အုန်းပင်

in #writing6 years ago

လူသားတို့အတွက် အသုံးပြုနိုင်စရာပစ္စည်း အမျိုးမျိုး ရရှိနိုင်သောအပင်ကို ညွှန်ပြပါဟုဆိုလျှင် အုန်းပင်ကို ညွှန်ပြကြရပေလိမ့်မည်။ အုန်းပင်တစ်ပင်လုံးတွင် မည်သည့် အသေးစိတ်အပိုင်းကိုမျှ အသုံးမပြုရဟူ၍ မရှိသလောက်ဖြစ် သဖြင့် အသုံးပြုစရာ ပစ္စည်းအမျိုးမျိုးရနိုင်သော အုန်းပင်ကို ပဒေသာပင်ဟု အချို့ကတင်စားကြသည်။ စီးပွား ကုန်သွယ်ရေးသမားများကမူ ကမ္ဘာပေါ်တွင် အုန်းပင်ထက်ပို၍ စီးပွားကုန်သွယ်ရေးဘက်၌ အသုံးဝင်သောအပင်မရှိဟူ၍ အသိ အမှတ်ပြုထားကြလေသည်။

ယင်းသို့ လူတို့သုံးနိုင်စားနိုင်သော ပစ္စည်းများရရှိနိုင် သည့် အုန်းပင်တို့သည် ကမ္ဘာ့အပူပိုင်းဇုန်ဒေသများတွင် နေထိုင်ကြ သည့် လူမျိုးများစွာတို့သည်လည်း အုန်းပင်ထွက်ပစ္စည်း များကို အများဆုံးအသုံးပြုကြသည်။ ကမ္ဘာ့အုန်းထွက်ပစ္စည်း ထက်ဝက် ခန့်ကို အပူပိုင်းဇုန်ဒေသနိုင်ငံများက သုံးစွဲသည်ဟု ဆိုကြ သည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အချို့ကျွန်းများသည် အုန်းပင် များသာ ပေါက်ရောက်ခြင်းမရှိပါက လူနေအိမ်ခြေပင် ရှိမည် မဟုတ်ချေ။
အုန်းလက်သည် ငှက်မွေးပုံရွက်ပေါင်းဖြစ်၍ အုန်းလက် တစ်လက်သည် ၁ဝ ပေမှ ပေ ၂ဝ အထိ ရှည်လျားသည်။ စိမ်း စို၍ရှည်လျားသော အရွက်များ ရွက်ဆိုင်ထွက်ရာ အုန်းလက်တံ သည် အရွက်များကင်းရှင်းသော အရင်းပိုင်း၌ အသားထူထဲ ကြီးမား၍ တဖြည်း⁠ဖြည်းအဖျားရှူးသွားသည်။ အရွက်များ၏ ပုံသဏ္ဌာန်သည် ထိ်ပ်ဖျားသွယ်ချွန်သော လှံစွပ်ပုံရှိသည့် ကြိုး ပြား⁠ပြားနှင့်တူသည်။ မာကျော၍ဖြောင့်တန်းသော အရွက်ကြော သည် အလယ်တည့်⁠တည့်၌ ထင်ရှားပေါ်လွင်စွာ ပါရှိလေသည်။ အုန်းပင်သည် တစ်ပင်တည်းမှ အဖိုပွင့် အမပွင့်လိင်စုံ ပါသော ပန်းခိုင်မျိုးပွင့်၍ ပန်းခိုင်၏အရောင်သည် အဖြူသန့် သန့်မဟုတ်ဘဲ အဝါရောင်နှောသော ဆင်စွယ်ရောင်မျိုးဖြစ် သည်။ အုန်းပန်းခိုင်များကို ဘောက်တူပုံသဏ္ဌာန်နှင့်တူသော ပန်းခိုင်ဖုံးက ဖုံးအုပ်ထားသည်။ ပန်းခိုင်၏အရင်းပိုင်းတွင် အမ ပွင့်များပွင့်၍ အဖိုပွင့်များသည် ပန်းခိုင်၏အခက်များတွင် ပွင့် ကြလေသည်။
