Trip To Bagan, Heart of Myanmar

in #trip7 years ago (edited)

ပထမဦးဆုံး ဝန်ခံပါရစေ....ကျနော် တစ်ခါမှ ခရီးသွား Review တစ်ခုကိုမရေးခဲ့ဘူးပါဘူး။ ဒါကျနော့် ရဲ့  ပထမဦးဆုံး ခရီးသွား Review ပါ။ ပုဂံကို ရန်ကုန်ကနေသွားမယ်ဆိုရင် တတ်နိုင်ရင် အဆင်ပြေရင် လေယာဉ် နဲ့သွားပါ။ သိပ်လည်းမကုန်ချင်ဘူးဆိုရင်တော့ ကားနဲ့ သာသွားပါ ခုလိုင်းဆွဲတာမကြာသေးတဲ့ Famous traveller တို့ elite တိုနဲ့သွားပါ။
ရထား စီးဖို့ကိုတော့ ယောင်ပြီး အိမ်မက်ထဲတောင်ထည့်မမက်ပါနဲ့.... လက်မှတ်စဝယ်ကတည်းက အကုသိုလ်များရပါတယ်။ နေရာကောင်းကောင်းလိုချင်လို့ သုံးရက်လောက်ကြိုပီး ပန်းဆိုးတန်း ကုန်းကျော်တံတားအောက်က လက်မှတ်ကြိုတင်ရောင်းတဲ့နေရာမှာ သွားဝယ်တယ်။ ဘုတ်မှာ ရေးထားတဲ့ ဈေးနဲ့ တကယ်ပေးရတဲ့ ဈေးနဲ့ က တစ်စောင်ကို ၂၀၀၀ လောက်ကွာပါတယ်။
ပုဂံရထားမှာ အထက်တန်းတွဲမပါပါဘူး။ ဒုတိယတန်းနဲ့ ရိုးရိုးတန်းပဲ ပါပါတယ်။ ဒုတိယတန်း ဆိုတာ သစ်သားခုံပေါ်မှာ ဖေ့အခံပါးပါးလေးခင်းထားပါတယ်။ ရိုးရိုးတန်းက သစ်သားခုံပါ။ ရန်ကုန်ကနေ ညနေ ၄ နာရီစထွက်ပါတယ်။ ပုဂံကို ပုံမှန်ဆို နောက်တစ်နေ့ နေ့လည် ၁၁ နာရီ စွန်းစွန်းရောက်ပါတယ်။ ဒါပေမယ့် ပုံမှန်ဆိုတာ လက်မှတ်ရောင်းတဲ့ သူပါးစပ်ထဲမှာ နဲ့ ဘူတာရုံက ဆိုင်းဘုတ်ပေါ်မှာပဲရှိတာပါ။ တစ်ခါတစ်လေ လမ်းမှာ ရှေ့က ရထားက ကျလိုပဲဖြစ်ဖြစ် (ရထားလမ်းချော်တာကိုပြောတာပါ) အကြောင်းပြချက်ပေါင်း များစွာနဲ့ အစောဆုံး နေ့ခင်း ၁ နာရီ ဒါမှမဟုတ်ကံအဆိုးလွန်သွားရင်တော့ ည ကျမှ ရောက်တတ်ပါတယ်။ နောက်တစ်ခုက ရထာပေါ်မှာ စီးရတဲ့ အချိန်တွက်ကြည့်ရင် နာရီပေါင်း ၂၀ ကျော်လောက် ထိုင်စီးပီး စကောထဲ ဇီးဖြူသီးထည့်လိမ့်သလို စီးလာရမယ် ပီးတော့ တစ်ညလုံးလည်းကောင်းကောင်းအိပ်ခဲ့ရမှာ မဟုတ်လို့. ပုဂံကိုရောက်ရင် သေချာပေါက် တည်းတဲ့နေရာမှာ အဲဒီတစ်နေ့လုံး အောင်းနေရမှာပါ။ အိပ်စင်တွဲဆိုပြီး တစ်ခါတစ်လေ စိတ်ပေါက်ရင် နှစ်တွဲ များသေားအားဖြင့်တစ်တွဲပါပါတယ်။
သူကတော့ Foreigner လို့ခေါ်တဲ့ နိုင်ငံခြားသားကြီးတွေကို ဦးစားပေးဆိုတဲ့ အကြောင်းပြချက်နဲ့ အပိုကြေးများများနဲ့ ဝယ်မှ အဆင်ပြေမှာပါ( ပုဂံကနေရန်ကုန်ပြန်ရင်တော့ အိပ်စင်ဝယ်လို့လွယ်ပါတယ်)။ ရထားမှာ ဟိုးရှေးရှေးအရင်ကလို စားသောက်တွဲ Dinning Car မပါတော့ပါဘူး။ ရန်ကုန်ကနေစထွက်လို့ လက်ပံတန်းလောက်အထိ စားစရာ သောက်စရာ ရေဘူး ဘာညာတွေဝယ်လို့ရနိုင်သေးပေမယ့် ပြည် ကျောက်တံခါး ကျော်သွားရင်တော့ ရထားဝန်ထမ်းတစ်ချို့ရောင်းတဲ့ ရေဘူးကလွဲရင် ကျန်တာဝယ်လို့မလွယ်ပါဘူး။ စားသောက်စရာ စီစဉ်မလာရင်တော့ မန်းမန်းတူတူပုန်းသွားနိုင်ပါတယ်။....... ဆက်မည်

Sort:  

ကြိုဆိုပါတယ် ကိုညီညီနိုင် , လောလောဆယ်တော့ steemit webpage မှာ မြန်မာလိုရေးတာ ဆိုလို့ အစ်ကိုနဲ့ ကျွှန်တော် နှစ်ယောက်ထဲရှိပါသေးတယ်, အားမလျော့ပါနဲ့ အစ်ကို့ရဲ့ steemit post link ကို FB မှာ ပြန်ရှယ်လိုက်ပါမယ်

လက်တွဲခေါ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်အကို

ကိုညီညီနိုင် +၆၅ ၈၆၁၁၄၀၅၇ နဲ့ viber နဲ့ WhatsApp မှာကျွှန်တော့ကို အကူအညီတောင်းနိုင်ပါတယ်...

ဟုတ်ကဲ့ပါအကို

ကျွန်တော်လည်းအကူအညီတောင်းလို့ရမလားခင်ဗျ။ ;-)

မင်္ဂလာပါအစ်ကိုတို့။ ကျွန်တော်လည်းမြန်မာတစ်ယောက်ပါ။ ခုမှစရမှာမို့လို့ လက်တွဲခေါ်ပေးစေချင်ပါတယ်။ ကျွန်တော်ဘယ်က စရမှန်းမသိလို့ပါ။

Congratulations @nyinyinaing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honnor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ဟုတ်​ကဲ့

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64614.75
ETH 3444.80
USDT 1.00
SBD 2.55