"အပြည့်​အဝပေး​ချေပြီး"

in #wafrica6 years ago

တစ်​ခါတုန်းက ... ညလယ်​စာအတွက်​ ချက်​ပြုတ်​​နေတဲ့မိခင်​​ဆီကို က​လေးငယ်​​လေးတစ်​​ယောက်​က စာရွက်​တစ်​ရွက်​လာ​ပေးတယ်​။
ကောင်​​လေး စာရွက်​ထဲမှာ ​ရေးထားတာက _
"မြက်​ရှင်းခ = ၅၀၀
ကွန်​​တော့်​အခန်းကို ကိုယ်​တိုင်​ရှင်းခ = ၁၀၀၀
ဈေးဆိုင်​မှာ အ​မေက​ ကျွန်​​တော်​ကို သွားဝယ်​ခိုင်းခ = ၁၀၀၀
အ​မေ​ဈေးသွားတုန်း ညီ​လေးကို ထိန်း​ပေးခ = ၁၅၀၀
အမှိုက်​သွန်​​ပေးခ = ၅၀၀
အမှတ်​​ကောင်းတဲ့ ရီပို့ကတ်​ယူလာ​ပေးခ = ၅၀၀၀
ခြံရှင်း​ပေးခ = ၁၀၀၀
စုစု​ပေါင်း = ၁၀၅၀၀"

အ​မေဖြစ်​သူက ဖတ်​ကြည့်​ပြီး တစ်​ချက်​ပြုံးလိုက်​တယ်​။
ပြီး​တော့ ​ကောင်​​လေးရဲ့စာရွက်​မှာ စာတစ်​ချို့ပြန်​​ရေး​ပေးလိုက်​တယ်​။
"၉လ​လောက်​ မင်းကို အ​မေ့ဗိုက်​ထဲသယ်​ထား​ပေးရတဲ့ အဖိုးအခ = အခမဲ့
မွေးလာပြီး မင်းချုချာလို့ ညတိုင်း မင်းကို​ချော့သိပ်​ရတဲ့၊ ဆရာဝန်​ပြပြီး ပူပန်​ရတဲ့ အဖိုးအခ = အခမဲ့
ဒီနှစ်​​တွေမှာ မင်းဆိုးခဲ့လို့ အ​မေကျရတဲ့ မျက်​ရည်​အတွက်​ အဖိုးအခ = အခမဲ့
ညတိုင်း မင်းတို့ရဲ့ ​ရှေ့​ရေးအတွက်​​တွေးပူပြီး ​သောက​ရောက်​ အိပ်​မရခဲ့တဲ့ အဖိုးအခ = အခမဲ့
အရုပ်​​တွေ၊ အစားအစာ​တွေ၊ အဝတ်​အစား​တွေ၊ မင်းနှပ်​ကိုညှစ်​​ပေးခဲ့ရတဲ့ ​သေး​သေးမွှားမွှား​လေး​တေကအစ အဖိုးအခ = အခမဲ့
မင်းဒီလို​တောင်း​ပေမဲ့ အ​မေ့ရဲ့​လျော့မသွားတဲ့ အချစ်​ရဲ့ အဖိုးအခ = အခမဲ့"

ကောင်​​လေးက သူ့အ​မေ​ရေးထားသမျှ အားလုံးဖတ်​လို့အပြီးမှာ​တော့ မျက်​ဝန်းထဲက မျက်​ရည်​​ပေါက်​​တွေကျလာခဲ့တယ်​။
အ​မေဖြစ်​သူကို ​ပြေးဖက်​လိုက်​ပြီး _
"သား​နောက်​ဆို အ​မေ့ကိုဒီထက်​ပိုချစ်​ပါ့မယ်​အ​မေ"
လို့ ​ပြောလိုက်တယ်​။

ပြီး​တော့ သူ့စာရွက်​​လေးမှာလည်း သူစာတစ်​​ကြောင်း ​ထပ်​ဖြည့်​လိုက်တယ်​။
"အပြည့်​အဝ ​ပေး​ချေပြီး" ...
image
ဒီရက်​ပိုင်း မိဘ​ကျေးဇူးကို ပိုသိမြင်​လာမိလို့ မိဘနဲ့ပက်​သက်​တဲ့ ပို့စ်​​လေး​တွေပဲ ​ကျွန်​မရဲ့ steemit အ​ကောင့်​မှာ အမှတ်​တရ သိမ်းဆည်းထားချင်​စိတ်​​လေး​ပေါက်​​နေတာကို သည်းခံ​ပေးကြပါကုန်​ 😃😃

အစားထိုးမရတဲ့မိဘ​မေတ္တာ မိဘ​ကျေးဇူး​တွေကို ဒီထက်​မကသိတတ်​ပြီး
လိမ္မာထက်​မြက်​တဲ့ သားသမီးများ ဖြစ်​နိုင်​ကြပါ​စေ ဆု​တောင်း​ပေးရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by yadanarpoekyuu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62656.62
ETH 2941.90
USDT 1.00
SBD 3.59