ က​လေး​တွေ
ငယ်​ငယ်​ကတည်းက အ​မေ​တွေက
ဆင်​ကိုဆင်​​ပေး​နေကြတယ်​။

လှလိုက်​တာ ၊ ၀လိုက်​တာ၊ ငါ့သမီး​လေး
လှလိုက်​တာ ၊ ​တော်​ကြာ​ ​ကျောင်းသူက​လေးဖြစ်​လာ၊ လှလိုက်​တာ နဲ့ သွား​နေတာ
တော်​​တော်​ကြာ ထိန်းမရ သိမ်းမရဖြစ်​ပြီး
တော့ ဒီ​လောဘ​တွေ လွန်​ကဲပြီိး အပျက်​အစီးထိ​အောင်​ ဖြစ်​သွားကြတယ်​၊ဒါ ကာလ ​ဒေသလိုက်​ပြီး​တော့ အာရုံ ​တွေ
က​ပြောင်း ၊ အာရုံ ​ပြောင်း​တော့ ​လောဘ​တွေက တိုးတက်​လာတယ်​ ၊ ဒီ​လောဘက
ဒီနိုင်​ငံ​လောက်​က​လေးရယ်​ ၊ နိုင်​ငံခြား
ကျ​တော့ ဒါထက်​ လိုချင်​ လာတယ်​၊
သူတို့နိုင်​ငံခြား အာရုံ ​တွေက သိပ်​ကြီး
တာကိုး၊ သိပ်​ပြီး​တော့ နိုင်​ငံခြားက လူ​တွေက လိုချင်​တယ်​၊ ရူပါရုံလှလှကို
လှသထက်​ လှ​အောင်​၊ လှသထက်​လှတာ​တောင်​မှ ရိုးရိုးလှရုံတင်​မဟုတ်​ဘူး၊
အင်​မတန်​ကို မထိန်းနိုင်​မသိမ်းနိုင်
ညေးက ​လောဘဖြစ်​​အောင်​ကို အလှလုပ်​ကြတယ်​။

အဲ ...ဂန္ဓာရုံ ​တွေ၊ ​မွှေးကြိုင်​သမျှ ​မွှေးကြိုင်
သထက်​ ​မွှေးကြိုင်​​အောင်​ အ​မွှေး​တွေ
လုပ်​ကြတယ်​၊
တစ်​ခါ ရသာရုံ ​တွေ အရသာ ​ကောင်း
သထက်​​ကောင်း​အောင်​လုပ်​ကြတယ်​၊
ရှေးတုန်းက မဖြစ်​ခဲ့တဲ့ ​လောဘ​တွေက
အခု ပိုလာတယ်​၊

ဒေါသ​တွေကြီးလာတယ်

လောဘသာ ပိုလာလားဆို​တော့ ​ဒေါသလည်း ပိုလာတာပဲ၊
အခုကြည့်​​လေ ​ဒေါသ​တွေ ပြင်းထန်​လိုက်​တာ ၊ သတ်​ဖြတ်​မှု​တွေ ဘယ်​​လောက်​များသလဲ၊ ဟို​ရှေးတုန်းက ( ဘုန်းကြီး တို့
က​လေးတုန်းက)သတ်​ဖြတ်​မှုနဲ့ စပ်​ပြီး​တော့ ရာဇ၀တ်​မှုဟာ တစ်​နှစ်​မှ ( ၇ ) မှု
လောက်​ပဲရှိတယ်​၊ တစ်​နှစ်​( ၇ ) မှု​လောက်​ ရှိတာ​တောင်​များလိုက်​တာ
ယခု တစ်​ရက်​ ( ၇ ) မှု​လောက်​၊ ဒီလို ဖြစ်​လာပြီ၊ တစ်​ရက်​ ( ၇ ) မှု​တောင်​ ကချင်​မှကမယ်​၊ အဲဒါ ဘာ​ကြောင့်​တုန်း၊ အင်​မတန်​ အာရု့က ကြီးကျယ်​လာတယ်​၊
အင်​မတန်​ကြီးကျယ်​​တော့ ​လောဘက
အင်​မတန်​ ကြီးကျယ်​လာတယ်​၊ ​လောဘဖြစ်​တဲ့အလခါတိုင်း ​ဒေါသက လိုက်​လာတယ်​။

