စပျစ်သီးဖျော်ရည်

in #writing6 years ago

~စပျစ်သီး ဖျော်ရည် ~

စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရ ဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာ သန်စွမ်းမှုကို ရရှိ စေပါတယ်...ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန် စေပြီး သွေးလှည့် ပတ်မှုကို ကောင်း မွန် စေပါတယ်...

၁။စပျစ်ဖျော်ရည်မှာ ...

အင်တီ အောက်ဆီးဒင့် ဖလေဗိုးနွိုက်နဲ့ ရက်စ်ဗာရ ထရောတို့ အများအပြား ပါဝင်နေပါတယ်။ ဒီအစွမ်းထက် အင်တီအောက်ဆီးဒင့် နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့ အပြင် စိတ်ချမ်းသာမှုကို ရရှိစေကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်။ အနီရောင်နဲ့ ခရမ်းရောင် စပျစ်သီး ထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် ပမာဏဟာ အစိမ်းရောင် စပျစ်သီးမှာထက် ပိုများပါတယ်။

၂။စပျစ်သီး ဖျော်ရည်က...

သွေးတွင်းမကောင်းတဲ့ကိုလက်စထရောအဆင့်ကို လျော့ကျ စေပါတယ်။ လေ့လာမှုအရ စပျစ်သီးဖျော်ရည်က သွေးဖိအားကို ထိန်းပေး နိုင်ကြောင်း သိရ ပါတယ်။

၃။တက်ဖ် တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ ...

စပျစ် ဖျော်ရည်ကို ပုံမှန် သောက်တာက ဦးနှောက်ရဲ့လှုပ်ရှားမှုကို ကောင်းမွန် စေကြောင်း သိရပါတယ်။

၎။တခြား လေ့လာမှုတွေ အရ...

နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေ ခံစား နေရတဲ့ လူနာတွေဟာ စပျစ်သီး ဖျော်ရည်ကို ပုံမှန် သောက်တာကြောင့် အကျိုးကျေးဇူး ရနိုင်ကြောင်း သိရပါတယ်။

၅။စပျစ် ဖျော်ရည်ဟာ...

စွမ်းအင် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်း ပေးနိုင်တာကြောင့် လန်းဆန်း တက်ကြွမှုကို ရရှိစေပါတယ်။ သံဓာတ် ချို့တဲ့နေတဲ့ အမျိုးသမီး တွေဟာ စပျစ်ဖျော်ရည် သောက်တာကြောင့် စွမ်းအား ကောင်းစေ ပါတယ်။

၆။စိတ်ဖိစီးမှု များနေသလား...

စပျစ် ဖျော်ရည်တစ်ခွက် သောက်လိုက်ရင် ဖိစီးမှု လျော့ကျပြီး လန်းဆန်း သွားပါ လိမ့်မယ်။

၇။သွေးတွင်း ကိုလက် စထရော အဆင့် မြင့်မားနေရင်...

စပျစ် ဖျော်ရည်ကို နေ့စဉ် ပုံမှန် သောက်ပါ။

၈။စပျစ် ဖျော်ရည်ကို ပုံမှန် သောက်နေသူ တွေက...

ဝမ်းမှန်မှန်သွားစေပြီးအသည်းနဲ့အရေပြားကျန်းမာ ရေးကို ကောင်းမွန် စေပါတယ်။

၉။စပျစ် သီးမှာပါတဲ့ ရက်စ်ဗာရ ထရောဟာ...

အယ်လ်ဇိုင်းမား ရောဂါရှိသူတွေမှာ amyloidal-beta peptides အဆင့် လျော့ကျ စေတာကြောင့် ဦးနှောက် ကျန်းမာရေး ကောင်းမွန် စေပါတယ်။

၁ဝ။စပျစ်သီးမှာ...

ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ကူးစက် ပိုးဝင်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

၁၁။စပျစ်သီး မှာပါတဲ့ ဖလေဗိုးနွိုက်တွေ က...

