သမီးလေး

in #writing7 years ago

ထွန်းကျော် တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်သည်။ ထို့ နောက် အိမ်ထဲမှ လှမ်းထွက်ခဲ့လိုက်၏။ ခြေလှမ်းတို့ ဦးတည်ရာက ကိုဇော်ဝင်း၏ အရက်ဆိုင်သို့ ဖြစ်သည်။ ဒီလောက်တောင် ဖြစ်လှတာ တမင်တကာကို ရွဲ့ ပြီး သောက်ပြလိုက်ဦးမည်ဟုလဲ တွေးလိုက်၏။ ပါးစပ်က ပွစိပွစိဖြင့် ပူညံပူညံ လုပ်တာလောက် စိတ်ပျက်တာ မရှိတော့။ ဒီမိန်းမ ကိုယ်ဝန်ရှိလာမှ ပိုစကားများလာသည်။ ဟိုဟာ ချုပ်ချယ်၊ ဒီဟာ ချုပ်ချယ်ချင်ဖြင့် သူ့ ကို လွှမ်းမိုးဖို့ ကြိုးစားလာသည်ဟုလဲ ထင်မိသည်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သည့် သူကလဲ ကိုယ့်ကို ချုပ်ချယ်လာလျှင် နဲနဲမှ သဘောမတွေ့ ပြန်ကန့် လန့် တိုက်လိုက်ရမှ ကျေနပ်တတ်၏။ ခုလဲ သူတို့ ဘော်လုံးအသင်း နိုင်လာသောကြောင့် ရပ်ကွက်က ကိုဇော်ဝင်းဆိုင်တွင် ဂုဏ်ပြုပွဲလေး လုပ်ပေးသည်။ ပုံမှန်ဆိုလျှင် သူသောက်လေ့ သောက်ထမရှိသော်လဲ ခုလို အထိမ်းအမှတ်ပွဲမျိုးတွင် တစ်ခွက်တလေတော့ သောက်ဖြစ်သည်။ လူမှုရေးက ရှိသေးသည် မဟုတ်လား။ ခုတော့ မကောင်းတတ်လို့ တစ်ခွက်လောက် သောက်ဖြစ်လာခဲ့သည်ကို ဇာချဲ့ ကာ တဗျစ်တောက်တောက် ပြောလာတော့ ကန့် လန့် တိုက်ချင်စိတ်က ခေါင်းထောင်ထလာသည်။ ထို့ ကြောင့် စောစောကမှ ပြန်လာခဲ့သည့် ကိုဇော်ဝင်း အရက်ဆိုင်သို့ နောက်တစ်ခေါက် ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယောက်ကျားများ ခုလို အရွှဲ့ တိုက်တတ်အောင် မိန်းမများက တဗျစ်တောက်တောက်ဖြင့် တွန်းအားပေးနေခြင်းလားဟုလဲ တွေးလိုက်မိသ
ဟဲ့... ထွန်းကျော် နင့်တစ်ကိုယ်လုံး အရက်စော်တွေ ဒီလောက် နံစော်နေတာကို ကလေးက ဘယ်လိုခံနိုင်မှာလဲ... ပေး... ပေး ကလေးကို"

မိခင်ဖြစ်သူ၏ အော်ငေါက်သံနှင်အတူ သူ့ လက်ထဲမှာ သမီးလေးကို ဆတ်ကနဲ ဆွဲယူသွားခြင်း ခံလိုက်ရ၏။ သူ့ ရင်ထဲတွင် ဝမ်းနည်းမှုက လှိုက်ကနဲ တက်လာသည်။ ထို့ နောက် သူအိမ်ထဲမှ ပြေးထွက်ခဲ့သည်။ သူဘာကိုမှ မမြင်မကြားတော့။ သူ့ မျက်လုံးထဲတွင် ခေါင်းကို ဆတ်ကနဲ လှည့်သွားကာ စူးစူးဝါးဝါး အော်ငိုနေသည့် သမီးလေး၏ ပုံရိပ်နှင့် မိခင်၏ စကားသံတို့ ကိုသာ ထပ်ခါထပ်ခါ ပြန်မြင်ယောင် ကြားယောင်နေမိ၏။ ကိုယ့်ကိုယ်ကို ပြန်သတိထားမိချိန်တွင်တော့ သူဧရာဝတီမြစ်ကမ်းဘေးသို့ ရောက်နေပြီ။ မြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပလက်လှန်ကာ ဖြစ်ခဲ့သမျှကို နဖူးပေါ် လက်တင် စဉ်းစားကြည့်တော့ ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ ပင် မိမိ အပြစ်သာ ဖြစ်သည်။ ဒီအရက်ကို သောက်ထားလို့ သမီးလေး၏ ငြင်းပယ်မှုကို ခံခဲ့ရသလို မိမိ၏ သွေးသားရင်သွေးကို တခြားသူ တစ်ဦးက မိမိရင်ခွင်ထဲမှ ဆွဲယူသွားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ထို့ ကြောင့် အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပင် အရက်သောက်ထားသည့် သူ့ အပြစ်သာ ဖြစ်သည်။ ထိုနေ့ က စ၍ ထွန်းကျော် တစ်ယောက် အရက်ပြတ်သွားသည်။ ယခုဆိုလျှင် သူ့ သူငယ်ချင်းများ အိမ်လာလည်လျှင်ပင်-ဟဲ့... ထွန်းကျော် နင့်တစ်ကိုယ်လုံး အရက်စော်တွေ ဒီလောက် နံစော်နေတာကို ကလေးက ဘယ်လိုခံနိုင်မှာလဲ... ပေး... ပေး ကလေးကို"

