သံလွင်မြစ်

in #writing6 years ago

အရှည် ၁၇၄၉မိုင် (၂၈၁၅ကီလိုမီတာ)
ဖြတ်သန်းရာဒေသ တရုတ်နိုင်ငံ(တိဗက်ဒေသ၊ယူနန်ပြည်နယ်)၊ မြန်မာနိုင်ငံ(ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်)
ထိုင်းနိုင်ငံ

မြစ်လက်တက်များ Moei မြစ်၊Pai မြစ် (ထိုင်းနိုင်ငံ)
အဆုံးသတ်စီးဝင်ရာ အက်ဒမန်ပင်လယ်၊ အိန္ဒိယသမုဒ္ဒယာ
သံလွင်မြစ်ဝှမ်းလွင်ပြင်ဒေသသည် ဧရိယာ ၃၂၀,၀၀၀ ကီလိုမီတာအထိ ကျယ်ဝန်းပြီးရေဝေဒေသသည် တရုတ်နိုင်ငံ တွင် (၅၃%)၊ မြန်မာနိုင်ငံတွင် (၄၂%) နှင့် ထိုင်းနိုင်ငံတွင် (၅%) ရှိပါသည်။ ဟိမဝန္တာတောင်တန်းများမှသည် မုတ္တမပင်လယ်ကွေ့အထိ မြစ်ဝှမ်းဒေသတလျှောက်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသက်မွေးဝမ်းကျောင်းကိစ္စများအတွက်ရော၊ ယဉ်ကျေးမှုအတွက်ပါ အရေးပါသည့်မြစ်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများဆုံးစုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်ပါသည်။ သံလွင်မြစ်၏ မြစ်ဝှမ်းနှင့် မြစ်လက်တက်များ၏ ရေဝေဒေသများတွင် နေထိုင်ကြသူ တိုင်းရင်းသားလူမျိုး ၁၃ အုပ်စုရှိပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသည့် ရှမ်း၊ ၀၊ ကရင်နီ၊ ကရင်၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ လားဟူ၊ ပဒေါင်၊ အာခါ၊ လီဆူး လူမျိုးများ အပါအဝင် ဖြစ်ပါသည်။ အခြားတိုင်းရင်းသား အုပ်စုများသည်လည်း တရုတ်နိုင်ငံရှိ မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြပါသည်။
သံလွင်မြစ်သည် မြန်မာနိုင်ငံ၏အရှည်ဆုံးမြစ်ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။ ဤမြစ်သည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသ (မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်း) ကိုလည်းကောင်း ဖြတ်သန်း၍ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်(အက်ဒမန်ပင်လယ်)အတွင်းသို့ စီးဝင်သည်။ စုစုပေါင်း အရှည်သည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ)ရှိသော်လည်း မြန်မာနိုင်ငံအတွင်း၌မူမိုင် ၆၅ဝ သာရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ်တစ်စင်းလည်း ဖြစ်သည်။
သံလွင်မြစ်သည် ခရီးရှည်ကြီးကို ဖြတ်သန်းချီတက်လာရသည့် အားလျော်စွာ ၎င်းဆုံတွေ့ခဲ့ရသည့် လူမျိုးများအလိုက် အမည်နာမကွဲ အမျိုးမျိုးလည်း ခေါ်ဝေါ်ခဲ့ရပါသည်။ တရုတ်နိုင်ငံတွင် သံလွင်မြစ်ကို နူကျန်း(နူဂျင်းမြစ်) (Nu Jiang River)ဟု ခေါ်ဝေါ်ကြပြီး၊ ရှမ်းလူမျိုးများက နမ့်ခုမ်း(နမ်ခေါင်)ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံတွင် သံလွင်မြစ်ဟုခေါ်ပြီး၊ ဤအသံထွက်ကိုပင် အင်္ဂလိပ်ဘာသာအားဖြင့် "ဆာလဝင်း" (Salween)ဟုအသီးသီး ခေါ်ဆိုကြပါသည်။ ဤအမည်သည်ပင် ယခုတိုင် ကမ္ဘာကခေါ်ဆိုနေကြသည့် အမည်ဖြစ်ပါသည်။
သံလွင်မြစ်ကမ်းမှာ နေထိုင်ကြတဲ့သူတွေကတော့ တံငါလုပ်တယ်။ တချို့ သစ်ဝါး မျှောတယ်။ ရွှေကျင်တယ်။ သံလွင်ရွှေကတော့ မာတယ်။ ရွှေဝါရောင် ဖျော့တယ်။ သံလွင်မြစ်ကမ်းရှိ သဲသောင်ပြင် ကျောက်ခဲပြင်တွေဟာ လွန်စွာလှပတယ်။ အမဲရောင်ရှိတဲ့ သံလွင်ကျောက်ခဲဟာ ချစ်စရာကောင်းတယ်။ ရွှေစစ်မစစ် စမ်းသပ်ရာမှာ အသုံးဝင်တယ်။ သံလွင် ကျောက်ခဲဟာ နှစ်ပေါင်းများစွာ မိုင်ပေါင်းများစွာ ရေတိုက်စားလာတဲ့ကျောက်ဖြစ်တဲ့အတွက် အချို့ပြားချပ်ပြီး လှပစွာ ဝိုင်းနေတာတွေ့ရတယ်။ အနက်ရောင် ကျောက်ပြားဝိုင်းတွေ အရွယ်အစား အမျိုးမျိုးရှိတယ်။ သံလွင်သဲမှုန့်ကတော့ မြေမရောတဲ့ သဲမှုန့်အစစ်ဖြစ်လို့ အဆောက်အဦဆောက်တဲ့နေရာမှာ အသုံးဝင်၏။လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်းတွင် သံလွင်မြစ်ပေါ်၌ တည်ဆောက်ထားသည့် တာတမံပေါင်း ၁၃ ခု ရှိနေပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် တာဆန်း၊ ဟက်ကြီး အပါအဝင် အကြီးစား ဆည်မြောင်းတာတမံ စီမံကိန်း ၃ ခုထက်မနည်း ဆက်လက်တည်ဆောက်ရန် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် သဘောတူညီမှုရယူပြီးဖြစ်သည်။