အပူပိုင်းဇုန်ဒေသလူမျိုးများ အသုံးများသော အုန်းပင် သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစု များ၌ မူလစတင်ပေါက်ရောက်ခဲ့သည်ဟု ဆိုကြသည်။ အချို့ ကမူ မလ္လာယုကျွန်းဆွယ်သည် အုန်းပင်များ မူလစတင်ပေါက် ရောက်ရာဒေသဟု ဆိုကြသည်။ ယင်းသို့ဖြင့် အုန်းပင်သည် အာရှတိုက်၌ မူလပေါက်ရောက်ခဲ့သည်ဟူသောအဆိုကို အများ က လက်ခံထားခဲ့သော်လည်း အဆိုမူကွဲတစ်ခုလည်း ပေါ်ပေါက် ခဲ့လေသည်။

အဆိုမူကွဲအရ အုန်းပင်၏ရုက္ခဗေဒအမည်သည် ကိုကို့ နျူစီဖာရာဖြစ်ရာ ကိုကို့မျိုးခွဲဝင် အုန်းပင်နှင့် မျိုးတူနွယ်တူ အပင်များစွာတို့သည် တောင်အမေရိကတိုက်၌ မူလစတင်ပေါက် ရောက်ခဲ့သည်ကို သုတေသနပြုလုပ် သိရှိခဲ့ကြရသဖြင့် အုန်းပင် သည်လည်း တောင်အမေရိကတိုက်၌ မူလစတင်ပေါက်ရောက် သော အပင်မျိုးဖြစ်နိုင်စရာအကြောင်းရှိသည်ဟု ဆိုပေသည်။ အုန်းပင်သည် ထန်းပင်၊ ပေပင်တို့နှင့် အနွယ်တူဖြစ်၍ ပါလမေစီအီး မျိုးရင်းတွင်ပါဝင်သည်။ ၁၂ ရာသီ အမြဲစိမ်း လန်းနေပြီးလျှင် များသောအားဖြင့် ဖြောင့်မတ်၍ မြင့်မားသော ပင်စည်ရှိသည်။ အချို့ အုန်းပင်မျိုးတို့သည် အမြင့်ပေ ၁ဝ⁠ဝ ကျော်မျှရှိကြသည်။ ပင်လုံး၌ အရစ်⁠အရစ်များရှိ၍ အကိုင်း အခက်များ ကင်းရှင်းသည်။ ပင်စည်၏ထိပ်တွင် အုန်းလက်ဟု ခေါ်သော အလက်များသည် စုပြုံ၍ထွက်ကြသည်။ အုန်းပင် တစ်ပင်တွင် အုန်းလက် ၂ဝ မှ ၂၅ အထိရှိတတ်သည်။ အလက်နုများသည် အတွင်းဘက်၌ရှိ၍ အလက်ရင့်များသည် ဘေးပတ်လည်၌ ခပ်ညွှတ်⁠ညွှတ်ကလေးကိုင်းလျက် ဝေ⁠ဝေဖြာဖြာ ထွက်နေကြရာ အုန်းပင်၏အနေအထားသည် တစ်မျိုးတစ်မည် အားဖြင့် ကြော့ရှင်းလှပေသည်။
အုန်းပင်သည် မူလပေါက်ရောက်ရာ ဒေသများမှ တစ်ဆင့် တစ်ဆင့် ပျံ့နှံ့ပေါက်ရောက်ခဲ့ရာ ယခုအခါ ကမ္ဘာ့အပူပိုင်းဒေသ များတွင်သာမက အပူလျော့ပိုင်းဒေသများ၌လည်း အတော် အသင့် တွေ့ရသည်။ ထိုအပင်များသည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိသည့် ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက်နှင့် မြစ်ချောင်းကမ်းပါးတို့၌ ပိုမိုဖြစ်ထွန်းသည်။ အုန်းပင်များဖြစ် ထွန်းရန်အတွက် ရာသီဥတုနှင့်အရပ်ဒေသ သင့်လျော်ရုံမျှနှင့် မလုံလောက်သေးပေ။ မြေအမျိုးအစားကိုလည်း ထည့်သွင်းပြော ရပေမည်။ ယင်းအပင်တို့သည် မြစ်နုကျွန်းမြေ၊ နုန်းမြေအမျိုး အစားကို နှစ်သက်သည်။ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ အုန်းပင်များဖြစ်ထွန်းခြင်းသည် ပင်လယ်ဆားငန်ရည်ကြောင့်ဟု အချို့ကယူဆသည်။ စင်စစ် ထိုဒေသများ၌ အုန်းပင်များ အသီး ကောင်းခြင်းသည် ပင်လယ်ဆားငန်ရည်ကြောင့်မဟုတ်ဘဲ၊ ရေခိုး ရေငွေ့များ⁠များပါသော ပင်လယ်လေရရှိခြင်းကြောင့်ဟု အချို့က ဆိုပြန်သည်။ ထို့အပြင် ပင်လယ်လေသည် အဆက်မပြတ် တိုက်ခတ်နေသောကြောင့် အုန်းပန်းခိုင်အဖူးများသည် အရင်းထိ အောင်ကွဲသွားကြရာ၊ အုန်းဖူး၌ပါရှိသော အမပွင့်များအတွက် မျိုးကူးယှက်ရန် အခွင့်အခါကောင်းရရှိစေသောကြောင့် ပင်လယ် ကမ်းနားမှ အုန်းပင်များအသီးထွက်ကောင်းသည်ဟုဆိုကြသည်။ ရေသွင်းစိုက်ပျိုးပါက ကုန်းခေါင်⁠ခေါင်အရပ်၌ပင် အုန်းပင်များ ပေါက်ရောက်နိုင်သော်လည်း အသီးထွက်တွင်မူမကောင်းလှချေ။ အုန်းပင်သည် ယေဘုယျအားဖြင့် ခြောက်နှစ်ခုနစ်နှစ် သားခန့်တွင် အသီးစ၍သီးသည်။ သို့သော် အသီးကောင်း ကောင်း သီးသည်အရွယ်မှာ ၁၅ နှစ်သားခန့်တွင်ဖြစ်သည်။ အပင်သက်သည် နှစ် ၇ဝ မှ ၈ဝ တိုင်အောင် ရှည်ပြီးလျှင် နှစ်စဉ်တစ်ပင်လျှင် ပျမ်းမျှအသီး ၅ဝ မှ ၆ဝ အထိ သီးလေ့ရှိ သည်။ တစ်နှစ်လျှင် တစ်ပင်မှ အသီး ၂ဝဝ ခန့်ထွက်သော အုန်းမျိုးလည်း ရှိသေးသည်။ ထို့ကြောင့် အုန်းပင်ကိုစိုက်ထား လျှင် တစ်သက်လုံး အမြတ်ရသွားနိုင်သည်ဟုဆိုကြခြင်းဖြစ် သည်။ အုန်းပင်သည် ရာသီဥတု၏ဒဏ်ကိုခံနိုင်ရည်ရှိ၍ အခြား အပင်များကဲ့သို့ ကရိကထခံပြီးလျှင် အစဉ်တစိုက် ပြုစုစိုက်ပျိုး နေရသော အပင်မျိုးမဟုတ်ချေ။