မျက်စိ အတွင်းတိမ် ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ Tip! အဆင်သင့် စပျစ်သီး ဖျော်ရည်မှာ သကြားပါဝင်မှု မြင့်မားတာကြောင့် စပျစ် ဖျော်ရည်ကို အများအပြား မသောက်သင့်ပါ။ ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ စပျစ်သီးကို မိမိ ဘာသာ ဖျော်ရည် လုပ်ပြီး သောက်သုံး သင့်ပါတယ်။

#စပျစ်သီး (grape) ၏ ကောင်းကျိုးများ

နံနက်စောစော စပျစ်သီး ဖျော် ရည်
သောက်ပါက ခေါင်းတစ်ခြမ်း ကိုက်ခြင်း
migrane ကို သက် သာစေသည်။

#စပျစ်သီးအခွံမှာပါသော
pte-rostilbene နှင့် saponin တို့က သွေးထဲတွင် cholesterol စုပ်ယူမှုကို
ဟန့်တားပေးသဖြင့် အဆီကို ကျစေသည်။

၎င်းတွင်ပါဝင်သော resve-ratrol မှ အယ်ဇိုင်းမားရောဂါ ဖြစ် စေသော amyloidal peptide ကို လျော့စေသဖြင့် အယ်ဇိုင်းမားရောဂါ ဖြစ်မှုကို ဟန့်တားပေးသည်။

၎င်း ပြင် ဦးနှောက်ကျန်းမာရေးကို အား ပေးပြီး အာရုံကြောများ ချို့ယွင်း ပျက်စီးလာမှုကို နှောင့်နှေးစေသည်။

ကျောက်ကပ် အတွင်း သွေး ကြောများ၏
ဖိအားကို လျော့ပေး သဖြင့် ကျောက်ကပ်
ရောဂါများကို သက် သာစေသည်။

Nitric oxide level ကို မြင့်စေသဖြင့် သွေးခဲခြင်းကို ကာ ကွယ်ပေးသောကြောင့် နှလုံးရော ဂါကို ကာကွယ်ပေးသည်။

၎င်းတွင် ပါဝင်သော Anti oxidant မှ မကောင်းသောအဆီ LDL cholesterol ကို ကျစေသည်။
အစာမကျေမှုကို ကာကွယ်ပေး သည်။ ၄င်းတွင် ပါဝင်သော resver-atrol မှ ရောင်ရမ်းမှုကို လျော့စေ သည်။

ရင်သားနှင့် အူမကြီး ကင်ဆာကို ကာကွယ်ပေးသည်။ ၄င်းတွင် ပါဝင်သော anthocyanin နှင့် proanthocyanin တို့က ကင်ဆာဆဲလ် များကြီးထွားမှုကို ဟန့်တားပေးသည်။

ပါဝင်သော Flavonoid မှရေတိမ် cataract ဖြစ်ခြင်းကို ကာကွယ်ပေးပြီး အိုမင်းမှုကို လျှော့ချ ပေးသည်။

စပျစ်သီးကို တစ်နေ့ (၃)ကြိမ် စား ပါက အသက်ကြီး၍ အမြင်အာရုံချို့ ယွင်းသောရောဂါ macular degen-eration ၏ ၃၆%ကို လျော့ ချပေးသည်။

စပျစ်သီးအစိမ်းသည် iron ဓာတ် ကြွယ်ဝစွာပါဝင်သဖြင့် သွေး အားကို ကောင်းစေသောကြောင့် မောပန်းမှုကို လျော့နည်းစေသည်။

စပျစ်သီးအနီသည် ဘက်တီး ရီးယားကို သတ်သည့် အာနိသင် ရှိသည့် အပြင်

ပိုလီယိုဗိုင်းရပ်စ်နှင့် ရေယုန် ဗိုင်းရပ်စ်တို့ကို သတ်နိုင်သောအာနိသင်လည်းရှိသည်။

Credit @Health Updates Journal
စပျစ်သီးမှ ကုသပေးသော ရောဂါများ
=====================

စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

၁။ ပန်းနာ ပျောက်ကင်းစေခြင်း

ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေ ပါတယ်။ အထူးသဖြင့် စပျစ်သီး ခြောက် စားသုံးခြင်းက များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။

