လူ

in #writing7 years ago

လူသား (Human Being)၊ လူ (Human) - သိပ္ပံအမည်မှာ "Homo Sapeins" ဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်အားဖြင့် "ဉာဏ်ပညာရှိသူ၊ သိတတ်နားလည်သူ" - သည် ဟိုမိုနီဒယ် (Hominidae) မိသားစု မျိုးနွယ်ဝင် ဘိုင်ပေဒယ် ပရိုင်းမိတ် (Bipedal Primates - ခြေနှစ်ချောင်းနှင့် လမ်းလျှောက်သူ) များဖြစ်သည်။ မိုက်တိုကွန်ဒရီရယ်ဒီအန်အေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများမှ တွေ့ရှိချက်အရ ခေတ်သစ် လူသား (Moden human) သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀,၀၀၀ ခန့်က အာဖရိက မှ ဆင်းသက်လာသည်။[၂] လူတွင် အလွန် အဆင့်မြင့်သော ဦးနှောက် ပါသဖြင့် ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း၊ ပြန်လည် သုံးသပ်နိုင်စွမ်း (introspection)၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းနှင့် စိတ်ခံစားနိုင်စွမ်း (emotion) ရှိသည်။ ဤသို့သော စိတ်စွမ်းအားများနှင့် မတ်မတ်ရပ်နိုင်သော ကိုယ်ခန္ဓာများက ရှေ့လက်အား စိတ်လိုလက်ကျ လွတ်လွတ်လပ်လပ် အသုံးပြုစေနိုင်ပြီး အခြားမျိုးစိတ် (species) များထက် ကိရိယာများကို တီထွင် အသုံးပြုနိုင်သည်။ လူသည် ကမ္ဘာ့ နေရာ အနှံ့အပြားတွင် နေထိုင်ကျက်စားလျက်ရှိပြီး ကမ္ဘာ ပေါ်တွင် အန္တာတိက မှအပ အခြားတိုက်ကြီးများတွင် တွေ့ရှိနိုင်သည်။ ၂၀ဝ၉ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းအရ ကမ္ဘာပေါ်တွင် လူဦးရေ ၆.၇ ဘီလျံခန့် ရှိသည်။[၃] ၎င်းသည် ထိုမျိုးစိတ်တွင် Homo sapiens sapiens ဟု တစ်ခုတည်းသော မျိုးစိတ်ကွဲ (subspecies) သာ မပျောက်ကွယ်ပဲ ကျန်ရှိသည်။ကမ္ဘာပေါ်တွင် လူဟူ၍ ပညတ်ခေါ်ဝေါ်ရသော သတ္တဝါသည်မည်သည့်အချိန်ကစ၍ ပေါက်လာခဲ့သည်ကို မည်သူမျှ တပ်အပ်သေချာစွာမပြောနိုင်ပေ။ သိပ္ပံပညာရှင်ကြီးများပင်လျှင် ကမ္ဘာမြေလွှာ အထပ်ထပ်အောက်တွင် နစ်မြုပ်နေသောအရိုးများ၊ ကျောက်သားမှဖဲ့၍ ပြုလုပ်ထားသော လက်နက်အသုံးအဆောင်ကိရိယာများ၊ တိရစ္ဆာန်များ၏ ဦးချိုနှင့် အစွယ်များ ဖြင့်ပြုလုပ်သော အရာဝတ္ထုများနှင့် မြေအောက်လှိုဏ်ဂူနံရံများတွင် ရေးဆွဲထားသည်။ ယခုအခါတွင် တိမ်ကောပပျောက်နေပြီဖြစ်သော တိရိစ္ဆာန်ကြီး များ၏ ရုပ်ပုံများအစရှိသော ရှေးခေတ်၏ အမွေအနှစ်ပစ္စည်းများကို လေ့လာကြည့်ရှုကာ ကမ္ဘာဦးလူများ၏အကြောင်းကို မှန်းဆရုံမျှသာလျှင် မှန်းဆနိုင်ကြလေသည်။ အမှန်အားဖြင့်ကား လူဟူသောသတ္တဝါသည် တွေးထင်သည်ထက် များစွာပိုမို၍ ရှေးကျသောအခါကပင်လျှင် ကမ္ဘာပေါ်၌ ပေါ်ပေါက်ခဲ့လေသည်။ ကမ္ဘာတွင် လူသတ္တဝါဟူ၍ စတင်ပေါ်ပေါက်နေသည်မှာ ကမ္ဘာ့သမိုင်းကို စတင်မရေးသားမီ နှစ်ပေါင်းသိန်းသန်းများစွာကပင် ဖြစ်တန်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သမိုင်းကို ခရစ်မပေါ်မီ နှစ်ပေါင်း သုံးလေးထောင် လောက်ကမှသာ အက္ခရာစာလုံးများဖြင့် စတင်မှတ်တမ်းတင်ကြသောကြောင့်ဖြစ်၏။ ထို့အပြင် ကျောက်သားဖြင့်ပြုလုပ်သော နှစ်ပေါင်းထောင်သောင်းများစွာကပင် အသုံးပြုခဲ့ကြသော အရာဝတ္ထုများဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆကြလေသည်။ ထိုကျောက်ကိရိယာပစ္စည်းများကို လူများသည် နှစ်ပေါင်းမည်မျှကြာမှ လုပ်ကိုင်အသုံးချလာတတ်သည်ကိုလည်း ကျွန်ုပ်တို့ခန့်မှန်းရာတွင် ထည့်တွက်ရပေဦးမည်။လူများသည် ဤမျှ ရိုင်းစိုင်းသောအခြေအနေတွင်ရှိစဉ် မီး၏အသုံးဝင်ပုံကို နားလည်ခဲ့ကြဟန် တူပေသည်။ သို့ရာတွင် မိမိတို့ အလို အလျောက် မီးဖိုခြင်း၊ မီးမွှေးခြင်းကိုမူကား မပြုလုပ်တတ်ကြသေးချေ။ ထိုသူများ မီး၏အသုံးဝင်ပုံကို သိရှိလာကြပုံမှာအတော်ပင် စိတ်ဝင်စားစရာ ကောင်းပေသည်။ တောတွင်း၌တစ်ခါတစ်ရံ မိုးကြိုးပစ် လောင်မီးကျသော အခါ တောထဲရှိ သစ်ပင်အချို့ကို မီးစွဲလောင်သဖြင့် အလွန်သန်စွမ်းသော တိရစ္ဆာန်သားကောင်ကြီးများသည် ထွန်းလင်းတောက်လောင်သော မီးရောင်ကို ကြောက်လန့်ကာ ထွက်ပြေးကြလေသည်။ ထိုမီး၏ အပူရှိန်ကြောင့် အေးချမ်းသောညဉ့်အခါများတွင်လည်း အနွေးဓာတ်ကိုရရှိကြသည်။ ထိုအခါမှစ၍ လူများသည်မီး၏ အသုံးဝင်ပုံကို သိလာကြလေသည်။ ထို့ပြင် မီးစွဲလောင်နေသော သစ်ကိုင်းသစ်ခက်များကို တစ်နေရာမှ တစ်နေရာသို့ ယူဆောင်သွားခြင်းဖြင့် မီးအလင်းရောင်ကို အသုံးချရမှန်းသိလာကြသည်။ တောမီးထဲသို့ ရောက်၍ သေဆုံးသော သားကောင်အချို့၏အသားများကိုစားကြည့်ကြသောအခါ ယခင်က အစိမ်းလိုက် ကိုက်ဖဲ့စားရသည်ထက် ပို၍အရသာရှိကြောင်းကိုလည်း တွေ့ရှိလာကြသည်။