အထက်ပါ ဦးတိုး၏အုန်းသီးအသုံး အဖွဲ့အနွဲ့အရ ရှေးခေတ်ကပင် အုန်းသီး၏အသုံးဝင်ပုံ မည်မျှများပြားသည်ကို သိရပေသည်။ အုန်းတစ်ပင်လုံး၏ အသုံးမပါသေးချေ။ စက်မှု လက်မှု တိုးတက်ထွန်းကားလာသော ယခုခေတ်တွင် အုန်း အသုံးသည် ပိုမိုကျယ်ပြန့်လာလေသည်။ အုန်းအပေါ်ခွံကို အုန်း ဆံပြုလုပ်၍ အုန်းဆံကြိုး၊ ခြေသုတ်ဖုံ၊ ကော်ဇော၊ မွေ့ရာ၊ ထိုင်ဖုံ အမျိုးမျိုးသော အသုံးအဆောင်တို့ကို ပြုလုပ်သုံးစွဲကြရ သည်။ အုန်းမှုတ်ခွံ (အစေ့ခွံ) ကို ယောကျာ်း မိန်းမတို့တပ်ဆင် ရန် ကြယ်သီး၊ ပုတီး၊ စိပ်ပုတီး စသည်တို့ပြုလုပ်ကြသည်။ အုန်းသီး၏အတွင်းသား၊ အုန်းသီးဆံကိုကား မုံ့ပဲသရေစာအမျိုး မျိုး ပြုလုပ်ရာ၌ ထည့်သွင်းအသုံးပြုရသည်သာမက ဆီကြိတ်၍ ခေါင်းလိမ်းရန်၊ ဟင်းချက်ရန်၊ ဆပ်ပြာချက်ရန်တို့၌ အသုံးပြု ကြသည်။

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း ကျွန်းစုများတွင် နေထိုင်ကြသူ များအဖို့ အုန်းသီးသည် ယင်းတို့၏ အဓိကအစာအာဟာရ ဖြစ်သည်။ သူတို့အတွက် ရာသီဥတုမှကာကွယ်ရန် နေအိမ် အဆောက်အအုံများ၊ ရန်သူကို ကာကွယ်ရန် လက်နက်အပြင် တံမြက်စည်း၊ တောင်း၊ ပလုံးစသော အိမ်သုံးပစ္စည်းအမျိုးမျိုးကို အုန်းပင်ထွက် ပစ္စည်းများဖြင့် ပြုလုပ်သုံးဆောင်ကြသည်။ အုန်း ပင်၏ပင်လုံးနှင့် အုန်းလက်၊ အုန်းရွက်များကို နေအိမ်ဆောက် လုပ်ရာ၌ အသုံးပြုကြရသည်။ ရေလမ်းခရီးသွားလာရာ လှေ ငယ်များကိုလည်း အုန်းပင်၏ပင်လုံးကိုထွင်း၍ ပြုလုပ်ကြသည်။ ရှေး⁠ရှေးက ပစိဖိတ်ကျွန်းသားတို့သည် အုန်းရွက်များကို ရက် လုပ်၍ ဝတ်ဆင်ခဲ့ကြသေးသည်။ ယခုအခါတွင်သာ အုန်းထွက် ပစ္စည်းများကို ရောင်းချခြင်းဖြင့် ခေတ်သုံးပစ္စည်း အဝတ် အထည် အသုံးအဆောင်တို့ကို သုံးစွဲလာကြခြင်းဖြစ်သည်။ အုန်းထွက်ပစ္စည်းများအနက် စီးပွားရေးလောကတွင် အရေးပါအရာရောက်သော ပစ္စည်းမှာ အုန်းသီးဆန်ခြောက်ဖြစ်၍ ကမ္ဘာ့ဈေးကွက်တွင် ကိုပရာဟုခေါ်သည်။ အုန်းသီးဆန်ခြောက် ရရှိရန် အုန်းသီး အပြင်ခွံမာနှင့် အုန်းဆံမျှင်များကို ခွာထုတ်၍၊ အစေ့ခွံကို ထက်ပိုင်းခွဲချလိုက်ရသည်။ ထိုထက်ခြမ်းခွဲမှ အုန်း သားကိုခွာထုတ်၍ နေလှန်းခြင်းဖြင့်လည်းကောင်း၊ ပေါင်းတင် ခြင်းဖြင့်လည်းကောင်း ခြောက်သွေ့အောင်ပြုလုပ်ပြီးလျှင် ဂုံနီ အိတ်များတွင်ထည့်သွင်းကာ နီးစပ်ရာ ကုန်သည်ပွဲစားများမှတစ် ဆင့် ကမ္ဘာအရပ်ရပ် တင်ပို့ရောင်းချလေသည်။
