ိႈမွိ ု

in #writing6 years ago

လူသိအများဆုံး စားကောင်းသည့် မှိုကို ရုက္ခဗေဒအလိုအရ အက်ဂါရိကပ် ကမ်ပက်စထရစ်ဟု ခေါ်သည်။ မှိုကို ကောင်းမွန်စွာ ချက်ပြုတ်လျှင် လွန်စွာ အရသာရှိသည်။ အရသာပင်ရှိသော်လည်း အာဟာရ ဖြစ်စေရာတွင်မူ အရည် ရွမ်းသည့် ဂေါ်ဘီထုပ် အရွက်များနှင့် မထူးခြားလှဟု အာဟာရ ပညာရှင်များက ဆိုသည်။

မှို
Lentinula edodes.jpg
ရှီတာကီမှို
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက
Fungi
မျိုးပေါင်းစု
Basidiomycota
မျိုးပေါင်း
Agaricomycetes
မျိုးစဉ်
Agaricales
မျိုးရင်း
Tricholomataceae or Marasmiaceae or Omphalotaceae
မျိုးရင်းသေး
မျိုးဇာတ်
မျိုးစု
Lentinula
မျိုးစိတ်
L. edodes
မှို၏ အဓိက အစိတ်အပိုင်းသည် မြေအောက်၌ တည်ရှိ၏။ ထိုအပိုင်းသည် ပင့်ကူအိမ်နှင့်တူ၍ အမျှင်များ ရှိတတ်သည်။ တစ်ခါတစ်ရံတွင် သက္ကလတ်ကြမ်း အစတစ်ခုကဲ့သို့ စုနေ တတ်သည်။ မှိုပင်၏ ထိုအစိတ် အပိုင်းကို မိုင်စီလီယမ်ဟု ခေါ်သည်။ လူသိများသော ထီးပုံသဏ္ဌာန်ရှိသည့် မှိုပွင့်သည် စင်စစ်အားငြဖ့် မိုင်စီ လီယမ်မှ ပေါက်ထွက်လာသော ပင်ရိုး သာဖြစ်သည်။ ထိုပင်ရိုးကို အခြားအပင်မျိုးမှ အသီးနှင့် နှိုင်းရှည့်နိုင်သည်။ ထိုသို့ နှိုင်းရှည့်နိုင်ခြင်းမှာ ယင်းမှ ဆဲ များကို ပျံ့ထွက်စေပြီးလျှင် မှိုပင် အသစ်များကို ပေါက်စေခြင်း ကြောင့် ဖြစ်သည်။ မှို၏ ထီးပုံသဏ္ဌာန် အစိတ်အပိုင်းကို စပိုရိုဖိုးဟု ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် စပိုးခေါ် မျိုးမှုန်များကို သယ်ဆောင်ထားခြင်းကြောင့် ဖြစ် သည်။ ထိုကြောင့် စပိုရိုဖိုးကို မျိုးအိမ်ဟု ခေါ်နိုင်သည်။

ပင်ရိုး၏ထိပ် မျိုးမှုန်အိမ်အတွင်း၌ ပေါက်စပြုနေသော အစိတ် အပိုင်းကို အငုံဟု ခေါ်၍ အငုံမှ ထီးကဲ့သို့ ကားထွက်လာ သည်။ မှိုပင်ကြီးရင့်လာသောအခါ ထိုထီးပုံသဏ္ဌာန်ရှိသော အစိတ်အပိုင်း၏ အောက်ဘက်တွင် အလွှာတန်းကလေးများ ရှိနေသည်ကို တွေ့နိုင်သည်။ ထိုအလွှာတန်းကလေးများတွင် မျိုးမှုန်ကလေးများ ရှိသည်။ အဆိုပါ မျိုးမှုန်းကလေးများသည် ဆဲကလေးများဖြစ်သဖြင့် မှိုပင် အသစ်ကလေးများ စိုက်ပျိုးရန် အထူးသင့်လျော်လေသည်။ မျိုးမှုန်တစ်ခုကို ရိုးရိုး မျက်စိဖြင့် မမြင်နိုင်။ မိုက္ကရိုစကုပ် (အဏုကြည့် မှန်ပြောင်း)ဖြင့် ကြည့်မှ မြင်နိုင်သည်။
မှိုကို အလွန်ရှေးကျလှသည့် အခါကပင် လူတို့ ကြိုက် နှစ်သက်ခဲ့ကြသည်။ ဂရိနှင့် ရောမလူမျိုးတို့သည် မှိုကို ကြိုက် နှစ်သက်စွာ စားသုံးခဲ့ကြသည်။ မှိုကို စားသည့် လူဦးရေသည် ဥရောပတိုက်တွင် အမေရိကတိုက်ပင် ပို၍များသည်ဟု ဆိုသည်။

