ျခ

in #writing7 years ago

ပုံမှန် ဒီအတိုင်း ကြည့်လိုက်ရင်တော့လည်း အကောင်းပကတိ ပုံစံပါပဲ။ ဆိုပါစို့ အိမ်နောက်ဖေးက မြေကြီးပေါ်ပုံထားတဲ့ သစ်သားပုံပေါ့။ အဲဒီအသားပုံဘေးကနေ နေ့တိုင်းဖြတ်သွားနေတာပါပဲ။ အမြင်မှာ ဘာမှမထူးခြားလှတော့ သူ့ကို ဂရုစိုက်မကြည့်မိဘူးပေါ့။ တစ်ရက်မှာတော့ အသားချောင်းတစ်ချောင်း ယူကြည့်လိုက်မှ အကောင်းတစ်ခုမှ မရှိတော့တာ သိလိုက်ရတယ်။ အတွင်းကနေ ခြတွေက လှိုက်စားနေတာ။ ခြတွေရဲ့ နည်းဗျူဟာနဲ့ အားသာချက်က အဲဒါပဲ။ အတွင်းထဲကနေ လူမသိ သူမသိ၊ အပေါ်ယံ ဟန်မပျက် လှိုက်စားနေနိုင်တာဟာ ခြတွေရဲ့ အရည်အသွေးပဲ။

နောက်တစ်ခု အိမ်ရှေ့မှာထားတဲ့ အမှိုက်ခြင်းတောင်းပေါ့။ ဟိုနေ့ကပဲ အဲဒီတောင်းနဲ့ အမှိုက်သွားပစ်တုန်းက အကောင်းပဲ။ ဒီကြားထဲ မိုးလေးတစ်ပြိုက် ရွာလိုက်တော့ အစိုဓာတ်လေးနဲ့ဆိုတော့ သူတို့ရဲ့ အကြိုက်ကို သတိမထားလိုက်မိဘူး။ အမိုက်တွေပြည့်လို့ သွားပစ်မယ်လုပ်ခါမှ တောင်းကိုမလိုက်တော့ အောက်ခြေ ဖင်တစ်ခုလုံး ခြတွေက စားထားလေတော့ တောင်းက အကွင်းလိုက်ပြတ်ပြီး ပါလာတယ်။ ဒီကောင်တွေ အတော်မြန်တဲ့ကောင်တွေပဲလို့ သိလိုက်ရတော့တယ်။ ခြတွေဟာ အသာလေး လှိုက်စားနေတော့ ဘယ်သူမှ သတိမထားလိုက်မိဘူးပေါ့။ သူတို့ရဲ့ ဒီသဘောတရားကို နားလည်သဘောပေါက်ထားရတော့မယ်။
သို့သော်လည်း ခြဆိုတဲ့အမျိုးက အတွင်းက လှိုက်စားတတ်တဲ့အမျိုးဆိုတော့ ဘယ်နေရာမှာ ခြရှိတယ်၊ ဘယ်နေရာမှာ ခြမရှိဘူးလို့ ပြောရမှာတော့ ခက်ပါတယ်။ နေရာအနှံ့ အောက်ခြေအတွင်းပိုင်းထဲအထိ လိုက်ကြည့်နိုင်တာ မဟုတ်တော့ တွေ့ဖို့ မလွယ်ကူလှပါဘူး။ ခြဆိုတာက သူတို့မစားခင်ဆိုရင်တော့ သူတို့ကို မတွေ့ရဘဲ သူတို့စားပြီးမှပဲ ကိုယ့်ရဲ့ ပျက်စီးဆုံးရှုံးမှုနဲ့အတူ တွေ့ရတတ်တာပဲ ဖြစ်ပါတယ်။ ခြမစားဖို့ ကာကွယ်မယ်ဆိုရင်တော့ ခြမရှိအောင် လုပ်မှပဲရပါမယ်။ ခြကို အကုန်အမျိုးဖြုတ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ ဒီတော့ ကမ္ဘာမှာ ခြတွေရှိနေသမျှတော့ ခြအစားခံနေရဦးမှာပဲ ဖြစ်ပါတယ်။