… ခုနောက်ဆုံးမှာ၊ အုန်းသီးတစ်လုံးကို၊ လူသုံးသရွေ့၊ ယဉ်နန်းစေ့အောင်၊ နောက်ရှေ့ဝေဘန်၊ အသုံးကိုပြန်လိုက်မည်၊ အပေါ်ယံအုန်းခွံကို၊ ဒွန်သ မာသ်ပုဒ်သင့်၊ ဘွင့်သာမှဘွင့်လတံ့၊ ရှိနှင့်ရှိဦး၊ မကူး မယှက်၊ အုန်းမျက်နှာဝ၊ ဂုံးမအရုပ်၊ ဆေးခွက်လုပ် ကပ်၊ ရက်ကန်းတတ်မရှင်မှာ၊ သူ့အသုံးဝင်ရော့၊ အုန်းပင်ပေါက်ဆံချည်ထွေး၊ လုံး⁠လုံးကလေးမှကောက်၊ ကောင်းကျိုးပေးစိတ်တတ်၊ ကြာကလပ်ပန်းရှုပ်၊ သင် ပုတ်ပွဲဆန်းဆန်း၊ ဆွမ်းပုံ့⁠ပုံ့အလယ်မှာ၊ ကြယ်ပြောင်လို တင်ထား။ အနားမှာလည်း ဆဲ့ကိုးမြေ|ာင့်၊ စလင်း ထောင့်စီရန်၊ အကျန်ကိုယိုကျို၊ တမြေ|ာင့်ကိုလက်ဘက် ပွဲ၊ မကြော်ဘဲလည်းတချို့၊ ယာဂုဖို့ သုံးလေးစိတ်၊ ဆေးကြိတ်ဖို့အကြွင်း၊ အုန်းထမင်းချက်ရန်၊ ဆံလိမ်း ရန် ဆီနယ်၊ မငယ်စေနှင့်မုံ့ထုပ်မှာ၊ တမြေ|ာင့်မြှုပ် နှစ်မြေ|ာင့်မြှုပ်၊ ဘက်ထုပ်တွင်လည်းဖြူနီ၊ အုန်းဆီပုတ် မှာ၊ ခြေပူနာသုတ်စရာ၊ ကွမ်းယာနှင့်တချို့စား၊ဆိုစရာ များသေး၏။ အသားသုံးရန်၊ သည်နှင့်တန်စေ၊သောက် ရေမှုတ်မှာ၊ ကွဲပြန်သော့ခါ၊ ပဋိသင်္ခါ သေနာသနံ၊ ပိဏ္ဍပါတံ၊ စီဝရံ၊ တေရသကံ၊ ဓူတင်မောင်ရှင်၊တို့ခင် နှင့်ဘုန်းကြီးမှာ၊ စိတ်ပုတီးလုပ်ကြွင်း၊ မြင်းပတီးပွတ်၊ လက်စွပ်ဘူးထား၊ ဘလားဆံထိုး၊ သွားဆိုးဘို့မီးဖုတ်၊ နောက်ဆုံး ဘုတ်မီးသွေး၊ ဆေးရေးဘို့မှင်၊ ယခင်က အုန်းခွံကို၊ ကောင်းမွန်လှစေ၊ ရေစိမ်သည့်အရည်နှင့်၊ ဖျင်ထည်မှာဆွတ်ရလျှင်၊ လက်ကျပ်ဝတ်အင်္ကျီ၊ ပင်နီ မသာဘူး၊ ဘွာတာ⁠တာအုန်းဆံ၊ တစ်ချို့ကို လှေထေး ရန်၊ တစ်ချို့ကိုမီးစာခံ၊ သည့်အားလုံးအကျန်၊ သင်္ဘော သားကုံထံ၊ ကျစ်ဆံနီကျောက်ဆူးကြိုး၊ အဘိုးမှာ အာကာ၊ ဆယ်လံကိုတစ်ပိဿာ၊ အုန်းသီး တစ်လုံးကို၊ အသုံးတွေစုလိုက်သည့်၊ သူ့ပညာ …… ။Screenshot_20181209-091655.jpgScreenshot_20181209-091649.jpg

Sort:  

Congratulations @waiwaichocho! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 50 upvotes. Your next target is to reach 100 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57899.97
ETH 3059.62
USDT 1.00
SBD 2.29