ပျဉ်းကတိုး

in #writing6 years ago

ပျဉ်းကတိုး သစ်စေ့များကို သစ်တော ဦးစီးဌာနမှ ဈေးကောင်းပေးဝယ်
BY: FLOWER NEWS JOURNAL
စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ် သစ်တော ဦးစီးဌာနမှ ပျဉ်းကတိုး သစ်စေ့များကို ကျေးလက်ဒေသနေ ပြည်သူများထံမှ တစ်ဆင့် ဈေးကောင်းပေး၍ ဝယ်ယူနေကြောင်း သိရသည်။ ကသာမြို့၏ အနောက်ဘက် ရှစ်မိုင်ခန့် အကွာတွင် ကသာမြို့၏ အထင်ကရ ဖက်ဆွတ် ကြိုးဝိုင်းကြီး တည်ရှိသည်။ ၎င်း၏ ဧရိယာမှာ ၉၆၃၈ ဧက ကျယ်ဝန်းပြီး ကြိုးဝိုင်း ဖွဲ့စည်းခဲ့သည့် နေ့ရက်မှာ ၁၈၉၄ ခုနှစ်၊ ဇွန် ၄ ရက်ဖြစ်ကာ သက်တမ်းအားဖြင့် (၁၁၇) နှစ် ပြည့်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဖက်ဆွတ် ကြိုးဝိုင်းအား စံပြ ကြိုးဝိုင်းအဖြစ် သတ်မှတ်ခဲ့သည့် နေ့ရက်မှာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် လွန်ခဲ့ပြီ ဖြစ်သည်။ ၎င်းကြိုးဝိုင်းကြီး အတွင်းတွင် (၁၉၆၄-၆၅) ခုနှစ်မှ စတင်၍ ပျဉ်းကတိုး စိုက်ခင်းကို တည်ထောင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ပျဉ်းကတိုး ပွင့်များသည် စက်တင်ဘာ စတင်ဖူးပွင့်ပြီး ခြောက်လအကြာ မတ်လလယ်တွင် အသီးစကြွေ၏။ဉ်းကတိုးပင်များမှ အသီးများ ကွဲအက်၍ အစေ့များ မြေပြင်ပေါ်သို့ ကြွေကျသည်ကို အနီးအနား ပတ်ဝန်းကျင် ကျေးရွာမှ ဒေသခံ ပြည်သူများ လာရောက် ကောက်ယူခွင့် ပြုထားပြီး ရရှိစုဆောင်းထားသော ပျဉ်းကတိုး သစ်စေ့များကို ကသာမြို့နယ်၊ သစ်တော ဦးစီးဌာန သစ်စေ့ တစ်ပြည်လျှင် ကျပ် ၇၀၀၀ နှုန်းဖြင့် ပြန်လည် ဝယ်ယူကြောင်း သိရသည်။ ကျေးလက် ဒေသနေ ပြည်သူများကလည်း တစ်ဦးတစ်ယောက် သော်လည်းကောင်း၊ မိသားစုလိုက် သော်လည်းကောင်း လယ်ယာ လုပ်ငန်းခွင် နားနေချိန်၌ သစ်စေ့ ကောက်ယူ ရောင်းချခြင်း အလုပ်ကို လုပ်ကိုင်ကြရာ နံနက်ပိုင်းမှ စတင်၍ ညနေပိုင်းအထိ သစ်စေ့ ကောက်ယူ ရောင်းချသော လူတစ်ဦးမှာ တစ်ရက်လျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ အတွင်း ရရှိကြကြောင်း သိရသည်။Screenshot_20181210-192549.jpg

Sort:  

Congratulations @chochotoetoe! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62934.10
ETH 2452.99
USDT 1.00
SBD 2.66