ပြုံးလိုက်စမ်းပါလေ

in #writing7 years ago

image

မင်းယုံကြည်ပါလို့ မတောင်းဆိုပါဘူး ဒါပေမဲ့ အချိန်က ကိုယ်အတွက်တော့
အကောင်းဆုံးသက်သေတစ်ခုဆိုတာကို ကိုယ်ကတော့ ယုံကြည်ပါတယ်လေ
ဒါကြောင့် မင်းအနားက ကိုယ်က ထွက်ခွာမဲ့သူမဟုတ်တဲ့အတွက်
နှင်ထုတ်လို့လည်း မထွက်သွားပါဘူး ကိုယ်ပြောပြအုံးမယ် တစ်ခါမက
တိုက်ဆိုင်မှုမဟုတ်တာကို သူများတွေအတွက် ခရမ်းရောင်က တော်ဝင်ပေမဲ့ ကိုယ်အတွက်တော့ မင်းနဲ့ပြဿနာတက်တိုင်း ကိုယ့်က
စမ်းသပ်ပြီး ခရမ်းရောင်ဝတ်မိတဲ့နေ့ပါပဲ အဆင်ပြေတိုင်း ကိုယ်ဝတ်ထားတာ အစိမ်းရောင်ဖြစ်နေခြင်းပါပဲလေ
မင်းနဲ့ပတ်သတ်ပြီး တောင်းဆိုချင်တာနှစ်ခုရှိပါသည်
မင်းစိတ်ချမ်းသာပျော်ရွှင်အောင်နေပါ မင်းကုသိုလ်လုပ်တိုင်း ကိုယ့်ကို
မင်းနဲ့ထပ်တူရဖို့ ခွဲပေးပါ မင်းအနားက ကိုယ်တောင်းချင်တာ ဒါလေးပါပဲကွာ
ကိုယ်ရေးတဲ့စာကို အဆုံးထိဖတ်ပါ ဖတ်ပြီးရင် ပြုံးပါ ပြုံးလိုက်တိုင်းလည်း ကိုယ်ကိုသတိရပါ သတိရတိုင်းလည်းပြုံးလိုက်စမ်းပါလေ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62094.36
ETH 2436.39
USDT 1.00
SBD 2.50