About of USS Indianpolis

ဒီနေ့မှာတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပြည်ကို ဗုံးကြဲမယ့် နူကလီးယားဗုံးကို လျှို့ဝှက်သယ်ဆောင်ကာ ပို့ပြီ အပြန် ဂျပန် ရေငုပ်သင်္ဘောရဲ့ တော်ပီဒိုဒဏ်ကြောင့် နစ်မြုပ်သွားတဲ့
Uss indianpolis အကြောင်း တင်ဆက်ပေးသွားပါမယ်..

USS Indianpolisဆိုသည်မှာ အမေရိကန် ရေတပ်ရဲ့ စစ်သင်္ဘောတစ်စီးပင်ဖြစ်သည်..Inianaမှာရှိတဲ့ Indianasမြို့ရဲ့နာမည် ကို ယူသုံးပြီး အမည်ပေးခဲ့ခြင်းဖြစ်သည်...Uss Indianpolisကို နယူးဂျာစီပြည်နယ် Camdenရှိ New York Ship buliding Corporationမှ တာဝန်ယူတည်ဆောက်ခဲ့သည်.1929 February 13မှာ စတင်တည်ဆောက်ခဲ့ပြီးတော့ 1939 March 30မှာ စတင်ရေချခဲ့သည်..သင်္ဘော တည်ဆောက်မှု ကုန်ကျ စရိတ်ပေါင်း အမေရိကန် $109သန်းကျော်ကုန်ကျခဲ့သည်..1931 Nov7ရက်တွင် စတင် အမှူထမ်းပြီး 1932 Nov15တွင် စစ်ဆင်ရေးတာဝန်များ စတင်ဆောင်ရွက်ခဲ့သည်။

USS Indianpolis ဟာ Portland Class/
Cruiser(ခရူဇာ)တစ်စီးဖြစ်ပြီး ဝန်အပြည့်ဖြင့် 9950တန် လေးပြီး အမြင့်ဆုံးအဖြစ် အဖြစ် 10110တန် အထိတင်ဆောင်နိုင်သည်...USS Indianpolis၏ အရှည် Loa(length overall)သည်610ft 3in/ lwl(water line length)သည် 584 ft (178m) ရှိကာ ကုန်းပတ်အကျယ် 66ft 1in(20.14m)ကျယ်ဝန်းသည်..
အဓိကအသုံးပြုစွမ်းအင်အဖြစ် 80000kilowattထုတ်ပေးနိုင်သည့် white Forster Boiler 4လုံးတပ်ဆင်ထားပြီး အရန်အနေဖြင့် သဘောင်္ခုတ်မောင်းရန်အတွက် Parson Reduction steam turbinesလေးလုံး တပ်ဆင်ထားသည်...တစ်နာရီကို အမြန်နူန်း 32.7 ကီလိုနော့ (37.6မိုင်/60.6km)မောင်းနှင်နိုင်ကာ သဘောင်္ပေါ်တွင် အရာရှိ95ဦး စစ်သား 857ဦး အမှုထမ်းနိုင်နိုင် ဒီဇိုင်းလုပ်ထားပြီး စစ်ပွဲအတွင်း 1269ဦး တာဝန်ထမ်းဆောင်ခဲ့သည်
တပ်ဆင်ထားသည့် လက်နက်များအနေဖြင့်
200mm/55caliber အမြောက်ကြီး 9လက် ၊ 130mm/25 caliber anti aircraft gun 8 လက် ၊ 3pounder 47mm saluting gun 2လက် /40mm Bofors anti aircraft 6လက် /singel 20mm oerlikon anti aircraft cannon 16လက် အသီးသီး တပ်ဆင်ထားကာ သံချပ်ကာအထူ ခါးပိုင်းတွင် 83-127mm/သင်္ဘောကုန်းပတ်တွင် 64mm/ barbettesတွင် 38mm/turrets များတွင် 38-64mm/ သဘောင်္ထိန်းချုပ်ခန်းတွင် 32mm သံချပ်ကာ အထူများ ဖုံးအုပ်ထားသည်...Float planes အဖြစ် 4စီးအထိ သယ်ယူနိုင်သည်
USS Indianpolis သည် စစ်ဆင်ရေးတာဝန်များစွာကို ဆောင်ရွက်ခဲ့ပြီး အောင်ပွဲများရယူနိုင်ခဲ့ သည်1945 julyလအတွင်းမှာတော့ USS Indianpolisဟာ ဂျပန်နိုင်ငံကို ကြဲချဖို့ Little Boy နှင့် fat manအနက်မှ Little Boyကို Tinianမှာရှိတဲ့ အမေရိကန်လေတပ် အခြေစိုက်စခန်းဆီသို့
သယ်ယူပေးဖို့ တာဝန်ကြလာသည်

