ဝါး

in #writing6 years ago

ဝါး ဆိုသည်မှာ အမြစ်ဆုံမှ အပင်များပွား၍ တစ်ခုတည်းပေါက်တတ်ပြီး ပင်စည်ကိုစိတ်ဖြာ၍ ထရံ၊ တောင်း စသည်တို့ ရက်လုပ်သော အပင် ဟူ၍ မြန်မာအဘိဓာန်မှ အဓိပ္ပာယ်ဖွင့်ဆိုထားရှိသည်။

ဝါးသည် မြက်မျိုးရင်းတွင် ဗမ်ဗူဆီအီး အုပ်စုအဖြစ်နှင့် ပါဝင်သည်။ ဝါးမျိုးစုပေါင်း (၂၀) မကရှိရာ အရေးအကြီးဆုံးမှာ ဗမ်ဗူဆာ အာရန်ဒီနေရီယာ နှင့် ဖစ်လိုစတောင်းခစ် တို့ ဖြစ်လေသည်။

ကမ္ဘာ့အပူပိုင်းဒေသများတွင် ပေါက်ရောက်လျက်ရှိသော ဝါးသည် သစ်ပင်နှင့်တူသော မြက်ဖြစ်သည်။ ထိုအပင်သည် လွန်စွာအံ့ဩ ဖွယ်ကောင်းပြီးလျှင် အလွန်လည်း လှပလေသည်။ အာရှ၊ အာဖရိကနှင့် အမေရိကတိုက်တို့တွင် ပေါက်ရောက်လျက်ရှိကြသော ဝါးအမျိုးပေါင်းမှာ ၅ဝဝ ခန့်ရှိသည်။ ဂျပန်နိုင်ငံရှိ အလွန်အေးသောဒေသများတွင် အချို့ဝါးမျိုး ပေါက်ရောက်လျက်ရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် အိမ်တစ်ဆောင်လုံးကို ဝါးဖြင့်ဆောက်လုပ်နိုင် သည့်အပြင် ထမင်းအိုးမွှေသည့် ယောက်မကိုလည်း ဝါးဖြင့်ပင် ပြုလုပ်လေ့ ရှိကြသည်။ ထမင်းအိုး၊ ဟင်းအိုးများတင်ရန် ကရွတ်များကိုလည်း ဝါး ဖြင့်ပင် ပြုလုပ်ကြလေသည်။ ဆန်ထည့်စရာနှင့် ဆန်ပြာစရာ ဗန်း၊ ထမင်းထည့်စရာ ပလုံး၊ အမဲခြောက်လှန်းသော တံစို့၊ မီးမှုတ်သည့် မီး ပြောင်းနှင့် ဈေးဝယ်ရန် လက်ဆွဲခြင်းတို့ကိုလည်း ဝါးဖြင့်ပင် ပြုလုပ်လေ့ရှိ ကြသည်။ ကောက်ညှင်းထုပ်များကို ဝါးပိုးရွက်များဖြင့် ထုပ်လေ့ရှိကြသည်။ အိမ်သုံးပစ္စည်းများဖြစ်သော ကွမ်းအစ်၊ ရေခွက်၊ ယွန်းချိုင့်၊ ကျောက်ကာနှင့် အခြားယွန်းထည်ပစ္စည်းများကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြလေသည်။ ခြံစည်းရိုး ကာရာတွင်လည်း ဝါးကို အသုံးပြုနိုင်လေသည်။ အလှကိုင်တုတ်၊ ဝါးဆေးတံ၊ ဝါးဦးထုပ်၊ ဝါးခမောက်၊ ဝါးရေကျည် တောက်နှင့် ကြိုးတို့ကိုလည်း ဝါးဖြင့် ပြုလုပ်နိုင်လေသည်။ လှည်းပေါင်းမိုး ကို ပြုလုပ်ရာတွင်လည်း ဝါးကိုပင် အသုံးချလေ့ရှိကြသည်။ လှေများတွင် လှေထိုးသားများ အသုံးပြုလေ့ရှိကြသော လှေထိုးဝါးများသည် ဝါးများပင် ဖြစ်လေသည်။ နှစ်ဖက်ချွန်ဝါး၊ လေးနှင့်မြား၊ လောက်စာလုံးနှင့် ပစ်ရသော တစ်ပင်တိုင်နှင့် နှစ်ပင်တိုင်ကိုင်းလေးမှာလည်း ဝါးကိုပင် ပြုလုပ်ထားခြင်း ဖြစ်သည်။ မီးသတ်ရန်မီးကပ်၊ ဝါးရင်းတုတ်နှင့် ရွာစည်းရိုးပတ်လည်တွင် ထောင်လိုက်စိုက်လေ့ရှိကြသော ဝါးစူးကြီးများသည်လည်း ဝါးများပင်ဖြစ် သည်။ တံငါ၊ အင်းသမားနှင့် ပိုက်သမားများ အသုံးပြုကြသော မြှုံး၊ ယင်းတန်း၊ ငါးအုပ်ဆောင်းနှင့် မုန့်ဟင်းခါးသည်၊ အညာဆီသည်၊ မုန့်လက် ဆောင်းသည်၊ ရေထမ်းသမားနှင့် အခြားအထမ်းသမားများအတွက် ပခုံး သက်သာစေသော ထမ်းပိုးမှာလည်း ဝါးဖြစ်ပစ္စည်းများဖြစ်သည်။ ဂီတ ဘက်တွင် အသုံးပြုသော ပြွေ၊ ပတ္တလားနှင့် ဝါးလက်ခုပ်တို့သည် ဝါးနှင့် မကင်းကြချေ။ တောင်ဝှေးနှင့် ချိုင်းထောက်တို့သည်လည်း ဝါးများပင်ဖြစ် ကြသည်။
ဝါးသည် အမြစ်တစ်ခုတည်းမှာ ပင်စည်ပေါင်း ၁ဝဝ ခန့်အထိ ပေါက်ရောက်နိုင်ရာ အချို့သည် ပေ ၃ဝ၊ ပေ ၅ဝ နှင့် ပေ ၁ဝဝ အထိပင် မြင့်နိုင်လေသည်။ ပေါက်ရောက်ရာတွင်လည်း အလွန်လျင်မြန်သည်။ အချို့ ဝါးမျိုးသည် တစ်နေ့အတွင်း၌ ၁ဝ လက်မအထိပင် မြင့်တက်နိုင်လေသည်။ ဝါးမှ များသောအားဖြင့် အကိုင်းများထွက်လေ့မရှိပေ။ ထိပ်ဖျားလောက်တွင် သာ အကိုင်းများသည် ချုံများသဖွယ် ဖြာထွက်လေ့ရှိသည်။ ထိုအကိုင်းများ တွင် အချို့ဝါးမျိုး၏ ဝါးပွင့်များသည် အခိုင်ကြီးများအဖြစ်နှင့် ပွင့်လေ့ ရှိသည်။ တစ်ခါတစ်ရံတွင် အချို့ဝါးပင်မှာ နှစ်တိုင်းပွင့်လေ့ရှိသော်လည်း

