မိုး

in #writing6 years ago

အိမ်အပြင်ဖက် တဖွဲဖွဲကျနေတဲ့ မိုးစက်မှုန်တွေကိုကြည့်ရင်း ဖုန်းပွတ်ရင်းနဲ့ပဲ နေရက်တွေကို ဖြတ်သန်းမလား၊တီဗွီရှေ့ထိုင်ပြီး ကော်ဖီပူပူတခွက်နဲ့ အလွမ်းဇာတ်လမ်းတွေကြည့်ရင် အချိန်ကုန်ခံမလား။ရွေးစရာတွေက များသား။
ဒါပေမယ့်လည်း ရာသီဥတုက အဆွေးဓာတ်ခံရှိတဲ့ ကိုယ်တွေအတွက်ကတော့ အကြည်စိတ်လေး ပြန်လည်နိုးထဖို့ လမ်းထွက်မှ ဖြစ်မှာပေါ့။
မိုးရွာလာတာနဲ့ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ လမ်းလျှောက်ချင်စရာ မကောင်းလောက်အောင် ရေမြုပ်နေတော့ ။မိုးကြောင့် ဖြစ်နေတဲ့ ကိုယ့်ရဲ့ ဆွေးစိတ်လေးက မြုပ်နေတဲ့ လမ်းတွေကြောင့် ပြန်လည် လန်းဆန်းဖို့ထက် စိတ်တွေ ညစ်နေဖို့ သေချာသလောက်ဖြစ်နေရော။
တပတ်လုံး လုပ်ရတဲ့ အလုပ်အချိန်ဇယားတွေ ၊ဖိအားတွေ ၊မြို့ပြရဲ့ မွန်းကြပ်မှုအောက် ၊တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းတွေအောက်မှာ ကိုယ့်စိတ်ကို အနားပေး လန်းဆန်းဖို့ ဘာလုပ်ရပါ့မလဲ။
အဆွေး ဓာတ်ခံ ကိုယ့်အတွက် အဝေးပြေး လမ်းနဘေး တောင်တန်းတွေအကြား၊ မိုးရွာခါနီး လှိမ့်ဆင်းလာတဲ့ ခိုပြာရောင်တိမ်တွေရဲ့ ပုံရိပ်တွေကို ငေးရင်း ၊သဘာဝရဲ့ စိမ်းမြမြ ရသ ၊ လတ်ဆတ်တဲ့လေထုရဲ့ သိပ်သည်းဆ ၊ မိုးရွာပြီးစ ကာလရဲ့ ပသာဒကို ထိတွေ့ဖို့ရာ ခရီးလေး တခုတော့ ထွက်ဖို့လိုမှာပါ။
ဝသန်မိုးရဲ့ အငြိုးကြီးတဲ့ မိုးစက်တွေကိုလည်း အန်တုနိုင်ရမယ်၊ မြို့ပြရဲ့ မွန်းကြပ်မှုကို ရုံးထွက်နိုင်မယ့်နေရာ ၊သူငယ်ချင်းတွေနဲ့ ခံစားချက်တွေ ဝေမျှလို့မယ့်နေရာ၊မိသားစုတွေနဲ့ သွားမယ်ဆိုရင်လည်း အဆင်ပြေမယ့်နေရာ ၊ ဘယ်နေရာ သွားရပါ့မလဲ။အသေအချာတော့ ရွေးစရာတွေ များနေမှာပဲ။
အရင်းနီးဆုံး သူစိမ်း(သက်ဆိုင်သူ)တွေက ခရီးသွားမယ်ဆိုရင် မိုးတွင်းကြီး အဆင်ပြေပါ့မလားလို့ နည်းနည်းလေးတော့ အငြင်းအခုံ လုပ်ကြမှာပါပဲ။
“တပေါင်းအသိမ်း ထနောင်းစိမ်းရာသီ... စိမ်းပြေပြေတမာတန်းက လွမ်းလောက်ပါသည်... ထန်းတောစိမ်းညို့ညို့ရဲ့ ဟို့ ... ဟို့ ... ဆီမှာတော့ စိမ်းပြာလိမ်း။” (ဒေါမှ မဟုတ် မိုးတ၀ုန်းဝုန်းကျနေတဲ့အချိန် ကမ်းခြေက လှိုင်းသံ တ၀ုန်းဝုန်းကို နားထောင်ပြီး ဟိုတယ်ခန်းမှာပဲ စောင်ခြုံကွေးမလား၊ကြိုက်သလို ရွေးလို့ရနိုင်ပါတယ်။
မိုးရွာပြီးတဲ့အခါမှာ သက်တန့်ရောင်စုံကို တွေ့မြင်နိုင်သလို ၊နွမ်းနေတဲ့ ကိုယ်စိတ်တွေဟာလည်း ခ၇ီးက အပြန်မှာ တက်ကြွနေမှာပါ။မိုးရာသီ ဆိုပေမယ့် မိုးရွာတာက သူရွာချင်မှ ထစ်ချုန်းရွာပြီး ၊မိုးပြေးနဲ့လည်း ပြီးသွားနိုင်ပါတယ်။
လူတွေလည်း ဒီလိုပါပဲ။ ဘ၀ဆိုတာကို ရရှိပြီး ဖြစ်လို့ ဘယ်အချိန် ပြန်ထွက်ရမယ်ဆိုတာ မသိနိုင်ပါဘူး။ဒါကြောင့် ဘ၀ဆိုတဲ့ တခဏမှာ ခရီးတွေသွားရင်းနဲ့ နေ့ရက်တွေမှာ စူးစမ်းမှုတွေ လေ့လာမှုတွေနဲ့ အသက်ဆက်ရအောင်လား။“အညာစိမ်း” ကဗျာထဲကလို လမ်းတဖက် တချက်မှာ ထန်းပင်တွေ စီစီရီရီ ရှိတဲ့ အညာဒေသကို သွားမလား၊
မိုးလေးသည်းပြီး အညာမြေဆီက ထွက်လာတဲ့ မြေသင်းနံ့လေးကို E Bike လေးစီးရင်းနဲ့ မြန်မာတို့ရဲ့ အထင်ကရ ပုဂံဆိုတဲ့ ပေါက္ကံပြည်ကြီးကို သွားမလား၊သမိုင်းကြောင်းတွေကြား လွင့်ပျံနေတဲ့ စကားသံတွေ ၊အခြေကြီး အနေကြီး နေခဲ့တဲ့ တို့ဘုရင်တွေရဲ့ ခမ်းနားပုံတွေကို လေ့လာရင်း ဆက်လက် ထိန်းသိမ်းရမယ်ဆိုတဲ့ တာဝန်သိစိတ်တွေကိုပါ ရလိုက်မယ့် ခရီးမျိုးကို သွားမလား။