USS Indianpolis ဟာ Cruiser တစ်စီး ဖြစ်သည့်နှင့်အညီ ထိုခေတ်အခါက ရေငုပ်သင်္ဘော ရန်ကာကွယ်ရန်/တန်ပြန်တိုက်ခိုက်နိုင်ရန် လက်နက် အကာအကွယ်မပါပေ...Destroyerများ အစောင့်အရှောက်နှင့်သာသွားရလေသည်...သို့သော် ထို Little Boy အားသယ်ယူရမည့် စစ်ဆင်ရေး၌ တစ်စီးထဲ သီးသန့်သာ ဆောင်ရွက် ရမည်...စစ်ရေယာဉ်အုပ်စုလိုက်သွားသော် ဂျပန်ရေတပ် နှင့် လေတပ်တို့၏ တိုက်ခိုက်မှုကို ကြုံတွေ့နိုင်ပြီး စစ်ဆင်ရေးပျက်စီးမည်ဖြစ်သည် ထိုကြောင့် သတိမထားမိစေရန် တစ်စီးထဲ လွှတ်ခြင်းဖြစ်သည် သို့သော် အလွန်အန္တရာယ်များသော စစ်ဆင်ရေးဖြစ်လေသည်...ထိုကြောင့် 1945 ဂျုလိုင်လအတွင်း USS Indianpolis ဟာ အစောင့်အရှောက်မပါ တစ်စီးတည်း စစ်ဆင်ရေး ထွက်ခွာခဲ့လေသည် Little Boyကိုအား အမေရိကန် လေတပ်ဌာနချုပ်သို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့လေသည်...သို့သော် USS Indianpolis ရန် အပြန်ခရီးကား ဂုဏ်ဆောင်နိုင်ခဲ့သော်လည်း အပြန်လမ်းတွင် ဝမ်းနည်းစရာ အဖြစ်အပျက်နှင့် ကြုံခဲ့ရလေသည်...1945ခုနှစ် July 30ရက်နေ့တွင် USS Indianpolis တစ်စီးတည်းခုတ်မောင်းလာစဉ် ဂျပန်တော်ဝင် ရေတပ်၏ ရေငုပ်သင်္ဘော Type 58မှ တစ်လုံးတည်း ပစ်လွှတ်လိုက်သော Type 99 တော်ပီဒို ထိမှန်ကာ ဖိလစ်ပိုင် ပင်လယ်တွင် ပျက်စီးနှစ်မြုပ်ခဲ့လေသည်..

Type 58ရေငုပ်သင်္ဘော
.နှစ်မြုပ်ချိန် 12မိနစ်ခန့်ကြာမြင့်ကာ အရာရှိ အမှုထမ်းပေါင်း 1196 ယောက်အနက် 300မှာ သင်္ဘောထဲ တာဝန် ထမ်းဆောင်ရင်း သေဆုံးခဲ့ကြပြီး လွတ်မြောက်သွားသော အယောက် ၈၀၀ကျော်မှာလည်း
ရေဓာတ်ကုန်ခမ်းခြင်း အားပြတ်ခြင်း ဆားငံရေ အဆိပ်သင့်ခြင်းများ /အဓိကအားဖြင့် ငါးမန်းအုပ်များ၏ တိုက်ခံမှုကို ခံရကာ အယောက် 300ကျော်သာ အသက်ရှင်ခဲ့သည်...အမေရိကန်ရေတပ်သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ဝမ်းနည်းစရာ ဆုံးရှုံးမှုပင်ဖြစ်သည်...ထိုသို့ သင်္ဘေ တိုက်ခိုက် ခံရခြင်းမှာ ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အမှားဟုပြောနိုင်သော်လည်း ဂျပန်အား လက်နက်ချစေသော နူကလီးယား ဗုံး နှစ်လုံးအနက်မှ တစ်လုံးအား အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ပြီး ဂျပန်အား လက်နက်ချစေခဲ့ကာတစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီခဲ့ပြီး ဒုတိယကမ္ဘာစစ်အား အဆုံးသတ်စေခဲ့သည်..
19.8.2017မှာတော့ ဖိလစ်ပိုင်ပင်လယ် ရဲ့တစ်နေရာ ရေအနက် မီတာ ၅၅၀၀မှာ USS Indianpolis ရဲ့ ကိုယ်ထည်နှင့် အစိတ်အပိုင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပာသည်...
FB_IMG_1503611165725.jpgFB_IMG_1503611163579.jpgFB_IMG_1503611159733.jpg

Translate & writer -Htetlinnaung
Follow & Upvote➡➡➡ @htetlinnaung
Photo -google
Ref-https://en.m.wikipedia.org/wiki/USS_Indianapolis_(CA-35)
MSU-006

Sort:  

ဗဟုသုတ ရပါတယ်

ဗဟုသုတရ​ဗဟုသုတရ​လို့​ကျေးဇူးပါ

ဗဟုသုတရပါတယ်​ဗျ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61143.11
ETH 2928.78
USDT 1.00
SBD 3.56