မြစ်ဝှမ်းတလျှောက်တွင် လူဦးရေ အထူထပ်ဆုံးနေထိုင်ကြသည့် နေရာမှာ မြစ်ဝနေရာဖြစ်ပြီး မြစ်ကြောင်းမှ ပို့ချလာသည့် မြေဆီဩဇာများဖြင့် ကြွယ်ဝသည့် ဧက ထောင်ချီရှိသည့် လယ်ယာမြေများကို အမှီပြုနေထိုင်ကြခြင်း ဖြစ်ပါသည်။ ဤဒေသများတွင် လူအများက မိုးရာသီတွင် စပါးစိုက်ပျိုးကြပြီး၊ နွေရာသီများတွင် မြစ်ကမ်းပါး၌ ဥယျာဉ်များ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ ထို့အပြင် တနှစ်ပတ်လုံး ငါးဖမ်းလုပ်ငန်းဖြင့်လည်း အသက်မွေးကြပါသည်။

သံလွင်မြစ်ဝှမ်းဒေသသည် ဂေဟဗေဒစနစ်အရ၊ ယဉ်ကျေးမှုအရ မျိုးကွဲစုံလင်ကြွယ်ဝသည့် ဒေသဖြစ်ပါသည်။ သို့အတွက် ကြောင့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာက အလေးပေးထိန်းသိမ်းစောင့်ရှောက် ရမည့်ဒေသတခုအဖြစ် သတ်မှတ်ထားပါသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းကို အပြိုင်သဖွယ် ဖြတ် ၍ စီးဆင်းနေသည့် ယန်ဇီး၊ မဲခေါင်၊ သံလွင်မြစ်များ အထက်ပိုင်းမှသည် အောက်ပိုင်းဖြတ်သန်းရာ ဒေသများကို ဤသို့ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ UNESCO အဖွဲ့၏ အဆိုအရ ဤဒေသများသည် ရာသီဥတုသမမျှတသည့် ဒေသဖြစ်ပြီး၊ မျိုးကွဲ ဇီဝသတ္တ အစုံလင်ဆုံးဒေသလည်း ဖြစ်ပါသည်။ အလားတူပင် ထိုင်းအစိုးရကလည်း သံလွင်မြစ်ကမ်းလျှောက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်တောများကို အရေးပါသည့် နိုင်ငံတကာမုတ်သုန်တောစိမ်းများအဖြစ် ၂၀၀ဝ ခုနှစ်က သတ်မှတ်ထား ခဲ့ပါသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် သံလွင်မြစ်ကမ်းပါးတွင် နေထိုင်ကြသည့်ပြည်သူများ၏ အဆိုအရ သံလွင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များတွင် ရွှေ့ပြောင်းမှီတင်းနေထိုင်ကြသည့် ငါးမျိုးစိတ်ပေါင်း တရာကျော်ရှိသည်ဟု ဆိုပါသည်။ ဤငါးများ သည် ထိုင်းလူမျိုးများအတွက်သာမက မြန်မာနိုင်ငံရှိ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူ တိုင်းရင်း သားတို့အတွက်လည်း အရေးပါသည့် အစားအသောက်ရင်းမြစ်များ ဖြစ်ပါသည်။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်တလျှောက်ရှိ သစ်တောများသည်လည်း