ဒီနည်းနဲ့ ​ဒေါသဟိတ်​​တွေကလည်း ကြီး
ကျယ်​ပြီး အကုသိုလ်​ ​တွေက များလာ
တယ်​၊ ဒီနိုင်​ငံတွင်​လားဆို​တော့ ကမ္ဘာမှာ
စစ်​​တွေ တဖြည်းဖြည်း နဲ့ သတ်​လိုက်​တာ၊
တကတည်း အပြုံလိုက်​အပြုံလိုက်​ ၊ ​ဒေါ
သ​တွေဖြစ်​လိုက်​ကြတာ၊​လောဘ​တွေက
လည်း ကြီးကျယ်​လိုက်​တာ၊ ​ဒေါသ​တွေ
ကလည်း ကြီးကျယ်​လိုက်​တာ၊ "သွားမယ်​"
ဘုန်းကြီး တိုလက သိပါရဲ့ ၊ ​လောကကြီး
ဘယ်​လိုဖြစ်​ဖြစ်​ သွား​တော့မှာပဲ၊ အစိတ်
အပိုင်း အနည်းငယ်​က​လေးသာ ထိန်း
ကြ​တော့ ၊ ​လောဘကြီး​တော့ တဖြည်း​ဖြည်း ပြင်းထန်​လာပြီ၊ စိတ် ​တွေကလည်း
လောဘအလိုအတိုင်း ပြင်းထန်​လာပြီ၊
လောဘအတိုင်း အလိုမကျ​တော့ ​ဒေါသ
က ၀င်​လာပြီ ၊ ​ဒေါသ၀င်​လို့လည်း
အကုသိုလ်​ ​တွေက ပြင်းထန်​လာပြီ၊
စိတ္တဇ ရုပ်​​တွေ ဖြစ်​​တော့လည်း ​ဒေါသ
အလိုအတိုင်း စိတ်​​တွေက မထိန်းနိုင်​​တော့
ရုပ်​​တွေကပါ မထိန်းနိုင်​​လို့ သတ်​ကြ ဖြတ်​ကြတယ်​ဆိုတဲ့ အဖြစ်​မျိုး​ရောက်​တယ်​၊
လောဘအတိုင်း မထိန်းနိုင်​လို့ လွန်​လွန်​ကျူးကျူး​တွေ ဖြစ်​လာကြတယ်​။

ပြီး​တော့ ဘုန်းကြီးတို့က ပုဂ္ဂိုလ်​ သတ္တ၀ါ
မရှိဘူး၊ ဒီအာရုံနဲ့ ဒီစိတ်​​တွေပဲ ရှိတယ်​၊
ဒီအာရုံ ​သောင်းကျန်းသ​လောက်​ ​သောင်းကျန်းပြီး လိုက်​လာတယ်​၊
အနည်းငယ်​ ဉာဏ်​ ရှိတဲ့ ပုဂ္ဂိုလ်​များကသာ
"ကမ္ဘာကြီး ဘာဖြစ်ဖြစ် ဖြစ်​ပါ​စေ၊
လောကကြီး ဘာဖြစ်​ဖြစ်​ ဖြစ်​ပါ​စေ၊
တို့ မဖြစ်​ကြနဲ့ တို့​တ​တွေ မဖြစ်​ကြနဲ့"
"တို့ အစားအ​သောက်​​တွေ တို့ သတိထား
ကြ၊ ​ချွေတာကြ၊ တို့ အ​နေအထိုင်​​တွေ
သတိထားကြ၊ တို့ ကုသိုလ်​တရား​တွေ
တိုးပွား​အောင်​ ​မေတ္တာပို့ကြ၊ တို့ ကုသိုလ်​တရား​တွေ တိုးပွား​အောင်​ ငါးပါးသီလ
ကြိုးစားထိန်းလိုက်​ကြ၊ တို့ ကုသိုလ်​တရား​တွေ တိုးပွား​အောင်​ ၊ ပါရမီတရား တိုးပွား
အောင်​ တရားနှလုံးသွင်း​နေကြ"

