ကြိုးစားကာ ဖြတ်ကျော်လွှားဖို့ ဒီနည်းတွေအသုံးပြုပါ ၆

in #travel7 years ago

IMG_20170807_122258.jpg

အားလပ်ရက်ကိုအသုံးချပါ
အားလပ်ရက်မှာ ခရီးထွက်ခြင်း ဒါမှမဟုတ်စားအုပ်ဖတ်
ခြင်းများသည်လည်း အကျိုးရှိစေသောအလုပ်တစ်ခုဖြစ်
၏။ခရီးထွက်ခြင်းကား ဗဟုသုတအတွေ့ကြုံကောင်း
များစွာကို ရရှိစေနိုင်ရုံသာမက တစ်ရွာတစ်ကျီဆောက်
သကဲ့သို့မိတ်ဆွေများလည်းတိုးပွားလာစေနိုင်ပါသည်။
ရောက်ရှိသွားသည့်နေရာဒေသများ၌လည်း အထူးဆန်း
မသိရှိရသေးသောဗဟုသုတများစွာ ရရှိနိုင်လေသည်။
ထိုနေရာထိုဒေသ၏ဓလေ့ထုံးတမ်း အစဉ်လာများ
နေထိုင်စားသောက်ပုံများ လုပ်ကိုင်ဆောင်ရွက်ပုံများ
အားလေ့လာသိရှိခွင့်ရရှိမှာဖြစ်ကာ နေရာသစ်ဒေသ
သစ်တစ်ခုသို့ ဝင်ရောက်ထိတွေ့ရသည့်အရသာမှာ
လည်းတကယ်ထူးကဲလှလေသည်။ထို့အပြင်မိမိ
မတွေ့ကြုံရသေးသော ကိစ္စများစွာကိုထိတွေ့ဖြေရှင်း
သွားရမည့်အပြင် စိတ်ပျော်ရွှင်မှု အစရှိသောရသများ
စွာကိုခံစားရလိမ့်မည်။စိတ်ပြေလက်ပျောက် ခရီးထွက်
ခြင်းအတွက် တကယ်ပင်စိတ်အပန်းပြေနိုင်ပြီး အတွေ့
ကြုံသစ်များ နေရာသစ်များ၌ အထူးတလည် လည်ပတ်
ခွင့်ရခြင်း နေထိုင်ခွင့်ရခြင်းနှင့် မိမိဗဟုသုတအတွက်
အမှန်တကယ်အကျိုးရှိခြင်းကြောင့် ခရီးသွားခြင်းသည်
တကယ်ကောင်းသည့်အလုပ်တစ်ခုဖြစ်လေသည်။
ထို့အပြင် ခရီးမထွက်နိုင်ပါကလည်း စိတ်ပြေလက်
ပျောက် ဗဟုသုတရလဲ ရသလို မိမိဘဝထဲနှင့်စီးမျော
ကာတစ်ထပ်ထဲကျစေမည့်စာအုပ်စာမွန်များကိုဖတ်ခြင်း
သည်လည်းအမှန်တစ်ကယ်ကောင်းမွန်သော ဗဟုသုတ
ရှာနည်းတစ်မျိုးဖြစ်၏။မိမိမသိရှိရသေးသောပြဿနာ
ပေါင်းများစွာကို ဒါမှမဟုတ် ဗဟုသုတပေါင်းများစွာ
တိုးတက်နည်းပေါင်းများစွာ စိတ်ချမ်းသာနည်းပေါင်း
များစွာသည်ထိုစာအုပ်များထဲမှာသာရရှိနိုင်လေသည်။
စာအုပ်ဖတ်နေစဉ်ဝယ် မိမိ၏စိတ်သည်အစဉ်သဖြင့်
ထိုစာအုပ်၌သာစိတ်ဝင်စားလျက်ရှိသောကြောင့်
အခြားပြင်ပများသို့စိတ်မရောက်ပဲ စိတ်ပင်ပန်းခြင်းများ
လည်း ပြေပျောက်နိုင်၏ထို့ကြောင့် စာအုပ်ဖတ်ခြင်း
သည်လည်း အလွန်မွေ့လျော်သင့်သောအလုပ်တစ်ခု
ပင်ဖြစ်လေတော့သည်........။

ဆက်လက်ရေးသားပါအုံးမည်....

Original Writer By @julybrave

Photo by @julybrave

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by julybrave from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks minnow!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58058.49
ETH 2284.09
USDT 1.00
SBD 2.51