အချို့ဝါးပင်များကမူ လုံးဝ မပွင့်ကြချေ၊ အစေ့များကိုလည်း မြင်ရခဲသည်။ အချို့ဝါးမျိုး၏ အညှောက်များကို လူများက မျှစ်အဖြစ် စားလေ့ရှိကြသည်။ အချို့မျှစ်များကို အချဉ်တည်၍ မျှစ်ချဉ်အဖြစ် စားလေ့ရှိကြသည်။ ဝါးသည် ယင်း၏အလေးချိန်နှင့်စာက အလွန်ခိုင်၍ မာကျောပြီး လျှင် အိလေသည်။ ဝါးပေါက်ရောက်ရာဒေသရှိ လူများသည် ဝါးကို အမျိုးမျိုး အသုံးပြုကြလေသည်။ ဝါးကို အိမ်တိုင်များအဖြစ် အသုံးပြု၍ ဝါး ကိုပင် ခြမ်းပြီးလျှင် အခင်းအဖြစ် အသုံးပြုကြသည်။ အိမ်၏အမိုးနှင့် အကာများအဖြစ်လည်း ဝါးကိုရက်၍ အသုံးပြုလေ့ရှိကြသည်။ အချို့ဝါးကြီး များ၏ အဆစ်ပိုင်းများကို ချက်ပြုတ်ရန်အိုးအဖြစ် အသုံးပြုလေ့ရှိကြသည်။ လေးနှင့်မျှား များကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြသည်။ လိုက်ကာများ၊ ကစားစရာများ၊ ကိရိယာတန်ဆာပလာများနှင့် အခြားလူအသုံးအဆောင်များ ကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြလေသည်။ ယပ်တောင်များ၊ လမ်းလျှောက် တုတ်များနှင့် ငါးမျှားတံများအဖြစ်လည်း ဝါးကိုအသုံးပြုကြသည်။ ရေတန် လျှောက်အဖြစ်လည်း ဝါးကိုခြမ်း၍ အသုံးပြုလေ့ရှိကြသည်။ တံတားများ ပြုလုပ်ရာတွင် ဝါးကို အသုံးပြုလေ့ရှိကြသည်။ ငှက်လှောင်အိမ်၊ ဖျာ၊ ကုလားထိုင်၊ အိပ်ယာနှင့် ပုခက်များကို ဝါးဖြင့်ပင် ပြုလုပ်လေ့ရှိကြသည်။ ဝါး၏အတွင်းသားကို ထုပြီးလျှင် စက္ကူအမျိုးမျိုးပြုလုပ်နိုင်ရန် ပျော့ဖတ် အဖြစ် အသုံးပြုကြသည်
ဖရဲ၊ ဖရုံ၊ ဘူး၊ သခွား၊ ပဲ စသော အပင်မျိုးတို့ စိုက်ပျိုးသည့် စင်များသည် ဝါးတိုင်များကို စိုက်ထူပြီးလျှင် ဝါးခြမ်းများဖြင့် ကွက်ကျား ရက်ထားသော ဝါးကပ်များတင်ထားသော စင်များဖြစ်ကြသည်။ စပါးများကို လှေ့ကြရာတွင်လည်း ဝါးစင်များဖြင့်ပင် လှေ့လေ့ရှိကြလေသည်။ တောင်သူ လယ်သမားသုံး ပလိုင်း၊ ရိုင်ပတ်၊ ပုတ်စသည်တို့ကို ဝါးဖြင့်ပြုလုပ်ထားကြ သည်။ လယ်တောများတွင် ဆောက်လုပ်ထားကြသည်။ လယ်တောများတွင် ဆောက်လုပ်ထားလေ့ရှိကြသော နွားတင်းကုပ်နှင့် ကနားဖျင်းတို့ကိုလည်း ဝါးဖြင့်ပင် ဆောက်လုပ်ထားကြလေသည်။ ဝါးကွပ်ပြစ်များကိုလည်း မြန်မာ များ လွန်စွာကြိုက်နှစ်သက်ကြလေသည်။ ရေတွင်း၊ ရေကန်များမှ ရေများကို ခတ်ယူသုံးစွဲရာတွင် ဝါးမောင်းတက်များကို အသုံးပြုလေ့ရှိကြသည်။ အိမ် တော်ရာထီး၊ ပုသိမ်ထီးနှင့် ငါးမျှားတံများကို ဝါးဖြင့်ပြုလုပ်ကြသည်။ ရဟန်း သံဃာများအတွက် ကနုတံသည်လည်း ဝါးများဖြစ်ကြလေသည်။ ဝါးသည် မြက်မျိုးရင်းတွင် ဗမ်ဗူဆီအီး အုပ်စုအဖြစ်နှင့် ပါဝင် သည်။ ဝါးတွင် မျိုးစုပေါင်း ၂ဝ မကရှိရာ အရေးအကြီးဆုံးများမှာ ဗမ်ဗူ ဆား၊ အာရန်ဒီနေရီယာနှင့် ဖစ်လိုစတေးခစ်တို့ ဖြစ်လေသည်။[၁]Screenshot_20181208-101249.jpg

Sort:  

Congratulations @steemitmyanmar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 200 upvotes. Your next target is to reach 300 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.18
TRX 0.12
JST 0.027
BTC 63260.19
ETH 3025.69
USDT 1.00
SBD 2.50