သေရွာပြန်

in #writing6 years ago

စပိန်နိုင်ငံမြောက်ပိုင်းမှာ အကျဉ်းသား တယောက်ဟာ သေဆုံးသွားပြီ ဖြစ်ကြောင်း ဝါရင့် ဆရာ၀န်သုံးယောက်ရဲ့ အတည်ပြုချက်အရ ရေခဲတိုက်ကို ပို့ဆောင်လိုက်စဉ်မှာ သူ ပြန်သတိရ လာခဲ့ပါတယ်။

Asturias ဒေသက ထောင်မှာ အကျဉ်းသား Gonzalo Montoya Jimenez ဟာ သေမှုသေခင်းဆိုင်ရာ ဆေးစစ်မှုတွေ မလုပ်ခင် နာရီပိုင်း အလိုမှာ သတိပြန်၀င်လာတာ ဖြစ်ပါတယ်။

အခုတော့ သူ့ကို ဆေးရုံက အတွင်းလူနာဌာနဆီ ပို့လိုက်ပြီ ဖြစ်ပါတယ်။

catalepsy လို့ခေါ်တဲ့ သတိနဲ့ အာရုံခံစားမှုတွေလျော့ကျလာပြီး ဒါကို စမ်းသပ် သိနိုင်ဖို့ မလွယ်ကူတဲ့ ဝေဒနာကို မစ္စတာ မွန်တိုရာ ခံစားနေရတာလို့ သံသယရှိကြောင်း ဆေးရုံက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
နတ်ပြည်တက်နိုင်လောက်တဲ့ ကုသိုလ်ကံ ရှိနေပေမယ့်သေခါနီးမှာ ရုတ်တရက် ပြုကာမတ္တ၊ဖြစ်ကာမတ္တကံ ( ကဋတ္တာကံ)က ဝင်ပြီး စီရင်လိုက်တာမျိုးမှာ ရောက်နိုင်ပါတယ်။ ဆိုလိုတာက ကောင်းမှုတွေ အများကြီး ရှိပါလျှက် မကောင်းမှု သေသေးမွှားမွှားကို သေခါနီးမှာ ကပ်ပြီး သတိရလျှက် သေတာမျိုး၊ ဥပစ္ဆေဒက ကံ နဲ့ သေရတာမျိုးတွေ ဖြစ်ပါတယ်။ သူတို့ဟာ ရောဂါ ဝေဒနာ ခံစား၊အချိန်ရပြီး ကိုယ့်ဘဝတလျှောက် ပြုလုပ်ခဲ့ တဲ့အားကြီးသော (ဂရုကံ ) ၊ ကောင်းမှု ( အာသန္နကံ) ၊ အလေ့အကျင့်ဖြစ်လောက်အောင် ပြုလုပ်ဖူးသော ကောင်းမှု၊မကောင်းမှု (အာစိန္နကံ)တွေကြောင့် ဖြစ်လာမယ့် ကံနိမိတ်၊ကမ္မနိမိတ်၊ဂတိနိမိတ်တွေ တိတိကျကျ မပေါ်လိုက်ရဘဲ ရုတ်တရက် စုတိစိတ်ကျသွားသူမျိုးတွေ ဖြစ်ပါတယ်။ ဒီလို လူတွေကို မြတ်စွာဘုရားက သေချိန်မစေ့ဘဲ သေရသူတွေ၊ အကုသိုလ်ကံ သေးသေးလေးအရင်က(အရင်ဘဝက) ရှိခဲ့တာကို ဒီဘဝမှာ ကိုယ့် အသက်ကို ဉာဏ်နဲ့ မစောင့်လို့ သေရသူတွေလို့ ပြစ်တင်ပါတယ်။
ယမမင်းတွေ၊ ငရဲမင်းတွေက ဒီငရဲသား ဘယ်အဆင့်၊ ဘယ်ငရဲဘုံသွားလို့ ဆုံးဖြတ်ပေးပိုင်ခွင့်ရှိပါသလား၊ ဒါမှမဟုတ် သူ့ကံအလျောက်ပဲ သွားရတာမျိုးလား။

ကိုယ့် ကံ အလျှောက်သာဖြစ်ရတယ် လို့ ဆိုပါတယ်။ ဘာကြောင့် ဆိုရင် ဘုရားဟောမှာ ကုသိုလ်ကံကို သတိရလိုက်တာနဲ့ နတ်ပြည်ကို တန်းရောက်သွားကြရတယ် လို့ ပါနေပါတယ် ။ ယမမင်းနဲ့တောင် တာ့တာ၊ဘိုင့်ဘိုင်တွေ လုပ်မနေဘူး ဆိုတော့ သူ့ကံက ချက်ချင်း စီရင်တယ်လို့ ယူဆရပါမယ်။အပေါ်မှာ …သံဝေဂ ရဘူးတယ်…….ဆိုရင်ကို ….ယမမင်းက ငရဲနဲ့ မတန်တဲ့ သူတော်ကောင်းပဲဆိုပြီး နတ်ပြည် တစ်ထပ်ထပ်ကို ပို့ပေးပါတယ် ဆိုတာ ဖတ်ကောင်းအောင်ရေးထားတဲ့ သဘောပါပဲ ။

