အစွဲအလမ်းကြောင့်ပါ

in #writing6 years ago (edited)

btshuang.jpg
အကျင့်ဆိုး အကျင့်ကောင်းတို့သည် လူတိုင်းတွင် အနည်းအများရှိကြပါသေလည်
နေ့စဉ်ပြုလုပ်ပြောဆိုနေသော ဟန်ပန် အမူအရာအသံတို့သည် ဘယ်နေရာကလာသလဲဆိုတော့
သင့်ရဲ့စိတ်နေသဘောထားအတွင်းကထွက်ပေါ်လာခြင်းသာဖြစ်ပါသည်။သူတစ်ပါးအပေါ်ကိုပြန်လည်
ပြီးတုန့်ပြန်ပြောဆိုနေမှုများလည်းအပါအ၀င်ဖြစ်ပါသည်။ သဘောကောင်းသောသင် သဘောဆိုးသောသင်
သင့်ရဲ့ပြောဆိုပုံအပြုအမူတို့သည် သင့်စိတ်နေသဘောထားအတိုင်းအတိအကျဖြစ်ပါသည်။
ထိုသို့ဆိုလျှင် မိမိရဲ့ပြောဆိုပြုလုပ်နေထိုင်မှုများကို သတိပြုဆင်ခြင်ရပေတော့မည်။
သင့်စိတ်ထဲတွင် ငယ်စဉ်တည်းကနေယခုအချိန်အထိစွဲနေသောအစွဲတို့သာဖြစ်ပါလေသည်။
ဒီလိုအစွဲအလမ်းအလေ့အထများကိုသတိပြုရပါလိမ့်မည်။မကောင်းသောစွဲလမ်းခြင်းအလေ့အထများကို
အချိန်မှီတားဆီးပြုပြင်ရမည်။ကောင်းသောစွဲလမ်းခြင်းအလေ့အထများကို တိုးတက်ဖွံ့ဖြိုးလာအောင်လုပ်
ဆောင်ပေးရမည်။ မကောင်းသောအကျင့် အစွဲတို့သည် မသိမသာမထင်မရြှးသောအတိုင်းအတာများ
ဖြင့်သင့်ဘ၀အတွင်းမှာ တစ်နေ့တစ်ြခားတိုးတက်ကြီးထွားလာခဲ့သည်ခြည့်ဖြစ်ပါသည်။.
ထိုကဲ့သို့မဖြစ်ရလေအောင် နေ့စဉ်ပြုလုပ်သော အသေးအဖွဲကအစမကောင်းမှုဆိုသည်ကို မလုပ်ဖြစ်အောင်
မတွေးဖြစ်အောင် မပွားများဖြစ်အောင်နေထိုင်ရမည်ဖြစ်ပါသည်။အရက်ဆိုသည်ကလည်း တစ်ခါတစ်ရံ
လောက်စတင်သောက်သုံးသည်ကအစပြုပြီး ပုလင်းအတွင်းကမထွက်နိုင်အောင်အထိဖြစ်တက်သည်
စတင်ခြင်းအစသည် ဘာမှမပြောပလောက်သော်လည်း နောင်အခါတွင်တော့ အရက်သမားလုံးလုံးဖြစ်ရလေ
တော့သည်။အစတွင် ပင့်ကူမျှင်လောက်သာ မခိုင်မာသောအစွဲသည် အချိန်ကြာသောအခါသံမဏိမျှင်
သံမဏိကြိုးကြီးတွေလိုဖြစ်လာသည်ဟုလူကြီးတွေပြောဆိုတက်ပါသည်။ အစအစွဲကို မကောင်းဘူးဆိုတာနဲ့
မရစ်တွယ်မိအောင်နေသည်ကအကောင်းဆုံးဖြစ်ပါလေသည်။
Author : @mm7
Photos credit; Google Image

Sort:  

i didn't understand your language..

myanmar.

This post has received gratitude of 0.72 % from @appreciator thanks to: @mm7.

Thanks

အရေးအသားကောင်းတယ်ဗျာ ခုမှ စသုံးတာမို့  ဝင်ဖတ်ပြီး လေ့လာနေတာပါ ကျေးဇူးတင်ပါတယ်

ကျေးဇူးပါ

ကောင်းလိုက်တာ

ဟုတ်ကျေးဇူးနော်

မှန်ပါတယ်

ဟုတ်ကဲ့ပါဘဒိုရေ

သိပ်မစွဲနဲ့ပေါ့

လုံးဝမစွဲပိုကောင်းတယ်လေ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 66996.44
ETH 3098.15
USDT 1.00
SBD 3.72