ဒီလို သွား​နေရတယ်​ ၊ လမ်းသွား​နေရတယ်​၊ ​လောကကြီးက​တော့
ကြီးကျယ်​လိုက်​တာက​တော့ ဘုန်းကြီးတို့
သိပါရဲ့ သိပါရဲ့ ၊ ​လောဘကြီးကျယ်​​နေတာ၊ ​ဒေါသ ကြီးကျယ်​​နေတာ၊
မာန်​မာန ကြီးကျယ်​​နေတာ၊တစ်​​ယောက်
တစ်​​ယောက်​ မနာလိုတဲ့ ဣဿာ ကြီး
ကျယ်​​နေတာ၊ တစ်​​ယောက်​ တစ်​​ယောက်
ကို ၀န်​တို​နေတဲ့ မစ္ဆရိယ. ကြီးကျယ်​​နေတာ။

ရှေးတုန်းက​တော့ ​မောင်​နှမချင်း စိတ်​၀မ်း
မကွဲဘူး၊ခု​တော့ ကွဲလိုက်​ကြတာ၊ကွဲလိုက်​ကြတာ၊ ​လောဘ​ကြောင့်​ ​ဒေါသ​တွေက
နောက်​ကလိုက်​​နေတယ်​၊ ​လောဘ​ကြောင့်​ ဣဿ မစ္ဆရိယ ​တွေ​နောက်​ကလိုက်​လို့ အကုသိုလ်​ ​တွေဖြစ်​​နေကြ
တယ်​၊ ကဲ..အဲဒီ အာရုံကလည်းပဲ
ရှေးတုန်းက​တော့ ဘုန်းကြီးတို့​ကျေး​တောမှာ ကြီးကြီးကျယ်​ကျယ်​ ဘာမှ
ရှိလှတယ်​ မဟုတ်​ဘူး၊ ​တော်​ပါ​ပေတယ်
ပေါပါ​ပေတယ်​ဆိုတဲ့ လူ​တွေပဲ ​ကျောင်း​တွေ​ဆောက်​ ဘုရား​တွေတည်​၊ အ​မွေကလည်း ဘယ်​​လောက်​မှမရဘူး၊
ဒီ​တော့ သူတို့​လောဘကလည်း ခပ်​နည်း
နည်းပဲ၊ ကုသိုလ်​စိတ်​​တွေ များလိုက်​တာ
များလိုက်​တာ ၊ စိတ်​ချမ်းသာလိုက်​တာ။

လောဘ​နောက်​လိုက်​က ပျက်​စီးခြင်း

ခု​နောက်​ပိုင်းမှာ ​လောဘ​တွေက သိပ်​ကြီး
လာကြပြီ၊ ​လောဘအလိုမကျလို့ ​ဒေါသ​တွေက သိပ်​ကြီးလာကြပြီ၊တစ်​​ယောက်​နဲ့
တစ်​​ယောက်​မနာလိုတာက​ဆွေမျိုးချင်း
က စပြီး​တော့ မနာလို၊ "ဖြစ်​ပြီ ဖြစ်​ပြီ
ဖြစ်​​တော့မှာပဲ၊ထိန်းလို့မရဘူး၊ အလိမ္မာ
တစ်​​ယောက်​တ​လေ ၊ ဉာဏ်​ ရှိတဲ့
တသ်​​ယောက်​တ​လေ၊ တစ်​အိမ်​ တ​လေပဲ
ထိန်းရ​တော့မယ်​"

