ပဲခူးမြစ်

in #writing6 years ago

ပဲခူးမြစ် သည် မြန်မာနိုင်ငံတောင်းပိုင်းမှ မြစ်တစ်စင်းဖြစ်သည်။ ယင်းသည် ပဲခူးနှင့် ရန်ကုန်ကို ဖြတ်သန်းစီးဆင်းသည်။[၁] ပဲခူးမြစ်သည် ပဲခူးရိုးမမှ မြစ်ဖျားခံကာစီးဆင်းပြီး[၂] ရန်ကုန်မြစ်သို့ စီးဆင်းသော မြစ်မခမြစ်သို့ စီးဆင်းသွားသည်။ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံတွင် သန်လျင်မြို့တည်ရှိသည်။ ရန်ကုန်မြို့နှင့် သန်လျင်မြို့ကို ကူးသန်းသွားလာရန် ပဲခူးမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော တံတားနှစ်စင်းရှိသည်။ ၁၆၀၈ ခုနှစ်တွင် မြန်မာလူမျိူးများ ငဇင်ကာ ဟုသိထားသည့် ပေါ်တူဂီလူမျိုး စွန့်စားသွားလာသူ Philip de Brito e Nicote သည် ရွှေတိဂုံစေတီသို့ ရောက်ရှိခဲ့သည်။
ပဲခူးမြို့ပေါ် ရပ်ကွက်အ ချို့ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေ ပြီး ပဲခူးမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်အနီး ရောက်နေကာ နောက်နှစ်ရက်ခန့်တွင် စိုးရိမ်ရေ မှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ ဇလဌာနမှ သတင်းရရှိသည်။

ပဲခူးမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရန် တစ်ပေခွဲခန့်သာ ကျန် ရှိတော့ပြီး ရေဆက်လက်တက် နေသောကြောင့် သြဂုတ် ၁ ရက် မှ ၃ ရက်အတွင်း စိုးရိမ်ရေမှတ် သို့ ရောက်မည်ဟု ခန့်မှန်းထား ကြောင်း မိုး/ဇလဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ဦးက ပြောသည်။

လက်ရှိအချိန်တွင် ပဲခူးမြို့ မြေနိမ့်ရပ်ကွက်အချို့ နေအိမ်နှင့် လမ်းမများပေါ်သို့ ရေလွှမ်းမိုးမှု စတင်ရင်ဆိုင်နေရပြီး ရေဆက်လက်တက်လာပါက ကယ်ဆယ်ရေးစခန်းများဖွင့်ရန် ပြင်ဆင်ထားကြောင်း မြို့နယ်ထွေအုပ်ရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဇူလိုင်လအတွင်း အလယ် ပိုင်းဒေသအချို့မှလွဲ၍ မြန်မာ နိုင်ငံ အနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြစ်ကြီးများတွင်လည်း ရေတက်လာခဲ့သည်။

သံလွင်မြစ်သည် စိုးရိမ်ရေမှတ်အထက်သို့ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ရောက်ခဲ့ပြီး လှိုင်းဘွဲ့မြို့တွင် ရေလွှမ်းမိုးခဲ့သောကြောင့် ဒေသခံ လူဦးရေ လေးရာကျော်အတွက် ရေဘေးစခန်းဖွင့်ခဲ့ရသည်။Screenshot_20181210-191715.jpg

Sort:  

Congratulations @mainmainkyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got a First Vote
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @mainmainkyi! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54864.63
ETH 2298.49
USDT 1.00
SBD 2.30