ပထဝီအရ၊ ဇီဝသဘောအရ နယ်ခြားသဖွယ် ဖြစ်နေစေပြီး မတူကွဲပြားသည့် မျိုးစိတ်များဖြင့် ကြွယ်ဝလှပါသည်။ အိန္ဒိယ-တရုတ် ဒေသငယ် (Indo-Chinese sub-region) သည် တရုတ်-ဟိမဝန္တာ (အိန္ဒိယ) ဒေသငယ် (Sino-Himalayan sub-region) နှင့် ဆုံတွေ့ရာနေရာလည်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် ဇီဝသတ္တမျိုးကွဲများ အမျိုးစုံကြွယ်ဝပြီး ဟိမဝန္တာတောင်တန်းနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ တို့တွင် တွေ့ရှိရသည့် အပင်များ၊ တိရိစ္ဆာန်များကိုလည်း ဤဒေသတွင် အလားတူ တွေ့ရှိနိုင်ပါသည်။ အလားတူ အင်ဒိုချိုင်းနားဒေသတွင် တွေ့ရသည့် ဇီဝသတ္တမျိုးကွဲများကိုလည်း ဤဒေသတွင် တွေ့ရှိရပါသည်။

သံလွင်မြစ်ဝှမ်းဒေသသည် တောရိုင်းတိရိစ္ဆာန်များနှင့် ငါးမျိုးများသာ ကြွယ်ဝစုံလင်ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ် ဖြတ်သန်းရာ ဒေသသည် ကမ္ဘာ၏ ကျွန်းသစ်အကြွယ်ဝဆုံး ဒေသအဖြစ်လည်း ဂေဟဗေဒပညာရှင်များက သတ်မှတ်ပြောဆိုကြပါသည်။ ဤဒေသရှိ ကျွန်းတောများမှာ မြစ်စီးဆင်းရာ ဒေသတလျှောက်တွင် ထူထဲစွာ ပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ အခြားဒေသများရှိ ကျွန်းတောများနှင့်ပင် ခြားနာမှု ရှိပါသည်။ အခြားဒေသများတွင် ကျွန်းတောများ ပေါက်ရောက်ပုံမှာ ကျိုးကြဲနိုင်လှသည်ဟု ဆိုပါသည်။ မြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဤကျွန်းတောများသည် တည်ဆောက်ရန် လျာထားသည့် တာဆန်းဆည်ကြောင့် ပျက်စီးဖွယ်ရှိနေပြီး၊ ရှမ်းပြည်နယ် အတွင်း နောက်ဆုံးကျန်ရှိတော့သည့် သစ်တောနေရာများလည်း ဖြစ်ပါသည်။
သံလွင်မြစ်သည် တိဗက်ပြည်အရှေ့ဘက်ရှိ တန်ဂလာတောင်တန်းတွင် မြစ်ဖျားခံ၍ တရုတ်နိုင်ငံ ဆီကျန်ပြည်နယ်ဘက်သို့ အနောက်မှအရှေ့စီးဆင်းလာပြီးလျှင် လတ္တီတွဒ် ၃ဝံ နေရာ ရောက်သောအခါ အရှေ့တောင်ဘက်သို့ မြစ်ကြောင်းပြောင်းကာ ယူနန်နယ်ဘက်သို့စီးဝင်သည်။ ယူနန်နယ်တွင်မြောက်မှ တောင်သို့စီးဆင်းလာပြီးနောက် လတ္တီတွဒ် ၂၇ံ နေရာသို့ရောက်သောအခါ အနောက်ဘက်ရှိနမ့်မိုင်ခမြစ် အရှေ့တောင်ဘက်သို့မြစ်ကြောင်းပြောင်းကာ ယူနန်နယ်ဘက်သို့စီးဝင်သည်။

