မတ္ပဲ

in #writing6 years ago

ပဲတီစိမ်း မတ်ပဲ ပဲလွမ်း

မြန်မာအမည် - ပဲတီစိမ်း - မတ်ပဲ - ပဲလွမ်း

အင်္ဂလိပ်အမည် - Green gram - Black gram - Cowpea

                      - Mungbean                        

သိပ္ပံအမည် -Vigna radiata (L.) -Vigna mungo (L.) -Vigna sinensis

မျိုးရင်း - Leguminaceae - Leguminaceae - Leguminaceae

နိဒါန်း
မြန်မာနိုင်ငံတွင် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်၌ ပဲမျိုးစုံ စိုက်ဧကစုစုပေါင်း (၁၁.၅) သန်းရှိပြီး မိုးပဲမျိုးစုံ (၄.၀၄ဧကသန်း)၊ ဆောင်းပဲမျိုးစုံ (၇.၄၇ဧကသန်း) စိုက်ပျိုးပြီး စုစုပေါင်း ပဲမျိုးစုံအထွက် မက်ထရစ်တန်ချိန် (၆.၃၇၇သန်း) ထုတ်လုပ်နိုင်ခဲ့၍ နိုင်ငံခြားသို့ မက်ထရစ်တန်ချိန် (၁.၂၃သန်း) တင်ပို့နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးပေါင်း (၁၈) မျိုး ခန့် စိုက်ပျိုးလျက်ရှိပြီး(၂၀၁၅-၂၀၁၆) ခုနှစ်တွင် ပဲတီစိမ်းစိုက်ဧက(၂.၉၉သန်း) ၊ မတ်ပဲ စိုက်ဧက (၂.၈သန်း) ၊ ပဲလွမ်းစိုက်ဧက (၀.၃၅သန်း) စိုက်ပျိုးနိုင်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံကို မိုးရာသီ၊ ဆောင်းရာသီ၊ မိုးကြိုရာသီများ၌ စိုက်ပျိုးပြီး မတ်ပဲ၊ ပဲလွမ်းသီးနှံများကို ‌ဆောင်းရာသီတွင် စိုက်ပျိုးလေ့ရှိပါသည်။
ရေ

  •     စိုက်ပျိုးရေကို စနစ်တကျသုံးစွဲရမည်။
    
  •     အသုံးပြုမည့်ရေကို လိုအပ်ပါက ဓာတ်ခွဲစမ်းသပ်ပြီး သီးနှံနှင့်သင့်တော်မှုရှိရမည်။
    
  •     မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ်စွန့်ပစ် ရေများ၊ အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးမပြုရ။
    

၃။ မျိုးစေ့

  • ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါ ကင်းစင်သည့် အရည်သွေးကောင်း မျိုးများကို ရွေးချယ်သင့်သည်။

  • ထုတ်ပြန်ထားသည့် မျိုးစေ့ဥပဒေကို လိုက်နာကျင့်သုံးရမည်။

  • အပင်ပေါက်(၈၅%)အထက်ရှိသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသင့်သည်။

  • မျိုးစေ့ဆောင်ရောဂါများ ပါဝင်မှုမရှိစေရ။

  • ရာသီဥတုဒါဏ်၊ ပိုးမွှားရောဂါဒါဏ်ခံနိုင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးသင့် သည်။

  • မျိုးစေ့ဝယ်ယူရရှိသည့် ဒေသ၊ ရရှိသည့်အရေအတွက်၊ ရရှိသည့်နေ့စွဲနှင့် ရောင်းချသူအမည်တို့ကို မှတ်တမ်းတင်ထားရှိရမည်။
    စိုက်ပျိုးရေးသုံးဓါတုဆေးများနှင့်အခြားဓါတုပစ္စည်းများ

  • ဓါတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး စနစ်များကို အသုံးပြုသင့်သည်။
    
  • တရားဝင်မှတ်ပုံတင်စာရင်းသွင်းထားသော အပင်ထွက်ပိုးသတ်ဆေးနှင့် အဏုဇီဝ ပိုးသတ်ဆေးများကို သုံးသင့်သည်။
    
  •     ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် လူသားတို့၏ကျန်းမာရေးထိခိုက်မှုများမဖြစ်စေရေးကို အထူး ဂရုပြုရမည်။
    
  •     ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင်အသိအမှတ်ပြု မှတ်ပုံတင် ထားသည့် ဓါတုဆေးများကိုသာ အသုံးပြုသင့်သည်။
    
  •     ဆေးဖျန်းပြီးနောက် ဆေးအုပ်စုအလိုက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်         ရက်ကာလ အပိုင်းအခြားကို အတိအကျလိုက်နာရမည်။
    