၂။ ဝန်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း

စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ဝမ်းချုပ် ဝမ်း ပုံမှန် သွားစေပါတယ်။

၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ကို ကုသခြင်း

ကောင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်းထားပါတယ်။ သို့ပေမယ့် ရေနည်းနည်းနဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပြီး ဦးနှောက်ကို လန်းဆန်းစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။

၎။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း

နှလုံးနဲ့ ဆက်စပ်ရောဂါအားလုံးကို တားဆီး ကာကွယ်ပေးပါတယ်။ သွေးထဲကို နိုက်ထရစ်အက်ဆစ်ဓာတ်တိုးစေတာကြေင့် သွေးလည်ပတ်မှု အားကောင်းပြီး သွေးခဲမှု မဖြစ်အောင် တားဆီး ကာကွယ် ပေးပါတယ်။ သဘာဝ antioxidant လည်း ဖြစ်တဲ့အတွက် LDL ကိုလက်စထရော level ကိုလျော့ချပေးပါတယ်။ ဒါကြောင့် သွေးလမ်းကြောင်း ပိတ်ခြင်းကို လုံးဝ မဖြစ်စေပါဘူး။ နှလုံးရောဂါ ရှိသူများအနေနဲ့လည်း စပစ်သီး ပုံမှန် မှီဝဲ စားသုံးခြင်းဖြင့် ဝေဒနာကို သက်သာစေပါတယ်။

၅။ အစာမကြေ ဝေဒနာ ပျောက်ကင်းစေခြင်း

အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ရောဂါ ဝေဒနာ မှန်သမျှကို ပျောက်ကင်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အခါ မှီဝဲ စားသုံးသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ရောဂါ ဝေဒနာများကို သက်သာ၊ပျောက်ကင်း၊ ကုသ ပေးတဲ့အပြင် စပစ်သီးမှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိနေသေးကြောင်း သိရပါတယ်။

စပျစ်သီး ဆေးဖက် ဝင်အပြုပုံ

****ကျောရိုးအောင့်ရောဂါဖြစ်လျှင်
စပျစ်သီးတစ်ခိုင်ကျနေ့စဉ်ပုံမှန်စားသုံးချင်သည်
ကျောရိုးတစ်လျောက်ဖြစ်နေသောဝေဒနာများ
သက်သာပါသည်။

*****ဝမ်းချုပ်ရောဂါ
ကျက်အောင်ကျိုထားသောနွားနို့ပူပူတွင်အစေ့
ထုတ်ထားသောစပျစ်သီးဆယ်လုံး ဆယ်နှစ်လုံး
ခန့်ထည့်ကာဝါးစားခြင်းဖြင့် ဝမ်းချုပ်ရောဂါ
ပျောက်ကင်းပါသည်။

******ကာလသားရောဂါ
စပျစ်သီးရှလကာရည်ကိုသောက်သုံးပေးပါက
ကာလသားရောဂါပျောက်ကင်းစေသည်။သတိ
ပြုရန်မှာဆီနှင့်အချဉ်ကိုရှောင်ကြဉ်ရပါမည်။

******အရေပြားရောဂါ
အေးသောရာသီတွင် စပျစ်ပင်၏အရိုးများကို
ဖြတ်၍ကျလာသောအရည်များကိုအနာများပေါ်
၌လိမ်းကျံပေးပါကဝေဒနာပျောက်ကင်းပါသည်။

******ခွေးကိုက်ခံရ၍အဆိပ်တက်လျှင်
စပျစ်ပင်ကိုပြာချ အဆိုပါပြာကို ကျောက်ချဉ်နှင့်
ရောစပ်ပြီးခွေးကိုက်သည့်နေရာတွင်လိမ်းပေးပါ
ကခွေးဆိပ်လျော့ကျပြေပျောက်စေပါသည်။

******ကျောက်တည်ရောဂါ ခံစားနေလျှင်
စပျစ်ပင်အရိုးပြာ ၆ ပဲသားတွင် ဆူးလေပဉ္စငါးပါး
၏သတ္တုရည် ရောစပ်၍သောက်ပေးပါကရက်အ
နည်းကယ်ကြာလျှင်ကျောက်တည်ရောဂါပျောက်
ကင်းပါလိမ့်မည်။သို့မဟုတ် စပျစ်ပင်၏ပဉ္စငါးပါး
ကိုပြာချ၍ ၂ ရွှေးသားခန့်သောက်ပေးနိုင်ပါသည်။

