ဝထ္ထုတို(အ​မေ့​ခေါင်းမှာ​လေေ​ကြွးပန်း​တွေ​ဝေလို့)

in #whalepower7 years ago (edited)

"အ​မေ့​ခေါင်းမှာ​​လေကြွေးပန်း​တွေ​ဝေလို့ "
= = = = =
အ​မေသည်​ ရှန်​သဘက်​က​လေး​ခေါင်း​ပေါ်တင်​ကာ
"လာ သား​ရေ​တောင်​​ပေါ်သွာရ​အောင်​"ဟုကျွန်​​တော့ကို​ခေါ်လိုက်​ပါသည်​ ၊က​လေးသဘာဝ​တောထဲ​တောင်​ထဲသွားရမှာ အလွန်​​ပျော်​​သော​ကြောင့်​ဘတ်​ခွ​လေးလွယ်​အိပ်​ထဲထည့်​ လွယ်​အိပ်​လွယ်​ကာအ​ပြေးက​လေးအ​မေ့​နောက်​ကလိုက်​လာခဲ့ပါသည်​ ၊ကျွန်​​တော်​တို့​ယောသူ​ယောသားများဟာ ဒီပုံ​တောင်​ပုံညာကြီးကို အမှီသဟဲ ပြုပြီးဝမ်းစာရှာ ဘဝရပ်​တည်​မူ့ပြုလုပ်​​နေကြရပါသည်​၊ ပုံ​တောင်​ပုံညာသည်​ ကျွန်​​တော်​တို့ရဲ့အသက်​သခင်​ ​ကျေးဇူးရှင်​ဆိုလဲမှားမည်​မထင်​ပါ။
လမ်းခုလပ်​​ရောက်​​တော့အ​မေက "သားကြည့်​စမ်း
ကြွေးပန်း​တွေကိုပွင့်​​နေလိုက်​တာ​ဝေ​နေတာပဲ၊ ဒီနှစ်​​တော့​ကြွေးဥ​တွေ ဥတာများလိမ့်​မယ်​သား" လို့အ​မေက
ဝမ်းသာအားရ​ပြောရင်း​ကြွေးပန်းကိုခူးအ​မေ့​က​ခေါင်း​ပေါ်မှာပန်​လိုက်​ပါသည်​၊ အ​မေ​ပျော်​​နေတာမြင်​​တော့ကျွန်​​တော်​ကလဲဘာရယ်​မဟုပ်​ တအား​ပျော်​​နေပါသည်​၊အ​မေ့ရဲ့အလှသည်​ဒီအချိန်​မှာအလှဆုံးဖြစ်​မယ်​ထင်​ပါသည်​။ ဟုပ်​ပါသည်​ ကျွန်​​တော်​တို့ငယ်​စဉ်​က ဆန်​မရှိတဲ့အခါမှာ ​ကြွေးဥကို​ပေါင်းစားကြပါသည်​ ၊
ဆန်​ရှိတဲ့အခါမှာလဲ ​ကြွေးဉ​ပေါင်းကိုဧည့်​သယ်​လာရင်​​ရေ​နွေးအိုးနဲချပြီးဧည့်​ခံပါသည်​၊ ​ကြွေးဥ​ပေါင်းကအလွန်​တရာဆိမ့်​ပါသည်​ ပူပူ​နွေး​နွေး​လေး​ပေါင်​​ချောင်​အိုးထဲကချပြီး​ရေ​နွေးနဲ့စားရတာအလွန်​တရာအရသာရှိပါသည်​၊အ​ရောင်​ဖြူဖြူ​ဖွေး​ဖွေး​လေးနဲ့​စေး​စေးပိုင်​ပိုင်​စားရတာကျ​နော့တို့အရပ်​မှာ​တော့
ကြွေဥသည်​အသက်​သခင်​​ကျေးဇူးရှင်​ပါဘဲ၊
ဒီလို့နဲ့​ကြွေးဥများဥချိန်​ ရင့်​ချိန်​​ရောက်​​တော့အ​မေနဲ့ကျွန်​​တော်​ ​တောင်​​ပေါ်တက်​ပြီး​ကြွေးဥတူးကြပါသည်​၊ အ​မေသည်​ တက်​ကြွ​နေ၏၊
ပျော်​ရွှင်​​နေ၏၊ မ​မောတန်းမပန်းတန်း​ကြွေးဥများကိုတူးကာ ထန်း​ခေါက်​​တောင်းထဲထည့်​ခေါင်း​ပေါ်မှာရွက်​ခါ အိမ်​ကိုပြန်​လာခဲ့ကြပါသည်​၊
အ​မေသည်​အိမ်​​ပေါ်​ရောက်​​တော့​ကြွေးဥ​တောင်းကိုချ
ကျမ်းပြင်​​ပေါ်​ကြွေးဥများကိုသွန်​ချလိုက်​ပါသည်​၊
အိမ်​မှရှိတဲ့အ​ဖေက စာကြည့်​​နေရင်း စာကြည့်​မျက်​မှန်​အ​ပေါ်က​နေ​ကြွေးဥများကိုလှမ်းကြည်​လိုက်​ပါသည်​ ၊ "ဟ..ဒီနှစ်​​ကြွေးဥ​တွေ လှသားပဲဟ" လို့​ပြောလိုက်​တဲ့အခါ အ​မေက ဝမ်းသာအားရ "အများကြီးဘဲအများကြီးဘဲ ဒီနှစ်​​ကြွေးဥ​ပေါတာ မနက်​ဖြန်​​တောင်​​ပေါ်တ​ခေါက်​ထပ်​တက်​ဦးမယ်​"လို့သွက်​သွက်​လက်​လက်​ပြန်​​ပြောလိုက်​ပါသည်​ ခနတဖြုတ်​နားထမင်းစားပြီး​တော့ အ​မေဟာဓားတ​ခြောင်းနဲ့​ကြွေးဥများကိုအခွန်​ခွာ​နေပါ​တော့တယ်​ ကျွန်​​တော်​က​တော့ အနားမှာထိုင်​လို့​ပေါ့ ၊
ဒုတိယပိုင်း အပိုင်း (၂) ​စောင့်​​မျှော်​ပါ
shine shine

1515344961-picsay.jpg

Sort:  

ဒီလိုလဲရတေ 😁😁တော်တေ ငါနက်တူ လို့😁😁

ကြွေးဥ မမြင်ဖူးဘူးဗျာ စိတ်ဝင်စားသွားပြီ နောက် အဆက်တွေ စောင့်မျော်နေပါတယ်

Okသူငယ်​ချင်ူ ငါလဲဘယ်​မှရှာမ​တွေလိုေ့​ကြွးဥအ​​ကြောင်း​ရေးပြီးပုံမထည့်​လိုက်​နိင်​ဘူး

မြင်ရတော့ ဖတ်ရတာ ပိုပြီး အရသာ ရှိတာပေါ့ မမြင်ဖူးတော့ မျက်စိထဲ ဘယ်လို ပုံဖော်ရမှန်း မသိသလို ဖြစ်နေတာပါ ကိုယ်လို မသိတဲ့သူအတွက်က ထူးထူးဆန်းဆန်းဖြစ်နေတာကိုးး

အား​ပေး​နေပါတယ်​ဗျာ

Good writing

ကြွေးဥဆိုတာ ဘယ်လိုဥလဲဗျ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59106.19
ETH 2538.36
USDT 1.00
SBD 2.37