ထမင်းအိုး

in #wafrica6 years ago

ထမင်းအိုးတည်သည်။ ပဲပြားကိုအတုံးလေးတွေလှီးသည်။ ပဲပြားတတုံးကို သုံးစိတ်စိတ်ပြီး သုံးပိုင်းပြန်ပိုင်းသည်။ အတုံးသေးလေးတွေကိုးတုံးရသည်။ ပဲပြားနှစ်တုံးဆိုတော့ တဆယ့်ရှစ်တုံးရသည်။ မကြွပ်တကြွပ်လေးကြော်ပြီး ခရမ်းချဉ်သီးကြက်သွန်နီနှင့်ဆီသပ်ချက်လိုက်သည်။ ဟင်းအနှစ်များများဖြင့် ပဲပြားကြော်နှပ်ကအနံ့သင်းလာသည်။
image
ပဲစဉ်းငုံကတော့ ကိုမြင့်ကျော်ထမင်းချိုင့်အမှီ ပြီးမည်မဟုတ်သောကြောင့် စိမ်ထားသောပဲစဉ်းငုံများကို အိုးထဲထည့် မီးဖိုပေါ်တင်လိုက်သည်။ ညစာကျမှပဲ အရည်လေးသောက်ပြီးစားတော့ ကိုမြင့်ကျော်ရေ။ ပါးစပ်ကပြောလည်းပြော ငရုပ်သီးကလည်းထောင်းရသည်။ ကြက်သွန်ဖြူခွာ ဆုံထဲထည့် ညက်အောင်ထောင်း ငရုပ်သီးအလှော်မှုန့်ထည့် သမသွားအောင်ထောင်း ဆားအချိုမှုန့်ထည့် စေးပိုင်နေအောင်ထပ်ထောင်း။ သမီးလေးကိုလည်း ဘေးနားခေါ်ထားပြီး ပါးစပ်က ပုံပြင်ပြောရသေးသည်။ ပုံပြင်မပြောလည်း သူမေးသမျှ ဒိုင်ခံဖြေရသည်။ ထမင်းလည်းကျက်ပြီ။ ပဲပြားကြော်နှပ်လည်း မွှေးမွှေးလေးရပြီ။ ငရုပ်သီးထောင်းစပ်စပ်လေးလည်းရပြီ။ ဒါဆိုရင်တော့ ကိုမြင့်ကျော် ထမင်းချိုင့်အတွက်အဆင်ပြေပြီ။ မီးဖိုပေါ်မှာတင်ထားသောပဲအိုးကလည်း အမြုပ်များဝေကျနေသောကြောင့် ဇွန်းတချောင်းဖြင့်ခပ်ထုတ်ပြီး အိုးပေါ်ကို သစ်သားယောင်းမတင်ထားလိုက်သည်။ ထမင်းခ်ျုင့်ထည့်ပြီးသွားတော့ ကိုမြင့်ကျော်က အကျီ င်္လဲပြီ အပြင်ထွက်ဖို့ပြင်သည်။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58444.83
ETH 2537.94
USDT 1.00
SBD 2.49