ထိုမှတစ်ဆင့် ကျောက်တုံးတစ်ခုနှင့်တစ်ခု ထိခိုက်ပွတ်တိုက်မိရာမှ မီးပွင့်လာသည်ကို တွေ့ရှိသော လူများသည် မီးကို ကျောက်ဖြင့်လည်းကောင်း၊ သစ်ကိုင်း တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့်လည်းကောင်း ဖြစ်ပေါ်စေနိုင်သည်ကို သိရှိလာကြသည်။ ဤကားအလွန်တရာအရေးပါသောအသစ်တွေ့ရှိမှုကြီးတစ်ရပ်ပင်ဖြစ်လေသည်။ ယခုခေတ်တိုင်အောင် မည်သည့်သားရဲတိရိစ္ဆာန်မှ မီးကိုမည်ကဲ့သို့ပြုလုပ်ရမည်ဟု မသိရှိကြလေရာ မီးကိုပြုလုပ်တတ်သော လူများသည် တိရစ္ဆာန်များထက် တပန်းသာ၍ တိုးတက်လာကြလေသည်။ မီးမွှေးနည်းကို တွေ့ရှိကြသည့်အချိန်မှစ၍ လူများ၏ ယဉ်ကျေးမှုသည် တစ်စထက်တစ်စ တိုးတက်လာပြီးလျှင် အသက်ကို ကာကွယ်ရန်လည်းကောင်း၊ အနွေးဓာတ်ကို ရရှိရန်လည်းကောင်း၊ အစားအစာများ ချက်ပြုတ်ရန်လည်းကောင်း မီးကို အသုံးပြုတတ်လာကြသည်။Screenshot_20181206-130104.jpg

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 61123.34
ETH 1583.02
USDT 1.00
SBD 0.47