မြိတ်ျွန်းစု
ကတန်ကျွန်းသည် မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်းဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။[၁] ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ -
ပြင်စဘုကျွန်း
Auriol Island
Bentinck Kyun
ခရစ္စတီးကျွန်း၊ မြိတ်ကျွန်းစုရှိ တောင်ဖက်အစွန်ဆုံးကျွန်း
ဒေါင်းကျွန်း (Ross Island)
ကွမ်းသီးကျွန်း (Kabosa Island)
ကတန်ကျွန်း (King Island)
Kanmaw Kyun
လမင်းကျွန်း (Lamin Island)
လန်ပိကျွန်း (Sullivan's Island)
လက်စွပ်အော်ကျွန်း (Domel Island)
မလိကျွန်း (Mali Kyun) မြိတ်ကျွန်းစုရှိ မြောက်ဖက်အစွန်ဆုံးကျွန်း
ငွေကျွန်း (Money Island)
Sabi Island
စခန်းသစ်ကျွန်း (Sellore Island)
တနင်္သာရီကျွန်း (Tenasserim Island)
သူဌေးကျွန်း (Son Island)
သံကျွန်း (Davis Island)
သရောသဟန်ကျွန်း (Elphinstone Island)
Zadetkyi (Saint Matthew's Island)
မြိတ်ကျွန်းစု (အင်္ဂလိပ်: Mergui Archipelago or Myeik Archipelago) သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ တောင်ဖက်စွန်းတွင် တည်ရှိသည်။ အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ မလေး ကျွန်းဆွယ်၏ အနောက်ဖက်ကမ်းခြေဖက်ရှိ ကပ္ပလီပင်လယ်တွင်းတွင် တည်ရှိသည်။ တစ်ခါတစ်ရံ ပသျှူးကျွန်းစုဟုလည်း ခေါ်ဆိုလေ့ရှိသည်။
ကော့သောင်းဆိပ်ကမ်းကနေ ထွက်ခွာလာပြီး နာရီ အနည်းငယ်ကြာတော့ ကျွန်တော်တို့လိုက်ပါလာတဲ့ အလျား မီတာ ၃၀ ရှိတဲ့ ကတ္တူလှေရဲ့ဝမ်းဗိုက်ကို လင်းပိုင်အုပ်စု တွေ တွန်းထိုးနေတာ သတိထားမိတယ်။ ငွေရောင်ကောင်းကင်နောက်ခံထားတဲ့ မြင်ကွင်းမှာ အရာအားလုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်။
လည်ပြန်လှည့်ကြည့်မိတော့ တောင်ပြာတန်းတွေနဲ့တနင်္သာရီကမ်းရိုးတန်းဟာ အန်ဒမန်ပင်လယ်(Andaman Sea)ထဲမှာ ဆံမြိတ်ချထားသလိုအလှနဲ့ အဝေးမှာကျန် ခဲ့တယ်။
ပတ်ဝန်းကျင်မှာတော့ ထုံးကျောက်ဆောင်တွေ၊ ချုံနွယ် ပိတ်ပေါင်းတွေ၊ သဘာဝအတိုင်းတည်ရှိနေဆဲ မုတ်သုံသစ် တောတွေဖုံးလွှမ်းထားတဲ့ သဲဖြူကမ်းခြေနဲ့ကျွန်းတွေက တိတ်ဆိတ်ငြိမ်သက်စွာ။
တစ်ညလုံး ကင်းမွန်ငါးဖမ်းပိုက်စောင့်နေတဲ့ သစ်သား လှေလေးတွေက မြုပ်ချည်ပေါ်ချည်နဲ့ ခပ်လှမ်းလှမ်းမှာအိပ်ငိုက်နေကြတယ်။
ပင်လယ်စင်ရော်တွေက သူတို့ခန္ဓာကိုယ်ကို တိမ်းစောင်း ပြီး ပျံဝဲနေကြတယ်။ကျွန်တော်တို့ အခုရောက်နေတဲ့နေရာကတော့ မြန်မာ နိုင်ငံ တောင်ဘက်စွန်း မြိတ်၊ ကော့သောင်းဆိပ်ကမ်းတွေ ကနေ ကီလိုမီတာ ၄၀ဝ ခန့်အကွာက ကျွန်းပေါင်း ၈၀ဝ ပါဝင်တဲ့ မာဂူအီ(Mergui)ကျွန်းစုခေါ် မြိတ်ကျွန်းစုပဲဖြစ် ပါတယ်။
၁၉၉၇ ခုနှစ်ကတည်းက အဲဒီကျွန်းစုတွေမှာ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့ ခွင့်ပြုခဲ့ပေမယ့် များပြားလွန်းတဲ့ကြိုးနီ စနစ် အတားအဆီးတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အဲဒီကျွန်းစုတွေကို ပင်လယ်ရှုမျှော်ခင်းသက်သက်တွေ လို့ပဲ သဘောထားခဲ့ကြတယ်။ တကယ်တော့ ကျွန်းတစ် ကျွန်းလုံး၊ ကမ်းခြေတစ်ခုလုံးကို သီးသန့်ငှားရမ်းလည်ပတ် လိုသူ ခရီးသွားဧည့်သည်တွေအတွက် အဲဒီကျွန်းစုတွေဟာ အရှေ့တောင်အာရှမှာ ရှားရှားပါးပါးနေရာတွေ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အစိုးရကအစဉ်အလာခရီးသွား လုပ်ငန်းပုံစံတွေကနေ ခွဲထွက်ခဲ့ပြီး အဲဒီကျွန်းစုတွေကို အထူးအာရုံစိုက်ပုံဖော်ခဲ့တယ်။ အနောက်နိုင်ငံကခရီးသွား တွေအတွက် သဘာဝအပန်းဖြေစခန်းတွေ၊ ဒေသတွင်းက ခရီးသွားတွေအတွက် အပျော်စီးရွက်လှေစခန်းတွေနဲ့ ဆွဲ ဆောင်ခဲ့တယ်။ အလားအလာကောင်းတဲ့ကျွန်းတွေက ကုမ္ပဏီတွေကို အလုအယက်ဖြစ်စေခဲ့သလို တချို့ကျွန်း တွေကတော့ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူကို မျှော်နေ ဆဲပဲဖြစ်ပါတယ်။
