ၾံကံ ့

in #writing5 years ago

ခြေလေးချောင်းသတ္တဝါများထဲတွင် ဆင်ကလွဲလျှင် ရေမြင်း နှင့် ကြံ့တို့သည် အကြီးဆုံး ဖြစ်သည်။ ကြံ့သည် အလျား ၁၃ ပေခန့်ရှိ၍ ပခုံးအထိ အမြင့်မှာ ၆ ပေခွဲခန့် မြင့်သည်။ အလေးချိန် ၃ တန်မျှ ရှိသည်။

ကြံ့ကို အာရှတိုက်တောင်ပိုင်း၊ အာဖရိကတိုက် အလယ် ပိုင်းနှင့် တောင်ပိုင်းတို့၌သာ တွေ့ရသည်။ ကြံ့၏ ကိုယ်မှာ အလွန်ကြီးမား၍ အကြည့်ရလည်း ဆိုးသည်။ တစ်ကိုယ်လုံး၌ အရေပြားထူကြီး ဖုံးထားသဖြင့် အလွန်ချွန်ထက်မာကျောသော လှံသွား၊ ကျားခြေသည်း၊ ခြင်္သေ့စွယ်တို့ကိုပင် ကြံ့ကြံ့ခံနိုင် သည်။ ကြံ့၏ နှာတံပေါ်တွင် ချွန်ထက်မာကျောသော ဦးချို ရှိသည်။ အချို့ကြံ့မျိုးတွင် ရှေ့နောက်ယှဉ်နေသော ဦးချို နှစ်ချောင်း ရှိ၍ အချို့ကြံ့မျိုးတွင် ဦးချိုတစ်ချောင်းသာ ရှိသည်။ ဦးချိုတစ်ချောင်းနှင့်ကြံ့မျိုးကို ကြံ့ဆင်ဟု ခေါ်၍၊ ဦးချို နှစ်ချောင်းနှင့် ကြံ့မျိုးကို ကြံ့ရှော်ဟု ခေါ်ကြသည်။ ထိုခိုင်မာ သော ဦးချိုမှာ သစ်ပင်ချုံဖုတ်များကို တွန်းလှဲ ဖြိုဖျက်ရန်နှင့် ရန်သူကို ခုခံတိုက်ခိုက်ရန် အသုံးဝင်သည်။ ကြံ့သည် ပင်ကိုယ် သဘာဝအားဖြင့် ရန်လိုကြမ်းကြုတ်သော သတ္တဝါမျိုး မဟုတ် ချေ။ ရန်သူကို ရှောင်တတ်သော်လည်း စိတ်ခက်ထန်ဖွယ်ရာ တွေ့ရှိလာသည့် အခါ၊ တရှူးထိုးလိုက်တတ်သည်။ မျက်လုံး အလွန်သေး၍၊ အဝေးသို့မမြင်၊ မျက်စိလည်း မလျှင်ချေ။ သို့ရာ တွင် အနံ့ခံကောင်း၍ အနံ့သိလွယ်သည့်ပြင်၊ အလွန်နားကင်း ပါသည်။အာရှတိုက်တွင် တွေ့ရသော ကြံ့သုံးမျိုးမှာ အိန္ဒိယကြံ့၊ ဂျားဗားကြံ့နှင့် ဆူမတြားကြံ့များ ဖြစ်၏။ အိန္ဒိယကြံ့မျိုးမှာ အတန်ငယ်ရှားပါးလျက်ရှိရာ အာသံပြည်၌သာ တွေ့နိုင်တော့ သည်။ အာဖရိကတိုက်ရှိ ကြံ့မဲမျိုးနှင့်အရွယ်၊ စားသောက်ပုံ၊ စိတ်ခက်ထန်ပုံတို့ တူသည်။ သို့ရာတွင် အရေအပြားမှာ ကြံ့မဲ ထက်ပို၍ အတွန့်များပြီးလျှင် ဦးချိုမှာလည်း တစ်ချောင်း တည်းရှိ၍ အရှည်တစ်ပေခန့် ရှိသည်။ ဂျားဗားကြံ့တို့သည် အိန္ဒိယကြံ့အောက် သီသီမျှငယ်၍ အလေးချိန် တစ်တန်မျှပင် မရှိချေ။ ထိုကြံ့မျိုးမှာ ဦးချိုတချောင်းတည်းရှိသော ကြံ့ဆင်မျိုး ဖြစ်၍ ယင်းတို့ကို ဘင်္ဂလားပြည်နယ်၊ မြန်မာနိုင်ငံ၊ မလေးရှား ကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယ ကျွန်းစုတို့တွင် တွေ့ရတတ်သည်။ ဆူမတြားကြံ့မျိုးမှာ အငယ်ဆုံးအမျိုးဖြစ်၍ ဦးချိုတိုတို ၂ ချောင်း ပါရှိသည်။ အမြင့် ၄ ပေ၊ ၄ ပေခန့်ရှိတတ်၍ အလေး