သူငယ်ချင်းတွေ အကြောင်း အပိုင်း ၁၃

in #wafrica6 years ago

images(3).jpg

ဒီနေ့ ရုံးမှာ လာနေမဲ့လူ တစ်ယောက်ထပ်တိုးတယ်။
ခင်မောင်ဝင်း တဲ့၊ အထက်တန်းစာရေး မအေးမြင့်ခိုင်ရဲ့ မောင်လေးပေါ့။
သူတို့ဇာတိက ကံမ၊ ပြည် တစ်ဖက်ကမ်းလို့ ထင်တယ်။
ရန်ကုန်မှာ နေတာက ကန်တော်လေး ၉၃လမ်း၊ ၇ထပ်မှာ။
ရုံးမှာ လုပ်အားပေးနေတဲ့ အောင်သိန်းနဲ့ မောင်တိုးလဲ ရှိတော့ သူ့မောင်အတွက် အဖော်လဲရတယ်၊ နေရေး စားရေး သွားရေး လာရေးလဲ အဆင်ပြေအောင်ပေါ့ ။
ခင်မောင်ဝင်းက အလုံ ပုလဲနဲ့ငါး မှာလုပ်တာ၊ ငါးအရောင်းဌာနမှာ တာလီစာရေး။
သူ ငါးပါးနီ တစ်ကောင်ယူလာတယ်၊ ပုဇွန်ခေါင်းတွေ ရောပဲ။
ငါးပါးနီက အအေးခန်းထဲက ယူလာတာဆိုတော့ အေးခဲပြီး တောင့်တောင့်ကြီး၊ ရေနဲ့ အကြာကြီးစိမ်ထားပြီးမှ ဓားနဲ့ ခုတ်ထစ်လို့ရတယ်။
ပုဇွန်ခေါင်းတွေက ပုဇွန်ခေါင်းချိုးတဲ့ဌာနက ရလာတာ၊ ခေါင်းချိုးပြီးပုဇွန်တွေကိုတော့ နိုင်ငံခြားပို့တယ်။ - ၂၅ °C ရှိတဲ့ အအေးခန်းကြီးထဲမှာ သိမ်းထားတာ။
မနေ့ကတော့ အောက်တန်းစာရေး ဦးသန်းဖေ ရုံးမှာလာနေတယ်။
သူကတော့ အိမ်မှာ ယောက္ခမနဲ့ မိန်းမနဲ့ အဆင်မပြေလို့ လာနေတာတဲ့။
သူက စိုက်ခင်းရုံး ညွှန်ကြားရေးမှူးနဲ့ ငယ်သူငယ်ချင်း၊ သူက အောင်လံသား။
ညွှန်မှူးက သရက် ဇာတိ၊ ကျောင်းတက်တော့ ဦးသန်းဖေနဲ့အတူ အောင်လံမှာ။
ညွှန်မှူးကတော်ကလဲ အောင်လံ ဇာတိပဲ၊ အဲဒီအိမ်မှာနေပြီး ညွှန်မှူးက ကျောင်းတက် ခဲ့တာ ဆိုတော့ နောက်ပိုင်း လူကြီးတွေက ပေးစားလိုက်တာ။
ကျော်ကြီး ပြောတာတော့ သူ့အဖေက အရင် အင်ဂျင်နီယာလိုင်း BSc engineering ယူပြီးမှ သစ်တောလိုင်း BSc forestry ပြောင်းလိုက်တာတဲ့။
သူ့အမေကတော့ အထက်တန်းပြဆရာမ လုပ်ခဲ့တယ်၊ မာနကြီးတာမှ မျက်နှာက ရှစ်ခေါက်ချိုး၊ ရုပ်ရှင်ထဲက သီတာခင်ထွေး လိုမျိုး၊ လူလူချင်း အဆင့်အတန်း ခွဲတယ်။
အခုလဲ အရာရှိကြီးကတော်ဂုဏ်နဲ့ စိန်ပွဲစား လုပ်နေတာ၊ မြေတွေဝယ်လိုက် မြတ်ရင် ရောင်းလိုက်နဲ့ပဲ စီးပွားအတော်ဖြစ်နေတယ်။ မုံရွာမှာလဲ စောင်စက်ရုံ ရှိတယ်၊ အရင် သကြားစက်ပါ ရှိတယ်တဲ့။
သူ့အဖေကျတော့ ဆင်းရဲတဲ့ ဘဝက တက်လာသူ ဆိုတော့ သဘော အရမ်းကောင်း၊ ကျနော့်သူငယ်ချင်းက သူ့အဖေနဲ့ တူတယ်ပြောရမယ် သဘောကောင်းလို့။

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-06-03T10:07:21
Account Level: 0
Total XP: 91.00/100.00
Total Photos: 14
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62094.36
ETH 2436.39
USDT 1.00
SBD 2.50