ႂကြက္

in #writing5 years ago

ကြွက်သည် အိမ်ထောင်ပစ္စည်း စသည်တို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်သော ခြေလေးချောင်း သတ္တဝါငယ်ဖြစ်သည်။ လူအများပင် ကြွက်ကို စက်ဆုပ်ရွံရှာကြလေသည်။ သို့ရာတွင် ကြွက်ကို လုံးဝပြောက်ကွယ်သွားအောင်ကား ယနေ့တိုင်အောင် မဆောင်ရွက်နိုင်သေးပေ။ ကြွက်သည် လူ့အသုံးအဆောင်ပစ္စည်းများကိုသာ ဖျက်ဆီးတတ်သည်မဟုတ်ချေ။ ပလိတ်ရောဂါကိုလည်း ကူးစက်ပြန့်ပွားစေကာ နှစ်စဉ်နှစ်တိုင်း အသက်ပေါင်းများစွာကို ဆုံးရှုံးစေသည်။ လူတို့ မွေးမြူထားသော တိရိစ္ဆာန်များပင်လျှင် ကြွက်တို့ကြောင့် မမာမကျန်း ဖြစ်ရတတ်သည်။
ကြွက်ငယ်မျိုး၏ မူလဒေသမှာ ကြွက်ကြီးမျိုးကဲ့သို့ အာရှတိုက်ပင် ဖြစ်သော်လည်း တစ်ရပ်မှ တရပ်သို့ မီးရထား၊ သင်္ဘောတို့ဖြင့် တစတစ ပြန့်ပွားသွားသောကြောင့်၊ ယခုအခါ ကမ္ဘာပေါ်တွင် လူတို့နေထိုင်ရာ အရပ်ဟူသမျှအရပ်မှာပင် ယင်းတို့ကို တွေ့ရတတ်သည်။ အိမ်ကြွက်များသည် အိမ်ရှင်တို့၏ အစားအစာ၊ အဝတ်အစား အိမ်ထောင် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးကြသည့်နည်းတူ၊ လယ်ကွင်း ခြံစည်းရိုးနှင့် တောခြေတို့တွင် နေ့လေ့ရှိကြသော ကြွက်ငယ်တမျိုးတို့သည်လည်း လူတို့ကို များစွာ အနှောင့်အယှက်ပေးကြသည်။ ယင်းတို့သည် တောင်သူလယ်သမားတို့ ပြုစုထားသော ကောက်ပဲသီးနှံတို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်ကြရုံသာမက လယ်မြေယာမြေနှင့် လယ်ကန်သင်းတို့တွင်လည်း ကျင်းများတူးကာ မြေဆီလွှာကို ညံ့ဖျင်းအောင် ပြုတတ်ကြသည်။ ကြွက်သည် အလွန်မျိုးပွားမြန်သည့်အတိုင်း အိမ်၌ဖြစ်စေ၊ လယ်၌ဖြစ်စေ နေမိလျှင် ယင်းတို့ကို လုံးဝပျောင်အောင် သုတ်သင်ရန်မျာ မဖြစ်နိုင်သလောက် ခဲယဉ်းပေသည်။ သို့ရာတွင် ကြောင်၊ ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ဘီလူး၊ မြွေပါစသော ကြွက်တို့၏ ဘသာဝရန်သူများကြောင့် ကြွက်တို့၏ အရေအတွက်မှာ ရှိသင့်သည်ထက် များစွာ ယုတ်လျော့၍ နေသည်။ ထိုသို့သဘာဝရန်သူများ မရှိပါက နေရာတကာ၌ ကြွက်တို့ လွှမ်းမိုးနေမည်မှာ မလွဲပေ။[၁]