ရောက်တဲ့အခါတိုင်း အဆန်းတကြယ် တွေ့မြင်ရမယ့် ဗိသုကာတွေ ၊မိုးရဲ့ စိုစွတ်မှုကို ထိန်းပေးနိုင်မယ့် အညာမြေရဲ့ ခြောက်သွေ့ခြင်းတွေဟာ ကိုယ့်စိတ်ကို အတိုင်းအတာ တခုထိ အေးချမ်းစေမှာ အသေအချာပါပဲ။
ဒါမှ မဟုတ်လည်း အမောပြေတဲ့ တောင်တန်းမြေတွေကလည်း စိတ်ကို ညှို့ယူနိုင်မှာ အသေအချာပါပဲ၊ကွေ့ကာ ၀ိုက်ကာနဲ့ တောင်တက်လမ်းတွေကြားက အစိမ်းရောင် ရဲ့သင်္ကေတ သစ်ပင်တွေ၊ တောင်တွေကြားထဲက တိုးထွက်လာတဲ့ ပြင်းရှရှ လေညှင်းတွေကို တို့ထိ ခံစားတာဟာလည်း စိတ်ရဲ့ လွတ်မြောက်ရာ ခံစားမှု ဖြစ်မှာ အသေအချာပါပဲ။အချိန်မပေးနိုင်တဲ့ အလုပ်ပိနေတဲ့ ကိုယ်တွေအတွက် မွန်ပြည်နယ် ကျိုက်ထို မြို့မှာရှိတဲ့ စိမ်းလဲ့တင်ကို သွားမလား၊မိသားစုနဲ့ သွားမယ်ဆိုလည်း အဆင်ပြေ ၊ ကိုကို မောင်မောင်တွေ ပါမယ်ဆိုလည်း သူတို့စိတ်ဝင်စားစရာ ကစားနည်း တွေရှိလို့ ဒီခ၇ီးလေးကတော့ သွားသင့်တာ အသေအချာပါပဲ။သားသား မီးမီး ပုကျုလေးတွေပါရင်လည်း ရေကူးပြီး အပန်းဖြေလို့ရသလို ပင်ပန်းလို့ နားမယ်ဆိုရင်လည်း နေရာ အဆင့်သင့်ရှိပါတယ်။အန်တီ ဘွားဘွား မေမေတွေအတွက်လည်း သဘောကျချင်စရာ သစ်ပင်ဆန်းတွေ ရှိတာကြောင့် တကယ်အဆင်ပြေမှာ အမှန်ပါပဲ။ဘုရားဖူးချင်ရင်လည်း ကျိုက်ထီးရိုးဘုရားကိုလည်း အလွယ်တကူ သွားဖူးလို့ ရနိုင်ပါတယ်။
ဒါမှ မဟုတ် မိုးတ၀ုန်းဝုန်းကျနေတဲ့အချိန် ကမ်းခြေက လှိုင်းသံ တ၀ုန်းဝုန်းကို နားထောင်ပြီး ဟိုတယ်ခန်းမှာပဲ စောင်ခြုံကွေးမလား၊ကြိုက်သလို ရွေးလို့ရနိုင်ပါတယ်။Screenshot_20181210-172718.jpg

Sort:  

Congratulations @popohaythar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 100 upvotes. Your next target is to reach 250 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Thank you so much for sharing this amazing post with us!

Have you heard about Partiko? It’s a really convenient mobile app for Steem! With Partiko, you can easily see what’s going on in the Steem community, make posts and comments (no beneficiary cut forever!), and always stayed connected with your followers via push notification!

Partiko also rewards you with Partiko Points (3000 Partiko Point bonus when you first use it!), and Partiko Points can be converted into Steem tokens. You can earn Partiko Points easily by making posts and comments using Partiko.

We also noticed that your Steem Power is low. We will be very happy to delegate 15 Steem Power to you once you have made a post using Partiko! With more Steem Power, you can make more posts and comments, and earn more rewards!

If that all sounds interesting, you can:

Thank you so much for reading this message!

Congratulations @popohaythar! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.18
JST 0.032
BTC 88139.36
ETH 3066.37
USDT 1.00
SBD 2.76