ချိန် တစ်တန်စီးသော အကောင်မှာ အတန်ပင် ရှားသည်။ ကိုယ်ပေါ်တွင် အထူးသဖြင့် အမြီးနှင့် နားရွက်များပေါ်တွင် အမွေးအမှင် အတော်များများ ပေါက်တတ်၏။ ယင်းတို့ကို မြန်မာနိုင်ငံ၊ ဘော်နီယိုကျွန်းနှင့် မလေးရှားကျွန်းဆွယ်တို့တွင် တွေ့ရတတ်သည်။ကြံ့၏ခြေထောက်များသည် ဆင်ခြေထောက်နှင့် ခပ်ဆင် ဆင် တူသော်လည်း ယင်းတို့၌ ခြေချောင်းသုံးခုသာလျှင် ရှိ သည်။ ကြံ့နှုတ်သီးမှာ ရှည်မျောမျောဖြစ်၍ အထက်နှုတ်ခမ်း သည် အောက်နှုတ်ခမ်းထက် ပို၍ ထွက်နေသည်။ နားရွက် များမှာ ရှည်လျား၍ ထောင်နေ၏။ တစ်ကိုယ်လုံး အမွေးမရှိ သော်လည်း၊ နားရွက်ဖျားနှင့် အမြီးဖျားတို့တွင် အတန်ရှည် သော အမွေးအမှင်များ စု၍ ပေါက်နေသည်။ အမြီးမှာ သတ္တဝါနှင့် မလိုက်အောင်ပင် တိုလေသည်။ ရှေးခေတ်က ရေခဲ ပြင်ကြီးများတွင် နေထိုင်ကြသော ကြံ့မျိုးတို့၌ကား အမွေးရှည် များ ရှိကြသည်ဟု ဆို၏။ကြံ့ဖြူကို တွေ့ရသော ဒေသတို့မှာ အာဖရိကတိုက်ရှိ ယူဂန်းဒါးနယ်နှင့် ဇူးလူးလန်တို့ ဖြစ်၏။ ကြံ့ဖြူကို နှာဖျား ကားကား၊ ပါးစပ်ကျယ်ကျယ် ရှိခြင်းကြောင့် ပါးစပ်ပြဲကြံ့မျိုး ဟူ၍လည်း ခေါ်ကြ၏။ အလျား ၁၄ ပေ၊ အမြင့် ၆ ၁/၂ ပေ ခန့်ရှိပြီး အလေးချိန် သုံးတန်နီးနီးမျှ ရှိတတ်ကြသဖြင့် ကြံ့ရှော် တွင် အကြီးဆုံးသောကြံ့မျိုး ဖြစ်သည်။ အထက်နှုတ်ခမ်းဖျားမှာ တစ်ဖြောင့်တည်းဖြစ်နေ၍၊ သစ်ရွက်သစ်ကိုင်းများကို မစားနိုင် မြက်ကိုသာ အများအားဖြင့် စားသည်။ ဦးချိုနှစ်ချောင်းအနက် အရှေ့ဖက်ရှိ ဦးချိုမှာ လက်မ ၃ဝ မှ လက်မ ၆ဝ အထိပင် ရှည်တတ်၍ နောက်ဖက်ဦးချိုမှာမူ အတန်ငယ်တိုသည်။ ကြံ့ဖြူ သည် ကြံ့မဲလောက် သျွှိမရှိချေ။ကြံ့၏ခြေထောက်များသည် ဆင်ခြေထောက်နှင့် ခပ်ဆင် ဆင် တူသော်လည်း ယင်းတို့၌ ခြေချောင်းသုံးခုသာလျှင် ရှိ သည်။ ကြံ့နှုတ်သီးမှာ ရှည်မျောမျောဖြစ်၍ အထက်နှုတ်ခမ်း သည် အောက်နှုတ်ခမ်းထက် ပို၍ ထွက်နေသည်။ နားရွက် များမှာ ရှည်လျား၍ ထောင်နေ၏။ တစ်ကိုယ်လုံး အမွေးမရှိ သော်လည်း၊ နားရွက်ဖျားနှင့် အမြီးဖျားတို့တွင် အတန်ရှည် သော အမွေးအမှင်များ စု၍ ပေါက်နေသည်။ အမြီးမှာ သတ္တဝါနှင့် မလိုက်အောင်ပင် တိုလေသည်။ ရှေးခေတ်က ရေခဲ ပြင်ကြီးများတွင် နေထိုင်ကြသော ကြံ့မျိုးတို့၌ကား အမွေးရှည် များ ရှိကြသည်ဟု ဆို၏။

Sort:  

Congratulations @sumyintmyathtun! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @sumyintmyathtun! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94