ခု​ခေတ်​သွားပုံက ​လောကကြီးလည်း ပျက်
သာသနာ​တော်​ကြီးလည်း ပျက်​​နေတယ်​။
ပျက်​ရုံနဲ့ရပ်​သွားတယ်​ဆိုယင်​​တော့ ဘုန်းကြီးက အ​နေသာကြီးပါ၊ အခုက သာသနာ​တော်​ကြီးကလည်း ဆုတ်​လာတယ်​၊ လူ​​တွေက အကုသိုလ်​ ​တွေ
တိုးပွားလာတယ်​၊ရဟန်း​တွေလည်း
ခေတ်​နဲ့အညီ​နေချင်​တယ်​၊ "အရှင်​ဘုရားဟာက ​ခေတ်​မမီ​တော့ဘူး ၊ တပည့်​​တော်​တို့ သွားပါရ​စေ​တော့ "လို့ ဆိုပြီး
သွားကြလည်း ဘုန်းကြီးက တရားနှလုံး
သွင်း​နေမယ်​၊ စာ​တွေကြည့်​​နေမယ်​၊
ဘယ်​​လောက်​များ ချမ်းသာလိုက်​မလဲ၊
ဘုန်းကြီးက​လေ တစ်​​ယောက်​တည်း​နေမှာ။

မာဂဏ္ဍိယသုတ်

ဒီတရား​တွေက ဒီ​လောက်​ပါ​နေမှ​တော့
ဒီတရား​တွေလွန်​ပြီး ဘုန်းကြီး မလိုက်​နိုင်​ဘူး၊ နည်းနည်း စဉ်းစား၊
တစ်​ခါတုန်းက ဗုဒ္ဓ မြတ်​စွာနဲ့ မာဂဏ္ဍိယ
ဆိုတဲ့ ဗြာဟ္မဏပဏ္ဍိတ်​ ​တွေ့ကြတယ်​၊
ဒီဗြာဟ္မဏတို့ရဲ့ ထုံးစံက​တော့ ရူပါရုံ
ကြည့်​ရမယ၊်​ သဒ္ဒါရုံ နား​ထောင်​ရမယ်​၊
ဒါတိုးပွားမှုပဲ၊ တိုးတက်​မှုပဲ၊ ကြီးကျယ်​မှုပဲ
ရှင်​​ဂေါတမက ဒါ​တွေ မလိုက်​စားရဘူးဆို​တော့ ကြီးကျယ်​မှု​တွေကို ဖျက်​​နေတာပဲ၊
ရှင်​​ဂေါတမဟာ ​လောကကြီးကို ဖျက်​​နေတာပဲ၊ သူတို့က ဒီလို ယူဆကြတယ်​။
ဒါနဲ့ ဗုဒ္ဓ မြတ်​စွာနဲ့ ​တွေ့ကြ​ရော၊​တွေ့လို့ စကားစပ်​​တော့ "ဟုတ်​ပါတယ်​၊ ဒီလိုပဲ ယူဆပါတယ်​"။

ဗုဒ္ဓ မြတ်​စွာက "စက္ခုံ ​ခေါ မာဂဏ္ဍိယ
ရူပါရာမံ ရူပရတံ ရူပသမ္ဗုဒိတံ__
မာဂဏ္ဍိ _စက္ခုပသာဒဆိုတာ ရူပါရူံကို
အင်​မတန်​ နှစ်​သက်​တယ်​၊ စက္ခုပသာဒက ရူပါရုံရှိမှ ​နေတတ်​တယ်​၊
စက္ခုပသာဒက ဒီရူပါရုံကို ဘယ်​​လောက်​များ သ​ဘောကျ​နေတုန်းဆို​တော့ ကိုယ့်​ကို​ခြောက်​လှန့်​တဲ့ ရန်​သူလာတာ​တောင်
ကြည့်​ရမှ ​ကျေနပ်​တယ်​၊ကိုယ့်​ကို နှိပ်​စက်​မည့်​သူလာတာ​တောင်​ ကြည့်​လိုက်​ရမှ
ကျေနပ်​တယ်​၊ စက္ခုပသာဒက အဲသလို
ရူပါရုံအ​ပေါ်မှာ ​မွေ့​လျော်​​တယ်​။

