အုန်းပင်

in #writing6 years ago

လူသားတို့အတွက် အသုံးပြုနိုင်စရာပစ္စည်း အမျိုးမျိုး ရရှိနိုင်သောအပင်ကို ညွှန်ပြပါဟုဆိုလျှင် အုန်းပင်ကို ညွှန်ပြကြရပေလိမ့်မည်။ အုန်းပင်တစ်ပင်လုံးတွင် မည်သည့် အသေးစိတ်အပိုင်းကိုမျှ အသုံးမပြုရဟူ၍ မရှိသလောက်ဖြစ် သဖြင့် အသုံးပြုစရာ ပစ္စည်းအမျိုးမျိုးရနိုင်သော အုန်းပင်ကို ပဒေသာပင်ဟု အချို့ကတင်စားကြသည်။ စီးပွား ကုန်သွယ်ရေးသမားများကမူ ကမ္ဘာပေါ်တွင် အုန်းပင်ထက်ပို၍ စီးပွားကုန်သွယ်ရေးဘက်၌ အသုံးဝင်သောအပင်မရှိဟူ၍ အသိ အမှတ်ပြုထားကြလေသည်။

ယင်းသို့ လူတို့သုံးနိုင်စားနိုင်သော ပစ္စည်းများရရှိနိုင် သည့် အုန်းပင်တို့သည် ကမ္ဘာ့အပူပိုင်းဇုန်ဒေသများတွင် နေထိုင်ကြ သည့် လူမျိုးများစွာတို့သည်လည်း အုန်းပင်ထွက်ပစ္စည်း များကို အများဆုံးအသုံးပြုကြသည်။ ကမ္ဘာ့အုန်းထွက်ပစ္စည်း ထက်ဝက် ခန့်ကို အပူပိုင်းဇုန်ဒေသနိုင်ငံများက သုံးစွဲသည်ဟု ဆိုကြ သည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အချို့ကျွန်းများသည် အုန်းပင် များသာ ပေါက်ရောက်ခြင်းမရှိပါက လူနေအိမ်ခြေပင် ရှိမည် မဟုတ်ချေ။အုန်းပင်သည် မူလပေါက်ရောက်ရာ ဒေသများမှ တစ်ဆင့် တစ်ဆင့် ပျံ့နှံ့ပေါက်ရောက်ခဲ့ရာ ယခုအခါ ကမ္ဘာ့အပူပိုင်းဒေသ များတွင်သာမက အပူလျော့ပိုင်းဒေသများ၌လည်း အတော် အသင့် တွေ့ရသည်။ ထိုအပင်များသည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိသည့် ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက်နှင့် မြစ်ချောင်းကမ်းပါးတို့၌ ပိုမိုဖြစ်ထွန်းသည်။ အုန်းပင်များဖြစ် ထွန်းရန်အတွက် ရာသီဥတုနှင့်အရပ်ဒေသ သင့်လျော်ရုံမျှနှင့် မလုံလောက်သေးပေ။ မြေအမျိုးအစားကိုလည်း ထည့်သွင်းပြော ရပေမည်။ ယင်းအပင်တို့သည် မြစ်နုကျွန်းမြေ၊ နုန်းမြေအမျိုး အစားကို နှစ်သက်သည်။ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ အုန်းပင်များဖြစ်ထွန်းခြင်းသည် ပင်လယ်ဆားငန်ရည်ကြောင့်ဟု အချို့ကယူဆသည်။ စင်စစ် ထိုဒေသများ၌ အုန်းပင်များ အသီး ကောင်းခြင်းသည် ပင်လယ်ဆားငန်ရည်ကြောင့်မဟုတ်ဘဲ၊ ရေခိုး ရေငွေ့များ⁠များပါသော ပင်လယ်လေရရှိခြင်းကြောင့်ဟု အချို့က ဆိုပြန်သည်။ ထို့အပြင် ပင်လယ်လေသည် အဆက်မပြတ် တိုက်ခတ်နေသောကြောင့် အုန်းပန်းခိုင်အဖူးများသည် အရင်းထိ အောင်ကွဲသွားကြရာ၊ အုန်းဖူး၌ပါရှိသော အမပွင့်များအတွက် မျိုးကူးယှက်ရန် အခွင့်အခါကောင်းရရှိစေသောကြောင့် ပင်လယ် ကမ်းနားမှ အုန်းပင်များအသီးထွက်ကောင်းသည်ဟုဆိုကြသည်။ ရေသွင်းစိုက်ပျိုးပါက ကုန်းခေါင်⁠ခေါင်အရပ်၌ပင် အုန်းပင်များ ပေါက်ရောက်နိုင်သော်လည်း အသီးထွက်တွင်မူမကောင်းလှချေ။ အုန်းပင်သည် ယေဘုယျအားဖြင့် ခြောက်နှစ်ခုနစ်နှစ် သားခန့်တွင် အသီးစ၍သီးသည်။ သို့သော် အသီးကောင်း ကောင်း သီးသည်အရွယ်မှာ ၁၅ နှစ်သားခန့်တွင်ဖြစ်သည်။ အပင်သက်သည် နှစ် ၇ဝ မှ ၈ဝ တိုင်အောင် ရှည်ပြီးလျှင် နှစ်စဉ်တစ်ပင်လျှင် ပျမ်းမျှအသီး ၅ဝ မှ ၆ဝ အထိ သီးလေ့ရှိ သည်။ တစ်နှစ်လျှင် တစ်ပင်မှ အသီး ၂ဝဝ ခန့်ထွက်သော အုန်းမျိုးလည်း ရှိသေးသည်။ ထို့ကြောင့် အုန်းပင်ကိုစိုက်ထား လျှင် တစ်သက်လုံး အမြတ်ရသွားနိုင်သည်ဟုဆိုကြခြင်းဖြစ် သည်။ အုန်းပင်သည် ရာသီဥတု၏ဒဏ်ကိုခံနိုင်ရည်ရှိ၍ အခြား အပင်များကဲ့သို့ ကရိကထခံပြီးလျှင် အစဉ်တစိုက် ပြုစုစိုက်ပျိုး နေရသော အပင်မျိုးမဟုတ်ချေ။မြန်မာနိုင်ငံတွင် အုန်းတစ်ပင်လုံးကို မဆိုထားဘိ အုန်းသီးတစ်လုံးကိုပင် ရှေးခေတ်ကစ၍ အမျိုးမျိုးအဖုံဖုံ အသုံး ကြွယ်ခဲ့ကြပုံကို ဦးတိုး၏ ရာမရကန်မှထုတ်နှုတ်ချက်ဖြင့် ရှေ့ တွင်ဖော်ပြခဲ့ပြီ။ မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာပွဲသဘင် များ၌ ပါရစမြဲဖြစ်၍ မြန်မာလူမျိုးတို့ အမွန်မြတ်ထားသည့် ကန်တော့ပွဲတွင် အုန်းသီးသည် အဓိကအဖြစ်အလယ်တွင် တင့်တယ်ခန့်ညားစွာ ပါရှိသည်ကို တွေ့ရသည်။ ထို့ပြင် အုန်းပန်းအုန်းညွန့်တို့ကိုလည်း မြန်မာတို့၏ ထုံးတမ်းစဉ် ပွဲသဘင်များ၌ အမွန်အမြတ်ထားကာ သုံးစွဲကြ သည်။