မိခင်ဖြစ်သူ၏ အော်ငေါက်သံနှင်အတူ သူ့ လက်ထဲမှာ သမီးလေးကို ဆတ်ကနဲ ဆွဲယူသွားခြင်း ခံလိုက်ရ၏။ သူ့ ရင်ထဲတွင် ဝမ်းနည်းမှုက လှိုက်ကနဲ တက်လာသည်။ ထို့ နောက် သူအိမ်ထဲမှ ပြေးထွက်ခဲ့သည်။ သူဘာကိုမှ မမြင်မကြားတော့။ သူ့ မျက်လုံးထဲတွင် ခေါင်းကို ဆတ်ကနဲ လှည့်သွားကာ စူးစူးဝါးဝါး အော်ငိုနေသည့် သမီးလေး၏ ပုံရိပ်နှင့် မိခင်၏ စကားသံတို့ ကိုသာ ထပ်ခါထပ်ခါ ပြန်မြင်ယောင် ကြားယောင်နေမိ၏။ ကိုယ့်ကိုယ်ကို ပြန်သတိထားမိချိန်တွင်တော့ သူဧရာဝတီမြစ်ကမ်းဘေးသို့ ရောက်နေပြီ။ မြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပလက်လှန်ကာ ဖြစ်ခဲ့သမျှကို နဖူးပေါ် လက်တင် စဉ်းစားကြည့်တော့ ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ ပင် မိမိ အပြစ်သာ ဖြစ်သည်။ ဒီအရက်ကို သောက်ထားလို့ သမီးလေး၏ ငြင်းပယ်မှုကို ခံခဲ့ရသလို မိမိ၏ သွေးသားရင်သွေးကို တခြားသူ တစ်ဦးက မိမိရင်ခွင်ထဲမှ ဆွဲယူသွားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ထို့ ကြောင့် အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပင် အရက်သောက်ထားသည့် သူ့ အပြစ်သာ ဖြစ်သည်။ ထိုနေ့ က စ၍ ထွန်းကျော် တစ်ယောက် အရက်ပြတ်သွားသည်။ ယခုဆိုလျှင် သူ့ သူငယ်ချင်းများ အိမ်လာလည်လျှင်ပင်-

"ဖေဖေ ရေမြန်မြန်ချိုး ထမင်းစားရအောင်"
"ဟင်... သမီး ထမင်းမစားရသေးဘူးလား။ စားနှင့်တာ မဟုတ်ဘူး သမီးရယ် ဘယ်အချိန် ရှိနေပြီလဲ"
" ဖေဖေနဲ့ အတူတူ စားချင်လို့ စောင့်နေတာပေါ့"
"သမီးမေမေတို့ နဲ့ ဝင်စားလိုက်တာ မဟုတ်ဘူး။ မင်းကွာ သမီးကိုပါ တခါတည်း ထမင်းစား ခေါ်တာမဟုတ်ဘူး"
"ခေါ်ပါ့တော် ခေါ်တာမှ ဒီနေ့ တစ်ရက်တည်း မဟုတ်ဘူး။ နေ့ တိုင်းကို ခေါ်တာ... ဘယ်အချိန် ပြန်လာမယ်မှန်း မသိတဲ့ နင့်အဖေကို စောင့်မနေနဲ့ တခါတည်း ဝင်စားဆိုတာကို သူ့ ဖေဖေနဲ့ မှ စားမယ်တဲ့လေ... သူမို့ ဗိုက်အဆာခံပြီးစောင့်တယ်"

ရေချိုးပြီး ထမင်းစားပွဲကို ရောက်တော့ ည 9:00 ပင်ကျော်နေပြီ။ ထမင်းစားပွဲတွင် မစားသေးဘဲ ထိုင်စောင့်နေသည့် သမီးလေးကို တွေ့ ရတော့ သူစိတ်မကောင်း ဖြစ်သွား၏။