သောတပသာဒကလည်း သဒ္ဒါရုံ ​ပေါ်မှာ
အင်​မတန်​​မွေ့​လျော်​တယ်​။နား​ထောင်​​နေတယ်​။"​ဟော..မင်းကို ဆဲ​နေတယ်​ဗျ"
သူက စိုက်​နား​ထောင်​​နေတယ်​၊ ဆဲ​နေ
တာကို စိတ်​ မချမ်းသာမှန်းသိတယ်​၊
သိ​နေ​ပေမယ့်​ သဒ္ဒါရုံဆိုရင်​​သောတပသာဒ က နား​ထောင်​လိုက်​ရမှ၊
"ဆဲ​နေတယ်​ ..အင်း..ဟုတ်​တယ်​၊ သူ ငါ့ကို ဆဲ​နေတယ်​"၊ ဆဲ​နေတာကို သူက
နား​ထောင်​ရမှ ​ကျေနပ်​တယ်​၊သဒ္ဒါရုံကို
အင်​မတန်​ ​မွေ့​လျော်​တယ်​။

တစ်​ခါ ဃာနပသာဒ ကလည်း အနံ့ ရကို
ရမှ၊ "အင်း..နံလိုက်​တာ၊ အမယ်​ ဟုတ်
တယ်​ နံလိုက်​တာ"၊ သိလား၊ နံတယ်​ဆို
တာကိုပဲ သူက ဒီအနံ့ကို ရှူရဦးမှ၊
မွှေးကြိုင်​တာ​တော့ မ​ပြောနဲ့ ။

တစ်​ခါ အရသာကျ​တော့ "ဟင်​ မ​ကောင်း
လိုက်​တာ ဘယ့်​နှယ်​၊ ဟင်းကလည်း
ဘယ့်​နှယ်​တုန်း ​ပေါ့လိုက်​တာ"
"အင်း...ပြစမ်း ပြစမ်း"
မ​ကောင်းပါဘူးဆို သူက ပြစမ်း..ပြစမ်း
ဆိုပြီး စားလိုက်​​သေးတယ်​။

ကာယပသာဒကလည်း ​ဖောဋ္ဌဗ္ဗာရုံကို
ဒီလိုပဲ အင်​မတန်​ ထိချင်​ ​တွေ့ချင်​တယ်​၊
အင်​မတန်​ ထိချင်​ခတ်​ချင်​တယ်​၊ အဲ့သလို...။

ဒါ​ကြောင့်​မို့ ဗုဒ္ဓ မြတ်​စွာက"မာဂဏ္ဍီ...
နဂိုကမှ သတ္တ၀ါ ​တွေရဲ့ စိတ်​က အာရုံ
တွေကို ​မွေ့​လျော်​​နေတာဖြစ်​​တော့ ဒီ
အာရုံ​တွေ တိုးပွား​အောင်​လုပ်​ရင်​ အကုန်
ဒုက္ခများကုန်​မှာ​ပေါ့" ခုအများ​နေတဲ့ အတိုင်း အာရုံ​တွေတိုးပွား​အောင်​လုပ်​ယင်
ဒုက္ခ များမှာ​ပေါ့ လို့ ဒီအာရုံ​တွေကို စက်
ဆုပ်​ပြီး​တော့ ​အေး​ဆေး​နေ တဲ့ နည်း
ပြောပြမယ်​ဆိုပြီး ​ပြောပြတယ်​။

