**တက်ပုတို့သူငယ်ချင်းတစ်သိုက် ရိုးမထဲသို့ ခြေဆန့်ခြင်း**

in #travel6 years ago

ကွေ့ကောက်နေသော မြေနီလမ်းကလေ့း့ ထိုလမ်းလေးရဲ့ဘေးတစ်ဖက်တစ်ချက်တွင် ညီညာစွာပေါက်နေသော ယူကလစ်ပင်တန်းလေးရဲ့ မြင်ကွင်းက သဘာဝပန်ချီးကားတစ်ချပ်ကို မြင်တွေ့ခံစားရသလို့။
image
credit to facebook image
ထိုပန်းချီးကားရဲ့ မလှမ်းမကမ်းတွင် အရောင်အသွေးစုံလင်စွာ
ဝေဝေဆာဆာပေါက်နေသော စက္ကူပန်းပင်ကြီးကလည်း ကိုယ်ပိုင်အလှကို ပြည့်ပြည့်ဝဝ ဖော်ကျူးနေပုံမှာ လောကအတွက်တာဝန်ကျေပွန်ပါသည်။
image
credit to facebook image
တာဝန်ကျေပွန်လှသော ရောင်စုံပန်းပင်ကြီးအောက်တွင် တိုင်းပြည်၏ ရတနာများဖြစ်သော သာအေး ဗိုက်ပူ ချက်စူ တက်ပု ချက်ကြီး နဲ့တူ မိန်းကလေးများဖြင့်ကြသော စာဥ မိဂျမ်း တို့ သူငယ်ချင်းတစ်သိုက် စာကျက်နေပုံမှာ မြင်ရသူများအဖို့ ပီတိဖြင့်စရာပါ။ ခဏကြာတော့ စာကျက်သံများတိတ်သွားသည်။ တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သူက တက်ပု့ စာမေးပွဲပြီးရင် ဒို့သူငယ်ချင်းတွေ လျှောက်လည်ကြမယ်။ အေ့ ကောင်းတယ် အဲ့ဒီအစီအစဉ် မိုက်တယ် ဟု ဗိုက်ပူ က အားတတ်သရော ထောက်ခံလိုက်သည်။ စေ့စေ့စပ်စပ် လုပ်ကိုင်တတ်သော သာအေးက စကားဝိုင်းသို့ဝင်လာပြီး သွားတာတော့ ဟုတ်ပါပြီ ဒို့သူငယ်ချင်းတွေ ဘယ်ရွေ့ကြမှာလဲ။ သာအေး ပြောစကားကြောင့် သူငယ်ချင်းတစ်သိုက် ငြိမ်ကျသွားပြန်သည်။ ဒီတစ်ခါ လှုပ်ရှားလာသူက မိဂျမ်း။ ငါစဉ်စားမိတာ နင်တို့ကို ချပြမယ်။ နင်တို့ကြိုက်ရင်လက်ခံ ။ မကြိုက်ရင် လက်မခံနဲ့။ ပြောမယ့်ဟာ ပြောစမ်းပါ မိဂျမ်းရယ် ကြီးကြီးကျယ်ကျယ် မလုပ်စမ်းပါနဲ့ စာဥမက ဝင်ပြောလိုက်တော့ မိဂျမ်း မျက်နှာရှုံ့သွားသည်။
ဒီလိုဟာ မြို့ထဲမှာ ရှိတဲ့ ရေပန်းဥယျာဉ်တို့၊ တိုင်းရင်းသားကျေးရွာတို့၊ တိရိစ္ဆာန်ဥယျာဉ်တို့၊ အမျိုးသားပြတိုက်တို့၊ ဗုဒ္ဓဂါယာတို့ စတာတွေက အချိန်မရွေး အလွယ်တကူ သွးလို့ရတယ်ဟယ်။
image
image
image
ရေပန်းဥယျာဉ် credit to facebook image
image
image
image
တိရိစ္ဆာန်ဥယျာဉ် credit to facebook images
image
image
image
တိုင်းရင်းသားကျေးရွာ credit to facebook images
image
image
image
ဗုဒ္ဓဂါယာ credit to facebook images
image
image
image
အမျိုးသားပြတိုက်credit to facebook images
ဒါကြောင့်မို့ အတွေ့ကြုံ အသစ်တွေရအောင် ရိုးမတောထဲကို ခြေဆန့်ကြရင်း မကောင်းဘူးလား။ ဝေ့း့ဝေး ထောက်ခံတယ် ဘယ်သူမထောက်ခံ ထောက်ခံ ငါသဘောတူတယ် ငါလက်ခံတယ်ကွ့ တစ်ချိန်လုံးငြိမ်နေသော ချက်ကြီးက ထအော်၍ ပြောလိုက်သည်။ ထိုအချိန်တွင် ဘေးမှဖြတ်သွားသော ယစ်ထုပ်ကြီး လောရှည်မျိုးညွန့်က ဟဲ့ကျောင်းသားတွေ မဆူနဲ့ကွ့။ စာမေးပွဲအတွင်း စာမကျက်ဘဲနဲ့စကားတွေများနေတယ့့် တောက့့် ငါလုပ်လိုက်ရ ။ ချက်ကြီးတို့တစ်သိုက် ငြိမ်ကျသွားသည်။ သို့သော် ရိုးမထဲသို့ ခြေဆန့်မည့်
အကြောင်းကိုတော့ ဦးနှောက်ထဲတွင် လော့ချထားမည်မှာ ဧကန်မလွဲပါ။
( စာမေးပွဲပြီးလျှက် ရိုးမ ထဲသို့ ဆက်လက်သွားရောက်မည်ဖြစ်ပါ၍
အားပေးကြပါအုံးနော်)
အားလုံးကိုလေးစားလျှက်
ရှိန်ဝါ
( ခေတ္တ - လူ့ပြည် )

Sort:  

Congratulations @sheinwar! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @sheinwar! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 66646.40
ETH 3314.59
USDT 1.00
SBD 2.69