******သည်းခြေဖျား အပူလွန်ကဲခြင်းနှင့်ချောင်း
ဆိုးခြင်းရောဖြစ်နေလျှင်*****
စပျစ်သီး ၁၆ ကျပ်သား ငရုတ်ကောင်း ၁
ကျပ်သား ပိတ်ချင်းငယ် ၈ ပဲသား ဇီယာဖြူ ၉ပဲ
သား ဆားပုပ် ၁ကျပ်သားနှင့် သိန္ဓော ၁ကျပ်သား
တို့ကိုစုပါ အစေ့ထုတ်ပြီးသားစပျစ်သီးများနှင့်
ရော၍ မီးနွေးနွေးနှင့်ကျိုကာ တောဆီးသီးစေ့ခန့်
လုံး၍တစ်နေ့၃ကြိမ် တစ်ခါသောက် ၃ လုံး၎လုံး
စီပုံမှန်သောက်ပေးပါကဝေဒနာပျောက်ကင်းပါ
သည်။
*******လိပ်ဥရောင်ရောဂါ
အမျိုးသားတို့၏လိပ်ဥရောင်ရမ်းနေပါက စပျစ်
ရွက်ကိုထောပတ်ရွှဲရွှဲ သုတ်လိမ်း၍မီးနွေးနွေးနှင့်
ကင်ပြီးလိမ်းပေးပါကလိပ်ဥသည်ရောင်နေရာမှ
တဖြည်းဖြည်းပိန်၍ပျောက်ကင်းမည်။

******ချောင်းဆိုးသွေးပါဝေဒနာ
စပျစ်သီး(အနက်)နှင့်အုန်ူသီးဆံတို့ကိုစားပေးပါ
ကချောင်းဆိုးသဖြင့်သွေးစ သွေးနုများပါရပ်တန့်
သွားပါလိမ့်မည်။

******လေအောင့်ဝေဒနာ
အစေ့ထုတ်ပြီပါစပျစ်သီး ၃ကျပ်သား ချင်း၆ပဲသား
စမုန်စပါးအကြီး ၆ ပဲသား ငရုတ်ကောင်း ၃ ပဲသား
နှင့် သိန္ဓောဆား ၃ ပဲသားတို့ကိုရေအနည်းငယ်
ထည့်ကာကြိတ်ပြီးလျက်ဆားပြုလုပ်ပါ။
ထိုးဆေးကိုတစ်နေ့၂ကြိမ်ထမင်းစားသောအ
ခါထမင်းနှင့်မိမိအလိုရှိသလောက် တစ်ဇွန်း နှစ်
ဇွန်းလျက်ပေးပါ။
ဤဆေးလျက်ပေးသည်နှင့်ဝမ်းဗိုက်တွင်းရှိ
လေများ လေထိုးလေအောင့် ရောဂါများသက်
သာပျောက်ကင်းပါသည်။အမြဲကျန်းမာရလေ
အောင် ၄ ၅ ရက်တစ်ကြိမ်သုံးဆောင်ပေးသွား
သင့်သည်။
စပျစ်သီး၌ဂလူးကို့စ် သကြားဓာတ်ပါဝင်သည်။
အခြားသောအသီးများ၌မတွေ့ရှိပါ။ထိုသကြား
ဓာတ်သည်ခန္ဓာကိုယ်ဖွံ့ဖြိုးစေတတ်၏။စွမ်းအား
ကိုဖြစ်စေသည်။အလုပ်ကိုလုပ်နိုင်သောသတ္တိ
အားနှင့်ခံနိုင်ရည်အားကိုတိုးပွားစေပါသည်။

Sort:  

Congratulations @toketokegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @toketokegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @toketokegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 50 upvotes. Your next target is to reach 100 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 55157.38
ETH 2317.75
USDT 1.00
SBD 2.33