အောင်​ပွဲခံမယ်

in #writing6 years ago

image
မစ်ဒယ်ဝိတ်တန်းချန်ပီယံအသစ်တစ်ယောက်အဖြစ် အောင်ပွဲခံသွားမှာပါဂျပန် MMA ဖိုက်တာ ကန်ဟက်ဆီဂါဝါ (ဓာတ်ပုံ - နစ်ကီ) MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန် ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား MMA ဖိုက်တာ ကန်ဟက်ဆီဂါဝါတို့ ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားရုံ (၁)သုဝဏ္ဏ၌ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။ အသက်(၃၁)နှစ် အရွယ် ကန်ဟက်ဆီဂါဝါသည် ၂၀၁၀ ပြည့်နှစ်ကစတင်ကာ ဂျပန်နိုင်ငံ၏ MMA ပြိုင်ပွဲများဖြစ် သည့် Deep နှင့် Rizin ပွဲများတွင် ထိုးသတ်ခဲ့ပြီး Deep MMA အ လွတ်တန်း ချန်ပီယံဖြစ်သည်။ နပန်းချုပ်ကွက်များ၊ ခြေကန်ချက်များဖြင့် ပြိုင်ဘက်များကို အနိုင်ယူပြီး ဂျပန်ခြင်္သေ့ဟု ကျော်ကြားသည့် ကန်ဟက်ဆီဂါဝါသည် MMA ပြိုင်ပွဲ ၁၉ ပွဲ ထိုးသတ်ခဲ့ကာ ၁၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားသည်။ သို့သော် ၎င်း သည် One Championship MMA ပြိုင်ပွဲသို့ ပထမဆုံးဝင် ရောက် ထိုးသတ်ခြင်းဖြစ်သည်။ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန် ပီယံကို စိန်ခေါ်သူ ကန်ဟက်ဆီဂါ ၀ါ၏ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့်ပတ်သက်၍ 7Day Daily သတင်းစာက သီးသန့်မေး မြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။ ဒီပြိုင်ပွဲအတွက် အချိန်ဘယ် လောက်ယူပြီး လေ့ကျင့်ဖြစ်သ လဲ။ ဘာတွေ အဓိကထား လေ့ ကျင့်ထားပါသလဲ။ တကယ့် MMA ရဲ့ ပရော် ဖက်ရှင်နယ် ကစားသမားတွေနဲ့ လေ့ကျင့်တယ်။ ရုပ်ပိုင်းပါမက ဘူး၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့် တယ်။ လေ့ကျင့်မှုနည်းစနစ်တွေ အများကြီး။ Stand Fight ရော၊ Ground Fight ရော လေ့ကျင့် ထားတယ်။ ပြိုင်ပွဲအတွက် ငါးပတ် လောက် လေ့ကျင့်ဖို့ အချိန်ရခဲ့ တယ်။ ပြိုင်ပွဲရက်ကပ်နေတဲ့အ တွက် တစ်နေ့ကို သုံးကြိမ်ပြင်း ပြင်းထန်ထန် လေ့ကျင့်ဖြစ်တယ်။ လေ့ကျင့်ရက် တိုတောင်းပေမယ့် အကောင်းဆုံးဖြစ်အောင် ပြင် ဆင်ထားပါတယ်။ ပြိုင်ပွဲမှာ အောင်လကို အနိုင်ယူဖို့ ရာခိုင်နှုန်းဘယ်လောက် ယုံကြည် မှုရှိပါသလဲ။ အောင်လက MMA မစ်ဒယ် ၀ိတ်တန်းရဲ့ လက်ရှိချန်ပီယံတစ် ယောက်ပါ။ ကျွန်တော့်အတွက် မလွယ်ကူနိုင်ဘူး။ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှာပါ။ ဒါပေမဲ့ ဒီပြိုင်ပွဲ အတွက် အောင်လဆီက ချန်ပီယံ ခါးပတ်ကိုရယူနိုင်ဖို့ ၁၀၀ ရာခိုင် နှုန်းအပြည့် ယုံကြည်မှုရှိပါတယ်။ မစ်ဒယ်ဝိတ်တန်း ချန်ပီယံအသစ် တစ်ယောက်အဖြစ် အောင်ပွဲခံ သွားမှာပါ။ အောင်လအန်ဆန်ကို အနိုင်ယူဖို့ အတွက် ဘယ်လိုနည်းစနစ်ကို အဓိကထား လေ့ကျင့်ထားပါသ လဲ။ အောင်လကို အနိုင်ယူဖို့ ကျွန်တော် Game Plan ဆွဲထားပါတယ်။ ပထမဦးဆုံး သူ့ကို ခြေ ကန်ချက်တွေ၊ ထိုးချက်တွေနဲ့ ဖိအားပေးမယ်။ ပြီးရင်တော့ Ground Fight ဖြစ်တဲ့ ဂျူဂျစ်ဆု (သို့) နပန်းချုပ်ကွက်နဲ့ ပွဲသိမ်းဖို့စီစဉ်ထားပါတယ်။ အောင်လရဲ့ တခြားပြိုင်ဘက်တွေနဲ့ မတူတဲ့စိတ်ဓာတ်ခွန်အား မာကျောမှုကို ဒီပွဲမှာ ပြသသွားမှာပါ။ အောင်လအန်ဆန်ရဲ့ အကြောင်း ကိုကော ဘယ်လောက်ထိလေ့ လာထားပါသလဲ။ ကျွန်တော် အောင်လနဲ့ ချန်ပီယံပွဲထိုးသတ်ရမယ်လို့ သိတဲ့အ ချိန်ကစပြီး သူ့အကြောင်းကို လေ့ လာတယ်။ သူက အရမ်းကြံ့ခိုင်ပြီး အင်အားကောင်းတဲ့ ပြိုင်ဘက် ကောင်းတစ်ယောက်ပါ။ သူပြိုင် ဘက်တွေကို ဘယ်လိုအားသာ ချက်နဲ့ ယှဉ်ပြိုင်လဲဆိုတဲ့ ဗီဒီယို ဖိုင်တွေ ခဏခဏ ပြန်ကြည့် တယ်။ ဒါတွေကို ကာကွယ်နိုင် အောင် အကြိမ်ကြိမ်လေ့ကျင့် ထားတယ်။ အောင်လလို ချန်ပီယံတစ်ယောက်နဲ့ သူ့ရဲ့နိုင်ငံမှာ ထိုးသတ် ရမယ့်အတွက် ဖိအားရှိလား။ ဖိအားရယ်လို့ မခံစားမိပါ ဘူး။ သူ့လို ချန်ပီယံတစ်ယောက်နဲ့ ထိုးသတ်ရမယ့်အတွက်တော့ စိတ်လှုပ်ရှားမိတယ်။ ကျွန်တော် ပထမတစ်ခေါက် အမေရိကန် နိုင်ငံမှာလည်း ပြည်ပပွဲ သွားထိုးဖူးပါတယ်။ ဒါက ကျွန်တော့်အတွက် ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး၊ ဒုတိယအကြိမ်ပါ။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀မှာ ဒါတွေ နောက်လည်းအမြဲကြုံရမှာပါ။ ဒီအတွက် လက်ရှိမှာ ကျွန် တော့်စိတ်ကို သက်သောင့်သက် သာဖြစ်အောင်ပဲ ပြင်ဆင်ထားပါ တယ်။ One Championship နဲ့ ပြိုင်ပွဲ ဘယ်နှပွဲအတွက် စာချုပ်ချုပ်ထားတာလဲ။ One နဲ့ ကျွန်တော် ခြောက်ပွဲစာ စာချုပ်ချုပ်ဆိုထားတာပါ။ One လို အာရှမှာ နာမည်ကြီး MMA ပွဲတွေ စီစဉ်တဲ့အဖွဲ့အစည်း နဲ့ စာချုပ်ချုပ်ခွင့်ရလို့ ၀မ်းသာ မိပါတယ်။ ဒီအခွင့်အလမ်းကနေ တစ်ဆင့် ကျွန်တော့်ရဲ့အစွမ်းအစ ကို ပြသနိုင်ဖို့ ကြိုးစားပါမယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပရိသတ်အပေါ် ဘယ်လိုမြင်လဲ။ မြန်မာနိုင်ငံက အံ့သြဖို့ ကောင်းလောက်အောင် အရမ်းလှတဲ့နိုင်ငံပါ။ မြန်မာပရိသတ် တွေက သူတို့ရဲ့ချန်ပီယံအောင်လကို အရူးအမူးအားပေးတာ တွေ့ရပါတယ်။ ဒီနေ့ပွဲကြိုမှာတင် ပရိ သတ်တွေ သူ့ကို တော်တော်အား ပေးတာ တွေ့ရပါတယ်။ နောက် တစ်ကြိမ် မြန်မာပြည်ကို အလည် လာခွင့်ရမယ်ဆို လာလည်ချင်ပါ တယ်။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by goldshwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @goldshwe! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59876.72
ETH 3191.77
USDT 1.00
SBD 2.43