  •     ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများကို သိရှိနားလည်ထားရမည်။
    
  •     ဓါတုဆေးများဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့်စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍  မှတ်တမ်းများ ထားရှိရမည်။
    
  •     လောင်စာဆီ၊ ချောဆီနှင့် အခြားသောစိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေး များကို သီးနှံများညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြု ခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်သင့်သည်။
    

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

        စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိ မြေသည် ဓါတုနှင့် ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေအမျိုးအစားမျိုးမဖြစ်စေရ။ စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။

        ပဲတီစိမ်းသီးနှံဖြစ်ထွန်းရန်အတွက် မြေအချဉ်ငံဓာတ် (၆.၅ မှ ၇.၅) ရှိသော မြေမျိုး လိုအပ်ပြီး မတ်ပဲသီးနှံဖြစ်ထွန်းရန်အတွက် မြေအချဉ်ငံဓာတ်( ၆.၅ မှ ၇.၀) ရှိသော မြေမျိုး တွင် စိုက်ပျိုးရပါမည်။ မြေအချဉ်ငံဓာတ် (၅.၅) ထက်နိမ့်သော မြေမျိုးတွင် စိုက်ပါက အပင် ဖြစ်ထွန်းမှု ညံ့ဖျင်းပါသည်။ ဆားပေါက်သောမြေများတွင် မစိုက်ပျိုးရပါ။ ရေသွင်းရေထုတ် လွယ်ကူသည့် မြေဖြစ်ရမည်။

        ပဲတီစိမ်းနှင့် မတ်ပဲဖြစ်ထွန်းရန် မိုးရွာသွန်းမှုတစ်နှစ်ပျမ်းမျှ (၂၀"မှ ၅၀") အတွင်း ရှိရန်လိုအပ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၆၀၀၀) အထိ စိုက်ပျိုးနိုင်ပါသည်။

        ပဲတီစိမ်းဖြစ်ထွန်းရန် အပူချိန်(၂၀-၄၀) ဒီဂရီစင်တီဂရိတ်လိုအပ်၍ မတ်ပဲဖြစ်ထွန်းရန် (၂၅-၃၅)  ဒီဂရီစင်တီဂရိတ်အတွင်း လိုအပ်ပြီး နေရောင်ခြည်ကောင်းစွာရရှိရန် လိုအပ်ပါ သည်။ ပဲလွမ်းသီးနှံသည် အကြမ်းခံပြီး မြေမရွေးဖြစ်ထွန်းနိုင်၍ ရေသွင်းရေထုတ်      ကောင်းမွန်ရန် လိုအပ်ပါသည်။

စိုက်ပျိုးမည့်မြေနေရာသည် ဆေးရုံဆောက်ခဲ့သည့်နေရာ၊ တိရိစ္ဆာန်မွေးမြူရေး ဆောင်ရွက်ခဲ့သောနေရာ၊ စက်မှုလုပ်ငန်းများဆောင်ရွက်ခဲ့သည့်နေရာ၊ မြူနီစပယ်မှ အမှိုက် စွန့်ပစ်ခဲ့သောနေရာများ မဖြစ်စေရ။ မြေပြုပြင်ရာတွင် ထယ်ရေးနက်၍ ထွန်ရေးညက်ရန် လိုအပ်ပါသည်။
အပင်စိုက်ပျိုးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်း

အရည်အသွေးကောင်း ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်းစိုက်ပျိုးရန် အောက်ဖော်ပြပါနည်း

လမ်းများကို လိုက်နာဆောင်ရွက်သင့်သည်။

  •     ပဲတီစိမ်းနှင့်မတ်ပဲ၏ တစ်ဧက မျိုးစေ့နှုန်းထားသည် အတန်းလိုက် စိုက်ပျိုးမည် ဆိုပါက မိုးရာသီတွင်(၄-၆)ပြည်၊ ဆောင်းရာသီတွင် (၆-၈)ပြည် လိုအပ်ပါသည်။ ပဲလွမ်းသီးနှံမှာ တစ်ဧက (၈-၁၂)ပြည် လိုအပ်ပါသည်။![Screenshot_20181208-105610.jpg](https://cdn.steemitimages.com/DQmQLiqJPGpZJFRNevigkr4j1rRcci9nt6V8tBeLpwXuZsg/Screenshot_20181208-105610.jpg)
Sort:  

Congratulations @daungdaung! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 50 upvotes. Your next target is to reach 100 upvotes.
You received more than 50 upvotes. Your next target is to reach 100 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55111.68
ETH 2306.21
USDT 1.00
SBD 2.31