လူတစ်​​ယောက်​က နူနာ ဖြစ်​​နေတယ်​၊
နူနာစွဲ​နေတယ်​၊နူနာကလည်းပဲ အရည်
တွေယိုလို့၊ သူကဘာလုပ်​တုန်းဆို​တော့
( ယားလွန်းလို့ ယားလွန်းလို့)ကုတ်​ပြီး​တော့ မီးသွားကင်​တယ်​၊ မီးကျီး​ကောင်း​ကောင်းနဲ့ ကင်​လိုက်​တာ၊ အရည်​က
နည်းနည်း ​ခြောက်​သွားတယ်​၊ အတွင်းက
ထ တဲ့ ပိုး​တွေက ​နောက်​ဆုတ်​သွားတယ်​၊
အဲဒီတင်​..အယား​ပျောက်​သွား​ရော...
နေပြန်​​ရော နူနာ​ပျောက်​တာမဟုတ်​ဘူး
အယား​ပျောက်​တာ​နော်​၊​တော်​​နေကြာ​တော့ ပြန်ယားလာပြန်​တယ်​၊ ပိုး​တွေက ထ၊ အရည်​ပြန်​ထွက်​၊ မီးကျီးသွားကင်​၊
နောက်​​တော့ ​ရောဂါက တိုးလာလိုက်​တာ၊
ခဏ​လေးသက်​သာတယ်​၊ ​ရောဂါကတိုး
အရည်​ပြန်​ထွက်​။
ဒါနဲ့ မဖြစ်​ပါဘူးဆိုပြီး ​ဆေး​ကောင်း​ကောင်း
ကုတတ်​တဲ့ ဆရာနဲ့ ကုလိုက်​တာ ​ရောဂါ
ပျောက်​သွားတယ်​၊ ​နောက်​ မီးကျီးခဲ
ကောင်း​ကောင်းကြီး​တွေ​တွေ့​တော့
မိတ်​​ဆွေ က"​ဟေ့ ကိုယ့်​လူ..လာ​ဟေ့
ဟိုမှာ မီးကျီးခဲ ​တွေ ​မောင်​ရာ၊ ကင်​စရာ
ကောင်းလိုက်​တာ" "ဟာ..မလုပ်​ပါနဲ့
မောင်​ရာ" အတင်းလက်​ဆွဲပြီး "လာပါ
ဟိုတုန်းက မီးကျီး​တွေမြင်​လို့ရှိယင်​ မ​နေ
နိုင်​ မထိုင်​နိုင်​၊ မင်း ​ပြေးပြီး​တော့ မီးကင်
တဲ့ လူပါကွ ၊ ဟိုမှာ မီးကျီး​တွေ"
"ဟာ.မလုပ်​ပါနဲ့ ၊ ဟိုတုန်းကသာ ငါ့အနာ
မ​ပျောက်​လို့ ကင်​ခဲ့တာပါကွာ ၊ အခု
ငါ့မှာ အနာမရှိဘဲနဲ့ ဒီမီးကျီး​တွေက ငါ့ကို ဒုက္ခ ​ပေး​နေတာကွ၊ ငါ့ ဒုက္ခ ​ပေး​နေတာ..."။