"စားနှင့်တာ မဟုတ်ဘူး သမီးရယ်"
"ဖေဖေနဲ့ စားချင်လို့ စောင့်နေပါတယ် ဆိုမှ"
"ကဲ... ဒါဆိုလဲ စားကြမယ်"

စားကြမယ်သာ ပြောပြီး သူမစားဖြစ်သေး။ ထမင်းကို အားရပါးရစားနေသည့် သမီးလေးကိုသာ ဂရုဏာသက်စွာဖြင့် ငေးကြည့်နေမိ၏။ သမီးလေး ဟန်မဆောင်နိုင်လောက်အောင်ကို ဆာလောင်နေသည်။ ခေါင်းကို ငုံပြီး တစ်လုတ်ပြီး တစ်လုတ်ကို အားရပါးရ စားနေသည်။ ဟိုးအရင် ရက်တွေကတည်းက သူပြန်အလာကို ခုလို ဗိုက်ဆာခံပြီး စောင့်ခဲ့သည်ကို သတိထားမထားမိတာကိုက သူ့ အမှား ဖြစ်သည်။

"ဖြေးဖြေးစားပါ သမီးရယ်... နင်နေပါဦးမယ်"
"သမီး ဗိုက်အရမ်းဆာနေလို့ ပါ ဖေဖေ"

ငိုမဲ့မဲ့ မျက်နှာလေးဖြင့် ဆိုလာသည့် သမီးလေးကို ကြည့်ပြီး သူ့ ရင်ထဲ ဆို့ နင့်သွားမိ၏။

"အင်းပါ သမီးရယ်... ဖေဖေက မာန်တာမဟုတ်ပါဘူး။ သမီးအတွက် စိုးရိမ်လို့ သတိပေးတာပါ"
"ဟုတ်ကဲ့... ဖေဖေလဲ စားလေ"
"အင်း... အင်း... သမီးလဲစား..."

ထိုနေ့ က ထွန်းကျော် ရင်ထဲ မကောင်းသဖြင့် ထမင်းပင် ကောင်းကောင်း စားလို့ မဝင်။ ဗိုက်ဆာလွန်းသဖြင့် ဟန်မဆောင်နိုင်အောင် ဖြစ်နေသည့် သမီးလေးပုံကို ပြန်မြင်ယောင်မိတိုင်း သူ့ ရင်ထဲက တစစ်စစ်ဖြင့် နာသည်။ သမီးလေး... ငါ့သမီးလေးဖြင့် ချစ်လိုက်တာ ဘာချစ်တာလဲ။ သမီးလေးက သူ၏ အချစ်ကို သက်သေပြသွားခဲ့ပြီ။ သူကတော့ သမီးလေး၏ အတွင်းစိတ်ကို သိဖို့ ဆိုတာဝေးလို့  အပြင်ဘက် ဟန်အမူအရာကိုပင် သေချာဂရုမပြုမိခဲ့။ ခုဘဲကြည့် ရက်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ဒီနေ့ မှ သူသတိပြုမိသည်။ သူ့ ရဲ့ ပေါ့ပျက်ပျက်နေမှုတို့ က သမီးလေးကို ထိခိုက်စေခဲ့ပြီ။ မရည်ရွယ်ခဲ့ပေမယ့် သူ့ ကြောင့် သမီးလေးမှာ ထိခိုက်ခဲ့ရပြီ။ သူဟာ အသုံးမကျတဲ့ ဖခင်တစ်ယောက်ဆိုသည်ကို ဒီနေ့  သိလိုက်ရပြီ။ ထို့ ကြောင့် ဒီနေ့ မှ စ၍ သမီးလေးကို မထိခိုက် မနာကျင်ရအောင် ဂရုစိုက်ရမည်။ သမီးလေး အနားတွင် တတ်နိုင်သမျှ အနီးကပ်နေပြီး သမီးလေးကို ဒီထပ်ပို၍ နားလည်နိုင်အောင် ကြိုးစားရမည်။ နောက်နေ့ မှ စ၍ ဘော်လုံးကန်မှ ပြန်လာတိုင်း ဘယ်မှ မဝင်တော့ဘဲ အိမ်ကို စောစောပြန်ကာ မိသားစု ထမင်းဝိုင်းလေးကို ပိုမိုနွေးထွေး စည်ကားစေမည်။ သမီးလေးအတွက် ပို၍ အချိန်ပေးပြီး သမီးလေးစေရာအတိုင်း နေထိုင်တော့မည်။ အဘယ်ကြောင့်ဆိုသော် သမီးလေးကသာ သူ၏အသဲ၊ သူ၏အသက်၊ သူ၏ဘဝ မဟုတ်ပါလား။Screenshot_20181206-123155.jpg

Sort:  

Congratulations @khinwayywar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @khinwayywar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @khinwayywar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 50 upvotes. Your next target is to reach 100 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60727.29
ETH 1556.40
USDT 1.00
SBD 0.47