ပြန်ပေးပါနော်

in #writing7 years ago

image

တစ်ထောင့်ကိုးရာကိုးဆယ့်တစ်တခုနှစ်တွင် ဦးမောင်မောင်တင်သည်သူငယ်ချင်းဖြစ်သူ ရာဇ၀တ်ဝန်ကြီး ဦးထွန်းမင်း၏ အိန္ဒိယတွင်ပြုလုပ်မည့် ဂျော့ဘုရင်၏ ဘိသိတ်ပွဲတက်ရောက်ရန် ဖိတ်ကြားခြင်း ခံရတော့၏ဦးထွန်းမင်းသည် ထိုပွဲကိုတက်ရောက်ခဲ့ပြီး ပွဲနှင့်ပတ်သတ်သော စာအုပ်များ နဲ့ပို့စကဒ်လေးများကို ယူဆောင်လာပြီး သူ၏ မိတ်ဆွေများကို ခွဲဝေပေးလိုက်လေ၏ယင်းပို့စကဒ်များထဲမှ ဘုရင့်မိဖုရား၏ သရဖူတစ်ခု အရှေ့အလယ်တည့်တည့်တွင် တပ်ဆင်ထားသော နီရဲလှပနေသော ပတ္တမြားကြီးကိုတွေ့လိုက်ရလေ၏ အညွှန်းစာတွင်လည်း မြန်မာရူဘီ ဟု တံဆိပ်ကပ်ထားဧလေ၏ဒီပတ္တမြားသည် ပတ္တမြားငမောက်ပင်ဖြစ်နေသလော ဟု ဦးမောင်မောင်တင်တွေးမိပြီး မအိပ်နိုင်မစားနိုင် သိလိုစိတ်ပြင်းပြနေလေ၏နောက်ဆုံးတွင် အိန္ဒိယမှပြန်ရောက်နေပြီဖြစ်ပြီး ကျောက်ဆည်တွင်နေထိုင်နေသည့် နှမရင်း ချွန်းတောင်မင်းသမီးကို အလည်လာရန်ခေါ်လိုက်လေ၏ချွန်းတောင်မင်းသမီးသည် ငမောက်ပတ္တမြားကြီးကို နှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့သူဖြစ်သဖြင့် သိမည်မှာ အသေအချာဖြစ်လေ၏ချွန်းတောင်မင်းသမီးရောက်လာပြီး ပုံကိုမြင်သည့်အခါ အသက်ရှုရပ်မတန့် စူးစိုက်ကြည့်နေပြီး တအောင့်ကြာမှ သတိပြန်ရလာပြီးအမှန်ပင် ငမောက်ပတ္တမြားကြီး ဖြစ်နေ၏ဟု မှတ်ချက်ပေးလေတော့တယ်ထိုပတ္တမြားကြီးတပ်ထားသော သရဖူကို လန်ဒန်မြို့ Tower of London ပြတိုက်ကြီးရှိ ဗြိတိသျှနန်းစဉ်ရတနာများ ပြသထားသည့် အခန်းတွင် မြင်ဖူး၍ အလွန်လှပကြောင်း ရောက်ဖူးသူများက ဆိုကြလေ၏ပြန်တောင်းတိုင်းရမည်လားတော့မသိနိုင်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63239.86
ETH 2621.03
USDT 1.00
SBD 2.77