ယူနန်နယ်တွင်မြောက်မှ တောင်သို့စီးဆင်းလာပြီးနောက် လတ္တီတွဒ် ၂၇ံနေရာသို့ရောက်သောအခါ အနောက်ဘက်ရှိနမ့်မိုင်ခမြစ် (ဧရာဝတီမြစ်အစ မြစ်ခွတစ်ခု)နှင့် ရေဝေကုန်းတန်းတစ်ခုသာ ခြား၍ အရှေ့ဘက်ရှိမဲခေါင်မြစ် နှင့် မိုင် ၃ဝ ခန့်သာ ကွာလှမ်းတော့သည်။ လတ္တီတွဒ်၂၄ံတွင် မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာကာ ရှမ်းပြည်နယ်အတွင်း သိန္နီနယ်၊ ကိုးကန့်နယ်၊ ဝနယ်၊ မိုင်းလွန်းနယ်၊ ကျိုင်းတုံနယ်၊ မိုင်းပန်နယ်၊ မောက်မယ်နယ် တို့ကိုလွန်ပြီးနောက် ကယားပြည်နယ်ကိုဖြတ်စီးသည်။ ကယားပြည်နယ်ကိုလွန်သော် ယိုးဒယားနှင့် ကရင်ပြည်နယ်တစ်လျှောက် နယ်ခြားသဖွယ်စီးဆင်းလာပြီးနောက် ကရင်ပြည်နယ်တွင်းကိုဖြတ်စီးကာလတ္တီတွဒ် ၁၆.၅ံ နေရာတွင်မော်လမြိုင်မြို့အနီးမှ မုတ္တမပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။

မုတ္တမပင်လယ်ကွေ့ထဲသို့စီးဝင်ရာတွင် မြစ်ဝနှစ်ခုခွဲထွက်သည်။ တစ်ခုသည်ဘီလူးကျွန်းမြောက်ဘက်မှ ဒရယ်ပေါက်မြစ်အဖြစ်စီးသွား၍ ကျန်တစ်ခုသည် အရှေ့မှမော်လမြိုင်မြစ် အဖြစ် စီးထွက်သည်။ ဒရယ်ပေါက်မြစ်သည်လှေသမ္ဗာန်များသာဝင်ထွက်သွားလာနိုင်သော်လည်း မော်လမြိုင်မြစ်ဘက်မှမူ ပင်လယ်ကူးသင်္ဘောကြီးများသည်မော်လမြိုင်မြို့အထိဝင်ထွက်သွားလာနိုင်သည်။ ပေ ၁ဝဝ ခန့်ရှည်သော သင်္ဘောများသည်မော်လမြိုင်မြို့မှအထက် ၆၃ မိုင်ဝေးသော ရွှေဂွန်းမြို့အထိ ဆန်တက်သွားလာနိုင်သည်။ သို့ရာတွင် နွေရာသီ ရေနည်းသည့်အခါ၌ ရွှေဂွန်းမြို့အောက် ၁၂ မိုင်ဝေးသောနေရာမှနေ၍ ပို၍ငယ်သော သင်္ဘောကလေးပေါ်ပြောင်း၍ဆန်တက်ရသည်။ မော်တော်ဗုတ်နှင့် လှေသမ္ဗာန်များသည်နွေရာသီတွင် ရွှေဂွန်းမြို့အထက် ၂၈ မိုင်ဝေးသောမဲဆိပ်မြို့အထိ ဆန်တက်နိုင်သည်။ သံလွင်မြစ်ကိုတိဗက်ပြည်တွင် ဂျာမိုငိုချူမြစ်ဟုလည်းကောင်း၊ နက်ချူမြစ်ဟုလည်းကောင်းခေါ်၍ တရုတ်နိုင်ငံတွင် လူကျန်မြစ်ဟုလည်းကောင်း၊ နုကျန်မြစ်ဟုလည်းကောင်း၊ ဖုတ်ဆုကျန်မြစ်ဟုလည်းကောင်းခေါ်ပြီးလျှင် ရှမ်းတို့က နမ့်ခေါင်မြစ်ဟု ခေါ်သည်။

Screenshot_20181210-173935.jpgScreenshot_20181210-173928.jpg

Sort:  

Congratulations @mahawthada! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 100 upvotes. Your next target is to reach 250 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @mahawthada! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 60606.72
ETH 2910.13
USDT 1.00
SBD 2.44