ရုက္ခဗေဒပညာရှင်များက စားကောင်းသည့်မှိုနှင့် အဆိပ် ဖြစ်စေသဖြင့် မစားကောင်းသည့် မှိုဟူ၍ မှိုကို အုပ်စု နှစ်ခု မခွဲခြားကြချေ။ စားကောင်းသည့်မှိုသည် အုပ်စုတစ်ခုတည်းဝင် အဆိပ်သင့်စေသောမှို၏ အနွယ် ဖြစ်ကောင်းဖြစ်ပေမည်။ စား ကောကင်းသည့်မှိုနှင့် မစားကောင်းသည့်မှိုများကို ကျွမ်းကျင်သူ များသာလျှင် ခွဲခြားနိုင်ပေသည်။

မှိုမျိုးရင်း၌ သိပြီးမှို မျိုးစိတ်ပေါင်း ၃၈ဝဝဝ ခန့်ရှိသည်။ မှိုတစ်မျိုးစီသည် တစ်မျိုးနှင့်တစ်မျိုး ပုံသဏ္ဌာန်၌လည်းကောင်း၊ အရောင်၌လည်းကောင်း ကွဲပြားသည်။ သာမန် ထီးပုံသဏ္ဌာန်၊ သို့မဟုတ် သန္တာပုံသဏ္ဌာန် ကဲ့သို့လည်းကောင်း၊ သို့မဟုတ် ပန်းပင်၏ အကိုင်းပုံသဏ္ဌာန်ကဲ့သို့လည်းကောင်း ဖြာထွက်နေ တတ်သည်။ အရောင်တွင်လည်း အဖြူမှ နီရဲရဲအထိနှင့် မွဲပြာ ရောင် ခပ်ခြောက်ခြောက်မှ ကတ္တီပါကဲ့သို့ တောက်ပြောင်၍ အညိုကောင်အထိ ရှိတတ်သည်။မှိုသည် ရေငွေ့ အမြောက်အမြားကို လို၏။ နွေကူးရာသီ၊ နွေရာသီ၊ သို့မဟုတ် ဆောင်းကူးရာသီတို့၌ မိုးတစ်ကြိမ်နှစ်ကြိမ် လောက် ရွာအပြီးတွင် မှိုများ ရုတ်တရက် ပေါက်လာသည်ကို တွေ့ရသည်။

မှိုကို လူကြိုက်များသဖြင့် အချို့က စီးပွားရေးအဖြစ် စိုက်ပျိုးယူကြသည်။ အထူးသဖြင့် ဥရောပတိုက်တွင် စိုက်ယူကြ သည်။ မှိုကို စိုက်ပျိုးရာတွင် အထူးပြုပြင်ထားသည့် ဆွေးမြည့် နေသော နွားချေး၊ သို့မဟုတ် မြင်းချေးများကို အသုံးပြုကြ သည်။ အပူချိန် သင့်တော်သောအခါ မှိုဥများကို ထိုသို့ အထူး ပြုပြင်ထားသည့် မြေဩဇာ၏ အောက်ဘက်တွင် တစ်ပေခန့်စီ ခွာ၍ စိုက်ပျိုးလေ့ရှိကြသည်။