ကြွက်တွင် အမျိုးကွဲများ ရှိသော်လည်း အရင်းခံအားဖြင့် ကြွက်ကြီးမျိုး၊ ကြွက်ငယ်မျိုး ဟူ၍ နှစ်မျိုးသာ ရှိသည်။ ကြွက်ကြီးမျိုးသည် မြေတွင်နေလေ့ရှိ၍ ကြွက်ငယ်မျိုးသည် အိမ်စသော အဆောင်အဦးများတွင် နေလေ့ရှိသည်။ ကြွက်ကြီးမျိုးတွင် ကြွက်ညိုနှင့် ကြွက်နက်ဟူ၍ နှစ်မျိုးရှိသည်။ ကြွက်ညို၏ မူလဒေသမှာ အာရှတိုက်အလယ်ပိုင်းဖြစ်သည်။ ယခုအခါ ကြွက်ညိုကို ကမ္ဘာအနှံ့အပြားတွင် တွေ့ရလေသည်။ ကြွက်နက်၏ မူလဒေသမှာ အိန္ဒိယနိုင်ငံဖြစ်၍ ထိုနိုင်ငံမှတဆင့် ကမ္ဘာသို့ ပြန့်ပွားသွားသည်ဟု ဆိုသည်။ ကြွက်နက်သည် ကြွက်ညိုထက် အရွယ်ငယ်သော်လည်း အမြီးပို၍ ရှည်သည်။ ဤကြွက်နှစ်မျိုးစလုံးပင် မျိုးပွားမြန်၍ အဖျက်အဆီးသန်ကြသဖြင့် ယင်းတို့ကို မည်သည့်နိုင်ငံကမှ လက်မခံလိုကြပေ။ ထိုကြွက်တို့သည် တနိုင်ငံမှ တနိုင်ငံသို့ သင်္ဘောများဖြင့်လိုက်ပါသွားတတ်ကြသည်။ ထို့ကြောင့် သင်္ဘောများဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဉ် ကုန်းပေါ်မှ ကြွက်များ တက်မလာနိုင်စေရန် သင်္ဘောကြိုးများ၌ ကတော့ပုံ သံပြားဝိုင်းများ စွပ်ထားလေ့ ရှိကြသည်။ ကြွက်ငယ်မျိုးသည် အိမ်များတွင် အသိုက်ဖွဲ့ကာ နေလေ့ရှိသောကြောင့် ထိုကြွက်မျိုးကို အိမ်ကြွက်ဟူ၍ လူသိများသည်။ ကြွက်ဝမ်းဖြူ၊ ကြွက်စုတ် စသည်တို့မှာ အိမ်ကြွက်မျိုး ဖြစ်သည်။ ကြွက်ကယ်လောင်း သို့မဟုတ် ကြွက်ဖလောင်းဟုခေါ်သော ကြွက်ငယ်မျိုး တစ်ချို့သည် လယ်ကွင်းများနှင့် တောခြေတောင်ခြေများတွင် နေလေ့ရှိကြသည်။ ကြွက်ငယ်မျိုးသည် တစ်နှစ်လျှင် ၆ ကြိမ်မျှ သားပေါက်လေ့ ရှိ၍ ၁ ကြိမ်လျှင် ၆ကောင်ခန့် မွေးတတ်သည်။ ထိုကြွက်တို့ ၄ လ သားအရွယ်သို့ ရောက်သောအခါ တဖန်ဆက်၍ မျိုးပွားကြပြန်သည်။ ဤသို့ဖြင့် ကြွက်ဖိုကြွက်မ တစ်စုံသည် တစ်နှစ်အတွင် ကြွက်ကောင်ရေ ၃၀၀မှ ၄၀၀ အထိ တိုးပွားလာနိုင်သည်။ ထို့ပြင် ကြွက်ဖြူမျိုးများလည်း ရှိပြီး ကြွက်ငယ်မျိုးဝင်ကြသည်။ ၎င်းကြွက်ဖြူမျိုးများအား ပဋိဇီဝ ဆေးဝါးများ ထုတ်လုပ်ရာတွင်သော်လည်းကောင်း၊ ဓာတုဗေဒဆိုင်ရှာ ဓာတ်ခွဲခန်းများတွင်သော်လည်းကောင်း၊ ၎င်းတို့ တီထွင်ထားသည့် အရာများအား စမ်းသပ်ရန်အတွက် ကြွက်ဖြူများကို အသုံးချနေကြသည်။Screenshot_20181207-140358.jpg

Sort:  

Congratulations @monetalkywar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @monetalkywar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 50 upvotes. Your next target is to reach 100 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61626.58
ETH 2940.28
USDT 1.00
SBD 3.66