အဲ ရူပါရုံ ​တွေ သာယာ​နေတယ်​ဆိုတာ
အနူမို့လို့ မီးကင်​တာတဲ့ ၊ အနူမီးကင်​တာ၊
ရူပါရုံ ​တွေ သာယာပြီး​တော့ ရူပါရုံ ​တွေ
လိုက်​စား​နေတယ်​ဆိုပါ​တော့ ၊ ပွဲကြည့်​​နေတယ်​၊ ဒီပွဲ ​ကောင်းလိုက်​တာ ဆိုတဲ့
ဟာ ပွဲကြည့်​ချင်​​နေတာ၊ တီးသံမှုတ်​သံကြားရင်​ မ​နေနိုင်​မထိုင်​နိုင်​ အနာက
ထ လာတာ၊ အဲဒါဆို သွားကြည့်​တာက
မီးကင်​တာ၊ "အဲ ​တော်​ပြီ ပိုက်​ဆံကုန်
ပင်​ပန်းတယ်​ ​နောက်​မကြည့်​​တော့ဘူး"
ဆိုပြီး ​လေးငါးရက်​​နေလိုက်​တယ်​၊​နောက်
ဟိုက ဒီက တီးသံမှုတ်​သံကြား​တော့
အနာက ထလာပြန်​​ရော၊ သွားကြည့်​အုံးမှပဲ၊ အနာက မ​လျော့ဘူး၊ခဏ​လေး
အဆာ​ပြေသလိုရှိတယ်​၊ ​နောက်​ သွား
ပြန်​တာပဲ၊ ဒီပုံ ဒီနည်းနဲ့​တော့ ဒီ​ရောဂါ
မ​ပျောက်​ဘူး၊ ​နောက်​​တော့ ကိုင်း...
မဖြစ်​ဘူး၊ သီလထိန်းပြီး​တော့ တရားထိုင်​မှပဲ၊ ဒီရုံပါရုံ ဒီပွဲလမ်းသဘင်​ရဲ့ အပြစ်​ကို
ကောင်း​ကောင်းမြင်​တဲ့ အခါ ကျ​တော့
ဟိုက တီးသံကြားလည်း သူ ဘာမှ မဖြစ်​​တော့ဘူး၊ "လာ​ဟေ့ သွားကြည့်​ကြရ​အောင်​" "ဟာ မလုပ်​ပါနဲ့ကွာ ရှက်​စရာ
ကြီး"
"မင်း ဟိုတုန်းက ​တော့ မင်းသွားတာ
အခုက သိပ်​​ကောင်းတာ
အရင်​ကထက်​သာတယ်​"
"အို မထူးပါဘူးကွာ ငါ့မှာ ပိုက်​ဆံကုန်​​သေး၊ လူလည်းပန်း​သေး၊ဟိုတုန်းက
နားမလည်​လို့ပါကွာ၊ ခု​တော့ ငါ မသွား
တော့ဘူး"
အဲသလို​ပေါ့၊ ကာမဂုဏ်​ အာရုံ​တွေ
ခံစားတဲ့ သူ​တွေကလည်း ဒီထဲမှာ သူတို့
ရောဂါ ထ ​နေကြတယ်​၊ ဒီ​ရောဂါ ကြီးကျယ်​တုန်း​တော့ ဒီသတ္တ၀ါ​တွေ
ဒီလိုပဲ ​နေကြမှာပဲ။

ဘာပြုလို့ ဆို အနူကိုး၊အနူဆို​တော့ သူတို့က​ရောဂါထလိုက၊်​ ကုတ်​လိုက်​၊
သူတို့ကကုတ်​လိုက်​၊ ​ရောဂါထလိုက်​၊
ရူပါရုံ လှလှ​လေး သွားကြည့်​လိုက်​၊
သဒ္ဒါရုံ ​လေး သွားနား​ထောင်​လိုက်​၊ ဂန္ဓာရုံ ​မွှေးကြိုင်​တာ​လေးနဲ့ စားကြ၊ ​သောက်​ကြ ၊​နေကြ ၊ထိုင်​ကြ ၊အနာ​တွေ ​လျော့သလား
မ​လျော့ဘူး၊ အနာ​တွေ တိုး​နေတာပဲ၊ ​နောက်​​တော့ မစွမ်းနိုင်​လို့သာ သူတို့​လျော့သွားတာ စိတ်​က​တော့ မ​လျော့ဘူး
ဒီနည်းနဲ့ ဒီ​ရောဂါက ဘယ်​​တော့မှ မ​လျော့ဘူး၊ တရားကိုလိုက်​ပြီး​တော့
ကြိုးကြိးစားစားနဲ့ အားထုတ်​လိုက်​မှ
ဒီ​ရောဂါ သက်​သာမယ်​၊ တရား​တွေရပြီး
ဒီ​ရောဂါမဖြစ်​ဘဲ​နေမယ်​ဆိုတာ ဘုန်းကြီး
တို့တရား​တော်​က သိတယ်​၊ ဒါကို
ဗုဒ္ဓမြတ်​စွာ က ​ဟောတယ်​၊
image
@yemin
photo credit:google
@zappl

Sort:  

စာအရှည်​ကြီး ​ရေးနိုင်​တာ ​လေးစားပါတယ်

ဟုတ်​ bro

Congratulations! This post has been upvoted from the communal account, @minnowsupport, by yemin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank you

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57630.83
ETH 3105.65
USDT 1.00
SBD 2.33