ချစ်သောကြောင်လေး
တိရိစ္ဆာန်များစွာထဲမှ ကျွန်တော်ချစ်သော တိရိစ္ဆာန်မှာ ကြောင်ဖြစ်ပါသည်။ ကျွန်တော်ဟာ ကြောင်လေးတွေကို အရမ်းချစ်တာပါ ။ ကြောင်ပေါက်စလေးတွေဟာ အ၇မ်းချစ်ဖို့ကောင်းတာပါ။ ချစ်စရာလေးတွေပါပဲ ။ သူတို့ရဲ့ အမူအရာလေးတွေ ဟာ ဘယ်လိုနေနေ ချစ်ဖို့ ကောင်းနေတာ။ အိမ်မှာမွေးထားတဲ့ကြောင်းလေးနာမည်ကတော့ မစီတဲ့ ကြောင်မလေးပေါ့ဗျ ..... အိမ်ကကြောင်ကတော့ သိပ်မလှဘူးရယ် ... ဒါပေမယ့် ကြောင်ချစ်သူအဖို့ ဘယ်လိုကြောင်ပဲဖြစ်ဖြစ်ချစ်တာပေါ့။
Image Source: https://www.readersdigest.ca/home-garden/pets/4-ways-cheer-depressed-cat/view-all/
ကြောင်လေးတွေဟာ လူနဲ့ရင်းနှီးဖို့ ကြိုးစားကြတယ် ။ သူတို့ကိုချစ်လာအောင် နည်းမျိုးစုံလုပ်ကြတယ်။ အစာစားချိန်ဆိုလည်း အချိန်မှန် သိတယ်ဗျ ။ စားချိန်ရောက်လို့ မကြွေးဖြစ်ရင် တညောင်ညောင် အော်နေတော့တာပါပဲ။
ဘယ်လိုဖြစ်ဖြစ်ကြောင်တွေကို အရမ်းချစ်တာပါ ။ သူတို့လက်ကလေးကိုပေး အမြီးလေးတနှံနှံနဲ့ နေတတ်တယ် ..... သူတို့ရဲ့ခေါင်းလေး တွေနဲ့ သခင်ရဲ့ ခြေဖ၀ါး ကိုလာလာပွတ်ပါတယ် ။ သူတို့လေးတွေကို ချစ်အောင် နေကြတာပေါ့ ။ ကြောင်ချီးတော့နည်းနည်းနံတာပေါ့ဗျ။ ဒါပေမယ့်ကြောင်ချစ်သူဆိုတော့ အပြစ်မမြင်ပါဘူးဗျ။ သူတို့ရဲ့ချစ်စရာ အမူအရာလေးတွေကြောင့်ချစ်နေရတာ ။ ဒါကြောင့် တိရိစ္ဆာန်တွေ ထဲမှာ ကျွန်တော် အချစ်ဆုံးဟာ ကြောင်ဖြစ်ပါတယ် ခင်ဗျ။
Image Source: http://catsatthestudios.com/