အစိုးရကတော့ နိုင်ငံတကာကသတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးပြီး မူဝါဒချမှတ်ခဲ့တယ်လို့ ထင်ပါတယ်။ တနင်္သာရီ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကလည်း ဗြိတိန်နိုင်ငံအခြေစိုက် အပြည်ပြည် ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပရဟိတအဖွဲ့ အစည်း(Flora & Fauna International-FFI)ရဲ့ အကြံပြုချက်တွေကိုရယူပြီး သဘာဝပတ်ဝန်းကျင်ကို မထိ ခိုက်စေမယ့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တွေကို အကောင်အထည်ဖော်နေပါတယ်။
ဘူချတ်ဒ်ဟာ ပြည်တွင်းလုပ်ငန်းရှင်တွေပူးပေါင်းပြီး မြိတ်ကျွန်းစုက ကျောက်ဆိုင်ကျွန်း(Boulder Island)ပေါ်မှာ ကျောက်ဆောင်ပင်လယ်အော် သဘာဝအပန်းဖြေ စခန်း (The Boulder Bay Eco Resort) ကို တည် ဆောက်နေပါတယ်။ ယခုနှစ်အတွင်းဖွင့်လှစ်မယ့် အဲဒီ အပန်းဖြေစခန်းဟာ နေရောင်ခြည်စွမ်းအင်ကိုသာ အသုံး ပြုပြီး အဲယားကွန်းမရှိပါဘူး။
"ပင်လယ်ကလာတဲ့ သဘာဝလေပြည်လေညင်းတွေ အလုံအလောက်ရှိနေတာပဲ၊ အဲယားကွန်းမလိုပါဘူး" လို့ ဘူချတ်ဒ်က ပြောပါတယ်။ သန္တာကျောက်တန်းတွေကို ပြုစုထိန်းသိမ်းနေတဲ့ သြစတြေးလျနိုင်ငံအခြေစိုက် ပင်လယ် ရေအောက်သုတေသနအဖွဲ့ Project Manaia အဖွဲ့ဝင် ဇီဝဗေဒပညာရှင်တွေကို အဲဒီကျွန်းပေါ်မှာ လက်ခံထားရှိ သလို ပြည်တွင်းက မြိတ်တက္ကသိုလ်ကျောင်းသားတွေ လာရောက်လေ့လာဖို့အတွက်လည်း စီစဉ်နေပါတယ်။
မြိတ်ကျွန်းစုတွေထဲက လန်ပိကျွန်းပေါ်မှာ လန်ပိအမျိုး သားပင်လယ်ဥယျာဉ် (Lampi Marine National Park) ရှိပါတယ်။ အဲဒီဥယျာဉ်ထဲမှာ သဘာဝအပန်းဖြေစခန်း တည်ဆောက်ဖို့ မြန်မာ့သစ်တောဦးစီးဌာနက ၂၀၁၅ ခုနှစ်က တင်ဒါခေါ်ယူခဲ့ရာမှာ အမေရိကန်ရင်းနှီးမြှုပ်နှံမှု အပြည့်အဝပါဝင်တဲ့ ဝါအာလေကျွန်းအပန်းဖြေစခန်း(Wa Ale Island Resort)က တည်ဆောက်ခွင့်ရရှိခဲ့ပါတယ်။ နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုတွေနဲ့အတူ သဘာဝရဲ့ ပကတိအလှတရားကို အသိအမှတ်ပြုခံစားနိုင်မယ့် အပန်း ဖြေစခန်းတစ်ခုအဖြစ် ကြိုးစားပုံဖော်နေတယ်လို့ သိရပါ တယ်။
ကျွန်းလေးကျွန်းမှာ အပန်းဖြေစခန်းဖွင့်လှစ်ခွင့် လိုင်စင်ချပေးထားမှု ပြည့်သွားပြီဖြစ်ပြီး နောက်ထပ်လိုင်စင် လျှောက်ထားမှုတွေလည်း ရှိနေတယ်လို့ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းဝန်ကြီးဌာနမှ သိရပါတယ်။ လိုင်စင်လျှောက် ထားရာမှာလိုအပ်တာကတော့ အပန်းဖြေစခန်းတစ်ခုဟာ အနည်းဆုံး အခန်း ၂၀ ရှိရမှာဖြစ်ပြီး စနစ်ကျတဲ့သန့်စင် ခန်းတွေ ပါရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝသယံ ဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သတ် မှတ်ညွှန်ကြားချက်တွေကို လိုက်နာဖို့နဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းနိုင်ရေးကို ဦးစားပေးဖို့ပဲဖြစ်ပါတယ်။
Congratulations @maymaylaryin! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOPCongratulations @maymaylaryin! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!