မြန်မာနိုင်ငံတွင် ပေါက်ရောက်သော မှိုများတွင် တောင်ပို့မှို ခေါ် မှိုခြေတံရှည်သည် အထင်ရှားဆုံး ဖြစ်သည်။ ထိုမှိုသည် အမည်နှင့်လိုက်ဖက်အောင် တော်သလင်းလ၌ တောင်ပို့များတွင် ပေါက်ရောက်တတ် သည်။ ဤကဲ့သို့ တောင်ပို့များပေါ်တွင် ပေါက်ရောက်တတ်သော အခြားထင်ရှားသည့် မှိုများမှာ မှိုဦး နက်နှင့် မှိုခြေတံကြီးဖြစ်သည်။ မှိုဦးနက်တွင် မှိုပွင့်၏ ထိပ်၌ အနက်ကွက်ပါရှိ၍ တစ်မိုးတွင်းလုံး ပေါက်တတ်သည်။ မှို ခြေတံကြီးမှာ ခြေတံ၌ပါရှိသော အဖုကြီးကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်သည်။ မှိုဦးနက်ကဲ့သို့ပင် တစ်မိုးတွင်းလုံး ပေါက်တတ် သော်လည်း တစ်နေရာတည်း၌ တစ်ကြိမ်လျှင် သုံးလေးပွင့် ထက်ပို၍ တွေ့ရခဲ့သည်။ တောင်ပို့မှိုကဲ့သို့ အလားတူ ထင်ရှား သော အခြားမှိုတစ်မျိုးမှာ အထက်ပိုင်း၌ ငှက်ကွေ့စား၊ သို့ မဟုတ် မှိုဖြူဟုခေါ်သည်။ ဤမှိုမျိုးသည် နယုန်လလောက် တွင် လှိုင်လှိုင်ကြီး ပေါက်ရောက်တတ်၍ တစ်ခါတစ်ရံ ဤမှို များ ပေါက်ရောက်တတ်သော နေရာ အကျယ်အဝန်းမှာ မြင်း တစ်ပြေးတည်းရှိသည်ဟု အဆိုရှိသည်။ ရှင်ပြသော မျက်နှာ ရှိသူကို မှိုရသော မျက်နှာဟု တင်စားသုံးစွဲကြရာ၌ ဖက်သွတ်မှို ကဲ့သို့ မှိုခင်ကြီးကို တွေ့ရသူဟု ဆိုလိုဟန်တူသည်။ အခြား ထင်ရှားသော မှိုများမှာ မိုးတွင်း၌ ပေါက်ရောက်တတ်သည့် ဝါးမှို၊ နယုန်လ လောက်၌ ပေါက်ရောက်တတ်သော မှိုကြက် တောင်၊ မိုးဦးကျတွင် ပေါက်ရောက်တတ်သော ကောက်ရိုးမှိုနှင့် မြက်ကြားမှိုခေါ် ဆန်ကွဲမှိုများ ဖြစ်သည်။ အထက်ပါ မှိုများမှာ စားကောင်းသောမှိုများဖြစ်သော်လည်း အလေ့ကျသာ ပေါက် ရောက်တတ်သဖြင့် မှိုရှာသူများသည် အဆိပ်ရှိသော မှိုများနှင့် မမှားရအောင် အလွန် သတိကြီးစွာ ထားရသည်။ မှိုဥအမျိုးမျိုး မှာလည်း မှိုထဲ၌ အကျုံးဝင်သည်။ မြန်မာနိုင်ငံတွင်ရှိသော မှိုဥ တစ်မျိုးမှာ ကဆုန်၊ နယုန်လများ၌ တောင်ကုန်းများတွင် ပေါက်ရောက်တတ်သည်။ မှိုဥဟူသမျှမှာ အဆိပ်အတောက် ကင်း၍ ယင်းတို့ကို လူတို့ စားသုံးကြသည်။ သို့သော် အရသာ မှာ အမျိုးမျိုး ကွဲပြားကြ၍ အချို့သော မှိုဥများ၌ ခါးသက်သော အရသာပင်ရှိသည်။ မှိုဥများ ကြီးရင့်လာသောအခါ အထဲ၌ အမျှင်များနှင့် မျိုးမှုန်များ ဖြစ်လာသဖြင့် ငယ်၍ နုနေသော အခါ စားသုံးရန် အကောင်းဆုံးဖြစ်သည်။ သို့သော် အဆိပ်ကို ဖြစ်စေတတ်သည့် မှိုအချို့သည် အပင်ပေါက်စ၌ အလုံးပုံရှိ၍ ဤမှိုများနှင့် မမှားယွင်းရအောင် အထူးဂရုပြုရသည်။ မှိုဥများ ပေါက်ကွဲသွားသောအခါ အထဲ၌ရှိသော မျိုးမှုန်တို့သည် မီးခိုး ကဲ့သို့ ထွက်လာလေသည်။မှိုများကို စား၍ အဆိပ်တောက်ပြီးလျှင် သေဆုံးမှုများကို ကျွန်ုပ်တို့ မကြာခဏ ကြားရသည်။ တစ်ခါတစ်ရံ အိမ်လုံး ကျွတ်လိုပင် မှိုတောက်၍ မူးဝေခြင်း၊ အော့အန်ခြင်း စသော ဝေဒနာကို အပြင်းအထန် ခံစားရတတ်သည်။ ဤသို့ဖြစ်ရခြင်း အကြောင်းကို သေချာစွာ စေ့ငုကြည့်သောအခါ များသောအား ဖြင့် လူတို့သည် အမန်နီတာခေါ် အဆိပ်ရှိသော မှိုကို စား သောက်မိခြင်းကြောင့်ဖြစ်ကြောင်းကို တွေ့ရသည်။ အချို့သော သူတို့ မှာ စားကောင်းသောမှိုများကို စားလျက်နှင့်ပင် မှို တောက်၍ သေဆုံးသွားတတ်ရာ ဤသို့ ဖြစ်ရခြင်းမှာ ပုပ်သိုး နေသော မှိုများကို စားသောက်၍ ဖြစ်ရသည်ဟု ထင်မှတ်ဖွယ် ရာရှိသည်။ အကယ်၍ မှိုကြောင့် အဆိပ်အတောက်ဖြစ်ခဲ့သော် လူနာကို အနီးဆုံး ဆရာဝန်ထံသို့ မြန်နိုင်သမျှ မြန်အောင် ပို့ဆောင်ပေးရပေမည်။ အဆိပ်တောက်ခါစ လူတွင် ဖြစ်ပျက် တတ်သော လက္ခဏာများမှာ အော့အန်ခြင်း၊ ဓာတ်လျှောခြင်း၊ တံတွေးများစွာထွက်ခြင်း၊ ဆီးချုပ်ခြင်း၊ မျက်လုံးဝေလာခြင်းများ ဖြစ်ပြီးလျှင် ထိုင်းမှိုင်းခြင်း၊ ချွေးထွက်ခြင်းနှင့် နှလုံး သွေးအား နည်းခြင်း စသည်များ ဖြစ်လာတတ်သည်။ ကုမရသော ဝေဒနာ တွင် နှစ်ရက်သုံးရက်မျှ ထိုင်းမှိုင်း နေပြီးလျှင် လူနာသည် သွေးအားနည်း၍ သေဆုံးသွားလေသည်။ မှိုကြောင့် အဆိပ် တောက်နေသော လူတစ်ယောက်ကို ကုစားရာ၌ စားသောက် ထားသောမှိုကို အစာလမ်းကြောင်းမှ ထုတ်ပစ်ပြီးလျှင် အက်တြို ပင် ကဲ့သို့သော ဆေးကို ထိုးပေးရလေသည်။ [၁]Screenshot_20181209-095905.jpg

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54864.63
ETH 2298.49
USDT 1.00
SBD 2.30