ယင်းသို့ဖြင့် အုန်းသီး၊ အုန်းပန်း၊ အုန်းရွက်တို့သည် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့၌ မပါမပြီးသော ပစ္စည်း အရပ်ရပ်တို့ဖြစ်ခဲ့လေသည်။ မြန်မာမုံ့ပဲသရေစာတို့တွင်လည်း အုန်းသီးနှင့်ကင်းသော အစားအသောက်များကား နည်းပါးလှပေသည်။ အုန်းအတွင်း သား (အုန်းသီးဆန်)၊ အုန်းနို့ (အသားကိုခြစ်၍ည|စ်ယူခြင်း)၊ အုန်းရည်တို့ကို မုံ့အမျိုးမျိုးပြုလုပ်ရာ၌ အသုံးပြုကြ၍ နှစ်ခြိုက် စွာ စားသောက်ကြလေသည်။အုန်းသီး၏အကျိုးကျေးဇူးများ ပြင်ဆင်
အုန်းသီးသည် လူတွေအတွက်အလွန်အကျိုးပြုပါသည် သွေးတွင်းသကြားဓတ်အားထိန်းသိမ်းပေးခြင်း၊ ကိုလက်စရော အားလျှော့ချပေးနိုင်သောအစွမ်းရှိခြင်း၊ ရေဓတ်ထိန်းသိမ်းပေးခြင်းနှင့်။အရေးပေါ်သွေးရေကြည်သွင်းဖို့လိုအပ်နေသူများတောင်မှအုန်းရည်ဖြစအစားသွင်းကုသနိုင်ပါသည်။

Screenshot_20181205-200604.jpg

Sort:  

Congratulations @waywaymoee! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You made more than 10 upvotes. Your next target is to reach 50 upvotes.
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.17
TRX 0.12
JST 0.027
BTC 61251.21
ETH 2951.27
USDT 1.00
SBD 2.52