ဖြုတ်ချတာကမလွယ်ပါဘူး

in #writing8 years ago

အကြောက်းကတော့ကမ္ဘာ့သမိုင်းတွင် ပစ္စည်းမဲ့လူတန်းစားက နိုင်ငံတော်အာဏာ ကို ရရှိလိုက်သည့် ပထမဆုံးသော တော်လှန်ရေးကြီး ဖြစ်ပါလေ၏ ကမ္ဘာပေါ်တွင် အလုပ်သမားနှင့်လယ်သမားကို ကိုယ်စားပြု သော တူတံဇင်အမှတ်အသားကို နိုင်ငံတော်အလံအဖြစ် ပထမဆုံး အကြိမ် တွေ့မြင်ကြလေ၏ကားလ်မာ့က်စ်နှင့်အိန်ဂယ်တို့က ကွန်မြူနစ်ပါတီကြေညာ စာတမ်းတွင် စစချင်း ပြောကြားလိုက်သော ဥရောပတိုက်ကို ခြောက် လှန့်နေသည့် တစ္ဆေကြီးတကောင်မှာ တစ္ဆေကြီးတကောင်မဟုတ်ပါ သက်ရှိထင်ရှား လူသားစင်စစ်ဖြစ်ကာ အရင်းရှင်ကမ္ဘာနှင့် နယ်ချဲ့တကာ ကိုစိန်ခေါ် ကိုင်လှုပ်လိုက်လေ၏နိုင်ငံတကာအရင်းရှင်များ တကယ်ပင် ကြောက်ဒူးတုန်ကုန်ကြလေတော့၏ဆိုရှယ်လစ်စနစ် ကွန်မြူနစ်ဝါဒဆိုသည်မှာ စာအုပ်ထဲမှာသာ ရှိသည့်အရာမဟုတ်ပါလေလက်တွေ့အရာများဖြစ်ကြောင်း တကမ္ဘာလုံးကို ပြသခဲ့ပါလေ၏နယ်ချဲ့သော အဆင့်သို့ ရောက်နေသည့် အရင်းရှင်စနစ်ကို တော်လှန်ဖြုတ်ချ၍ရကြောင်း ကမ္ဘာကို သက်သေပြလိုက်လေ၏အောက်တိုဘာ တော်လှန်ရေးကြီး၏ အရင်မှာ ပေါ်ပေါက် ခဲ့သော ပဲရစ်ကွန်မြွန်း၏ ရှုံးနိမ့်မှုကြောင့် တော်လှန်ရေးဆိုလျှင် စိတ်တွင် မပြတ်မသားဖြစ်နေသော ကမ္ဘာ့ပြည်သူများအတွက် အလင်းရောင်ကြီး ဆောင်ကြဉ်းပေးခဲ့ပ်လေ၏

Sort:  

you're making steemit a great community with your content ladyrose! keep it up!

Thanks you.

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.034
BTC 111473.39
ETH 4424.48
SBD 0.84