ခြတွေဟာ အကောင်သေးသလောက် လုံ့လဝီရိယရှိတဲ့ နေရာမှာတော့ စံနမူနာထားလောက်တယ်လို့ ဆိုပါတယ်။ ခြတွေဟာ သေးငယ်သလောက် သူတို့စားထားတဲ့ အရာတွေနဲ့ ကြီးမားခမ်းနားတဲ့ ခြအိမ်ကြီးတွေကို ဆောက်လုပ်နေထိုင်တာကိုကြည့်ပြီး သူတို့ရဲ့ လုံ့လဝီရိယကို ချီးကျူးရမှာပဲ ဖြစ်ပါတယ်။ တချို့ ခြအိမ်ကြီးတွေဆိုရင် အကောင်နဲ့မလိုက်အောင်ပဲ မြေပြင်ကနေ ပေ ၂၀ ကျော်အမြင့်အထိ ဆောက်လုပ်ထားနိုင်တာ တွေ့ရနိုင်ပါတယ်။ သူတို့ဟာ ကြီးမားတဲ့ မြေအောက်ခြအိမ်ကြီးတွေမှာ ခိုအောင်းနေကြတာ ဖြစ်ပါတယ်။ တချို့ခြတွေဟာဆိုရင် သူတို့ရဲ့ ကြီးမားတဲ့ ခြအိမ်ကြီးတွေထဲမှာ တခမ်းတနား စီမံနေထိုင်လေ့ ရှိကြတယ်လို့ ဆိုပါတယ်။
နောက်တစ်ခု အိမ်ရှေ့မှာထားတဲ့ အမှိုက်ခြင်းတောင်းပေါ့။ ဟိုနေ့ကပဲ အဲဒီတောင်းနဲ့ အမှိုက်သွားပစ်တုန်းက အကောင်းပဲ။ ဒီကြားထဲ မိုးလေးတစ်ပြိုက် ရွာလိုက်တော့ အစိုဓာတ်လေးနဲ့ဆိုတော့ သူတို့ရဲ့ အကြိုက်ကို သတိမထားလိုက်မိဘူး။ အမိုက်တွေပြည့်လို့ သွားပစ်မယ်လုပ်ခါမှ တောင်းကိုမလိုက်တော့ အောက်ခြေ ဖင်တစ်ခုလုံး ခြတွေက စားထားလေတော့ တောင်းက အကွင်းလိုက်ပြတ်ပြီး ပါလာတယ်။ ဒီကောင်တွေ အတော်မြန်တဲ့ကောင်တွေပဲလို့ သိလိုက်ရတော့တယ်။ ခြတွေဟာ အသာလေး လှိုက်စားနေတော့ ဘယ်သူမှ သတိမထားလိုက်မိဘူးပေါ့။ သူတို့ရဲ့ ဒီသဘောတရားကို နားလည်သဘောပေါက်ထားရတော့မယ်။
ခြတွေဟာ အံ့သြစရာကောင်းအောင်ကိုပဲ စည်းလုံးနေထိုင်ကြခြင်း ရှိပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ယနေ့တိုင်အောင်ပဲ ဘယ်သူကမျှ အကြောင်းရင်းကို အသေအချာ မတွေ့ရှိသေးဘူးလို့ ဆိုတယ်။ ဒါဟာ ခြတွေဟာ သူတို့အချင်းချင်းမှာ ဘယ်တော့မှ ထုတ်မပြော သစ္စာမဖောက်ဘူးဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ မှတ်သားလောက်တဲ့ အချက် ဖြစ်ပါတယ်။

ခြဟာ ကြောက်စရာကောင်းတဲ့ အတွင်းကနေ လှိုက်စားတတ်တဲ့ အနီးမှာရှိနေနိုင်တဲ့ ရန်သူပဲဖြစ်ပါတယ်။ ခြစားတယ်ဆိုတဲ့စကားဟာ အခုအခါမှာတော့ အတော့်ကိုပဲ ခေတ်စားနေတဲ့ စကားတစ်ခုဖြစ်ပါတယ်။ အစားခံရတဲ့ ဘယ်အိမ်မှာမဆို ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတာပါပဲ။ ဆုံးရှုံးမှုတွေရှိလာပြီဆိုရင် ဆင်းရဲမှုဆိုတာကလည်း နောက်ကနေ လိုက်ပါလာတတ်တာပဲ ဖြစ်ပါတယ်။ ခြတွေဟာ အိမ်တစ်လုံးကို သာမကပဲ နိုင်ငံကြီးတစ်ခုလုံးကိုတောင် စားပစ်နိုင်တဲ့ အစွမ်းရှိနိုင်တာပါပဲ။ ခြစားမှုတွေများလေ ခြလုပ်သားတွေ မနေမနား လုပ်ရလေဆိုတဲ့အတိုင်းပဲ ခြစားနေတဲ့နိုင်ငံမှာလည်း အခြေခံလူတန်းစား အလုပ်သမားတွေလည်း ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ လုပ်ကိုင်နေရတဲ့ အဖြစ်ကလည်း ဒီသဘောအတိုင်းပါပဲ။ ဒါကြောင့် ခြတွေရဲ့ရန်ကို အားလုံးက တွန်းလှန် ဖြိုဖျက်ပစ်ရမှာပဲ ဖြစ်ပါတယ်။Screenshot_20181207-140822.jpg

Sort:  

Congratulations @eimon! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @eimon! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 50 upvotes. Your next target is to reach 100 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60051.75
USDT 1.00
ETH 1521.77
SBD 0.47