ကူညီတတ်သူ

in #writing6 years ago (edited)

သူသည် ဖြောင့်မတ်မှန်ကန်ရုံသာမက သူတစ်ပါးကိုလည်း အမြဲတမ်း အကူအညီ ပေးချင်သည့် စိတ်ဓာတ်ရှိသူ တစ်ဦးဖြစ်ပေသည်။ သူ့ဘ၀တွင် မှတ်မှတ်ရရ အဖြစ်အပျက်လေးတစ်ခု ကြုံတွေ့ခဲ့ဖူးပေသည်။ 

တစ်နေ့တွင် သူတစ်ယောက်တည်း အဖော်မပါ မြင်းစီးထွက်လာခဲ့ရာ သာမန်အရပ်သားဝတ်စုံဖြင့်ပင် ဖြစ်သည်။  ခရီးလမ်းမ တစ်နေရာအရောက်မှာတော့ စစ်သားတစ်စုသည် သစ်လုံးကြီးတစ်တုံးကို မြစ်ကမ်းပါး တစ်ဖက်ဆီသို့ ရွှေ့ရန် ကြိုးစားနေကြသည်။ ထိုရွှေ့ရန်ကြိုးစားနေသူများမှာ တပ်သား လေးယောက်ငါးယောက်ခန့်ဖြစ်ပြီး တပ်ကြပ်တစ်ဦးလည်းပါသည်။ သစ်တုံးကြီးမှာ အတော်လေးကို လေးသည့်အတွက် စစ်သားများမှာ အစွမ်းကုန်ကြိုးစားသော်လည်း မရွှေ့ဘဲ ဖြစ်နေလေသည်။ အကယ်၍သာ နောက်ထပ်လူတစ်ဦးလောက်ကသာ ၀ိုင်းဝန်းကူရွှေ့လိုက်လျင် ရွှေ့နိုင်ဖွယ်ရာ ရှိသည်။ သို့သော်လည်း တပ်ကြပ်လုပ်သူမှာ ၀င်ရောက်ကူညီခြင်းအလျင်းမရှိဘဲ ပါးစပ်ကသာ အမိန်ပေးနေလျက်ရှိပေသည်။ 

"ဟေ့လူတွေ … အနောက်ကလူက ဘာလုပ်နေတာလဲ တွန်းဟ ရှေ့ကကောင်တွေကကော ဆွဲလေ ဘာလုပ်နေတာလဲ" စသဖြင့် ပါးစပ်ဖြင့်သာ ပြောဆိုနေလေသည်။ ၄င်းတပ်ကြပ်ကိုယ်တိုင်မှာမူ ကူညီလုပ်ကိုင်ပေးခြင်း လုံးဝမရှိဘဲ ပါးစပ်ကသာ သြဇာပေးလျက်ရှိသည်။ 

"နေပါဦး … နောင်ကြီးကရော သူတို့နဲ့အတူ သစ်တုံးကို ကူမရွှေ့ရတာလဲဗျာ" မြင်းစီးလာသောသူမှ မနေနိုင်ဘဲ ၀င်မေးလိုက်လေသည်။ ထိုအခါ တပ်ကြပ်လုပ်သူက မြင်းစီးလာသူကို လှည့်ကြည့်၍ "ဒီမှာ … ကျုပ်ဘယ်သူဆိုတာ ခင်ဗျားသိလား။ ကျုပ်က ဒီတပ်သားတွေရဲ့တပ်ကြပ်ဗျ" ဟူ၍ ၀ါ့ကြွားသောဟန်ဖြင့် ပြောလေသည်။ ထိုအခါ မြင်းစီးလာသူမှ "သြော် သြော် သြော် … မသိလို့ပါဗျာ … စိတ်မရှိပါနဲ့ဗျာ … ကျုပ်က ခင်ဗျား ဒီလောက် ရာထူးကြီးမှန်း မသိလို့ပါဗျာ … ခင်ဗျားတို့လူလိုနေတယ်ဆိုရင်လည်း ကျုပ်ကူပေးမယ်လေ" ဟူ၍ ပြောပြော ဆိုဆို မြင်းပေါ်မှဆင်းကာ စစ်သားလေးများနဲ့အတူ သစ်တုံးကို အစွမ်းကုန် ညီညီညာညာ တွန်းရွှေ့လေတော့သည်။

အားလုံး တက်ညီလက်ညီဝိုင်းရွှေ့သလို လူတစ်ယောက်အင်အားစာတိုးလာသည်ဖြစ်တာမို့ သစ်လုံးကြီးကို မြစ်ကမ်းပါးဘက်ဆီကို အောင်အောင်မြင်မြင်တွန်းရွှေ့လိုက်နိုင်သွားတော့သည်။ စစ်သားလေးများက မြင်းစီးလာသူကို အခုလို ကူညီပေးတာ ကျေးဇူးတင်ကြောင်း ပြောဆိုကြသော်လည်း တပ်ကြပ်လုပ်သူမှာမူ မျက်နှာတည်တည်ကြီးနဲ့ ကျေးဇူးတင်ကြောင်းပင် တစ်ခွန်းတစ်လေမျှ မပြောပေ။

 မြင်းစီးလာသူလည်း နဖူးမှ ချွေးသီးချွေးပေါက်များကို သုတ်၍ မိမိမြင်းပေါ်ပြန်တက်ကာ တပ်ကြပ်ဖြစ်သူထံသို့ လှည်ပြီး လေသံအေးအေးနဲ့ ခုလိုပြောလိုက်လေသည်။ 

"တပ်ကြပ်ကြီးခင်ဗျာ … နောက်များမှာ အရေးကြုံလို့ လုပ်အားလိုနေရင် ကျုပ်ကို အခေါ်လွှတ်လိုက်ဗျာ။ ကျုပ်လာကူပါ့မယ်။ ဒါနဲ့စကားမစပ် … ခင်ဗျားတို့ရဲ့ ဗိုလ်ချုပ်ကြီး ဂျော့ခ်ျဝါရှင်တန်ဆိုတာ ကျုပ်ပါပဲဗျာ" ဟုဆိုပြီး ချားကနဲ လှည့်ကာ မြင်းစီးထွက်သွားလေတော့သည်။ ထိုအခါမှ တပ်ကြပ်လုပ်သူသည် အံ့သြလွန်း၍ ကြက်သေသေကာ မိမိ၏ မာန်မာန ထောင်လွှားခဲ့မှုအတွက် အလွန်အမင်း အရှက်ရပြီး မျက်နှာနီမြန်းလျက် ကျန်ရစ်ခဲ့ပေတော့သည်။

မြန်မာပြည်ကြီးတိုးတက်အောင် ၀ိုင်းတွန်းမယ့် ဗိုလ်ချုပ်ကြီးဂေျာ့ခ်ျဝါရှင်တန်လို လက်တွေသာ များများပေါ်ပါစေကြောင်း ဆုတောင်း လိုက်ရပါသည်။ 

ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည်
ကူ၍တွန်းပေးကြပါ၊
လေးလွန်း၍မတွန်းနိုင်ဘူးလား၊
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63248.94
ETH 2576.33
USDT 1.00
SBD 2.85