ဒီနေရာမှာ ဘယ်လို ကံတွေကို မှတ်မိတတ်တယ်ဆိုတာ မြတ်စွာဘုရားဟောတာ ရှိပါသေးတယ်။ ကျွန်တော်မှတ်မိတာတော့ လပြည့်။လကွယ် ဥပုသ်ဆောက်တည်ခြင်း မျိုးတွေကို ငရဲကျသွားသူတွေ ပိုပြီး မှတ်မိတတ်တယ် လို့ ဖြစ်ပါတယ်။ ကျောင်းဆောက်လှူတာတွေ တောင် သတိမရတတ်ဘဲ နဲ့ ဒီ ဥပုသ်ကုသိုလ်က နတ်ပြည်ပြန်ပို့စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တိုင် လပြည့်။လကွယ်တွေမှာ ဥပုသ်ဆောက်တည်ဖို့ တိုက်တွန်းတော်မူပါတယ်။

(၃) သေရွာပြန်တွေ မျောနေချိန်မှာ ငရဲရောက်သွားတဲ့အခါ သူတို့ရဲ့ စိတ်က ငရဲကို အာရုံပြုနေတာလားဗျာ။ ( ရုပ်ရှင်တွေကလို ဝိဉာဏ်ကောင်ရယ်လို့ ခန္ဓာကိုယ်က ထွက်ပြီး ငရဲပြည်ဆင်း၊ ပြီးမှ အဲဒီဝိဉာဉ်က ကိုယ်ထဲပြန်ဝင်၊ အဲဒါမျိုးတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ )

သေခါနီး မှာ ပေါ်တဲ့ ဂတိနိမိတ် မှာ ငရဲ ဂတိနိမိတ်ပေါ်နေတာ ဖြစ်ပါတယ်။
ဒီတော့ သေတော့မယ့် လူတစ်ယောက်ရဲ့ စိတ်မှာ ဖြစ်မှာတွေက အများကြီး ဖြစ်နေတယ် ။နာတာတွေရော ၊ ကြောက်တာတွေရော ၊ သံယောဇဉ်တွေရော ပေါ့ ။ အဲဒီစိတ်မှာ စုတိစိတ်မကျခင် နိမိတ် (၃) မျိုးလည်း ပေါ်လာတယ် ။ အဲဒီထဲက ငရဲ ဂတိနိမိတ်ပေါ်လာတာ ကို ကိုယ်က (၂)ကိုယ်ခွဲပြီး ငရဲကို သွားလေ့လာတယ် ထင်တတ်ကြပါတယ်။

ဒီအထိတော့ အဘိဓမ္မာ မှာ အဖြေရှိပါတယ်။ လယ်တီဆရာတော်၊ ဆရာတော် အရှင်ဇနကာဘိဝံသ ၊ ဆရာတော် ရဝေနွယ်၊ ရဝေထွန်း စသည် တို့လဲ ရေးကြ ဟောကြပါတယ် ။

ကျွန်တော် စိတ်ဝင်တစားရှာနေမိတာလေးတစ်ခုကတော့ တချို့တွေ သေခါနီး၊ ငရဲရောက်၊ နတ်ပြည်ရောက်သွားကြရာမှာ (ဒီလိုနိမိတ်တွေပေါ်ရာမှာ) နတ်ပြည်က ဟိုလူကို မှာလိုက်တာတို့ ၊ ဒီလူကိုလိပ်စာနဲ့တကွ စကားပါးတာတို့၊ တခြားတစ်ယောက်အတွက် ဗိမာန်ကို ကိုယ်က တွေ့ခဲ့ရတာတို့ ၊ ငရဲကနေလဲ လူကြုံမှာတာမျိုးတွေပါ ရှိတတ်ပါတယ်။ဆရာတော်အရှင်ဇဝန တို့ ဟောတာတွေမှာတောင် ပါသေးတယ်။ တိတိကျကျတွေပဲ သူတို့ မှာလိုက်တဲ့ သူကလဲ လူ့ပြည်မှာ တိတိကျကျ၊ လိပ်စာနဲ့တကွရှိနေတာ တွေ့ရတယ်။ ဒါတွေကတော့ စိတ်ရဲ့ဆန်းကျယ်မှုတွေပဲလား ။ ဂတိနိမိတ်ကျပြီး မသေသူတွေမှာ ကြုံရတတ်တာတွေလားတော့ မပြောနိုင်ပါ။Screenshot_20181206-122917.jpg

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60255.54
ETH 2640.76
USDT 1.00
SBD 2.55