သစ္ေတာ္သီး

in #writing6 years ago

အမျှင်ဓာတ်ပါဝင်မှုများပြီး ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝတဲ့ သစ်တော်သီးတွေက အရသာလည်း အရမ်းရှိ ပါတယ်။ သစ်တော်သီးက အသီးမျိုးတွေ အများကြီးရှိသလို အခုလက်ရှိပန်းသစ် တော်လို့ခေါ်ကြတဲ့ အသီးလည်း ပါဝင်ပါ တယ်။ ချိုချိုအေးအေး လေးစားရတာ အရမ်းနှစ်သက်ကြပေမဲ့ သစ် တော်သီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရော သိကြရဲ့လား။

အစာခြေစနစ်အတွက် ကောင်း
အလယ်အလတ်ဆိုက်ရှိတဲ့ သစ်တော်သီးတစ်လုံးမှာ နေ့စဉ်စားသင့်တဲ့ အမျှင် ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ အစာခြေစနစ်ကိုကောင်းစေပြီး အူမကြီးရဲ့လုပ်ဆောင်ချက်ပိုကောင်းစေပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

ဗီတာမင် C အပြင် ဗီတာမင်ခ၊သံ ဓာတ်၊ကော့ပါး၊ပိုတက်စီယမ်နဲ့ မဂ္ဂနိစ် ဓာတ်တို့ပါဝင်မှုကြောင့် ကိုယ်ခံအားလည်း ကောင်းစေပါတယ်။

ကင်ဆာကာကွယ်
အမျှင်ဓာတ်အပြင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ၊ ဗီတာမင် C နဲ့  A, phytonutrients တွေပါဝင်လို့ ကင်ဆာကာကွယ်နိုင်တဲ့အစွမ်းသတ္တိလည်း ရှိပါတယ်။

ကိုယ်ဝန်ဆောင်အားဖြည့်

အလယ်အလတ်အရွယ်အစားရှိတဲ့ သစ်တော်သီးတစ်လုံးမှာ နေ့စဉ်စားသင့် တဲ့ folic acid ပမာဏရဲ့ ငါး ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ folic acid က ကိုယ်ဝန် ဆောင်ကာလအတွင်း သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရာမှာ အရေးပါပါ တယ်။

သွေးတွင်း ကိုလက်စထရောကျစေ
သစ်တော်သီးမှာ ကိုလက်စထရောကျစေတဲ့ ပျော်ဝင်အမျှင်ဓာတ် pectin ပါ ဝင်မှုများပါတယ်။pectin ကအစာအိမ်ထဲ မှာ အစာခြေရည်နဲ့ပေါင်းပြီး အစာခြေ စနစ်အတွင်းက ကိုလက်စထရောအဆီတွေကို ဖယ်ရှားဖို့ အထောက်အကူဖြစ်စေပါတယ်။

ဆီးချိုကာကွယ်
ဆီးချိုရောဂါမရှိသူတွေ သစ်တော်သီး စားရင်းနဲ့ ဆီးချိုကာကွယ်နိုင်ပါတယ်။ ဆီးချိုရှိရင်တော့ အချိုများလို့များများ မစားသင့်ပါဘူး။ Flavonoids ဓာတ်ပါ ဝင်လို့ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုမြှင့်တင်ပေးပြီး ဆီးချိုကို ကာကွယ်နိုင်ပါတယ်။

အရိုးပွ ခြင်းကို ကာကွယ်ပေး
သစ်တော်သီးမှာပါဝင်တဲ့ boron ဓာတ်က ခန္ဓာကိုယ်ထဲမှာ ကယ်လ်ဆီယမ် ဓာတ်ကို ထိန်းညှိပေးပြီး အရိုးတွေကို သန်မာစေနိုင်ပါတယ်။

ချွဲသလိပ်တွေ ရှင်းစေ
ဒါတွေတင်မကပါဘူး။ သစ်တော်သီးက ချွဲသလိပ်ကိုလည်း ကြေစေပါတယ်တဲ့။ အထူးသဖြင့် ကလေးတွေမှာ ရာသီဥတုအေးတဲ့အချိန် ချွဲထနေရင် သစ်တော်သီးဖျော်ရည်တစ်ခွက်တိုက်ပေးရင် ချွဲကျပ်သက်သာပြီး ရင်ချောင်စေပါတယ်Screenshot_20181205-202415.jpg

Sort:  

Congratulations @maymaymoeee! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You made more than 10 upvotes. Your next target is to reach 50 upvotes.
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.21
TRX 0.25
JST 0.038
BTC 95786.39
ETH 3359.50
USDT 1.00
SBD 3.03