ဝဋ္​မွာအၿမဲငရဲမွာအပ(ဘာသာျပန္​ပံုျပင္​)

in #transate7 years ago

image
Credit to Google image

Zawgyi

ဝဋ္​မွာအၿမဲငရဲမွာအပ(ဘာသာျပန္​ပံုျပင္​)


တစ္​ခါကအလြန္​ရက္​စက္​ၾကမ္​းၾကဳတ္​​ေသာဘုရင္​တစ္​ပါးရိွသည္​။ျပည္​သူမ်ားသည္​ဘုရင္​၏နိွပ္​စက္​မႈဒဏ္​ကိုမခံနိုင္​​ေသာ​ေၾကာင္​့နန္​းက်ကာနတ္​႐ြာစံ​ေစခ်င္​ၾကသည္​။တစ္​​ေန႔​ေတာ့ဘုရင္​ကသူ၏အက်င္​့ဆိုးမ်ားကိုစြန္​႔လြန္​႔ကာစိတ္​သစ္​လူသစ္​ျဖင္​့ဘဝသစ္​စ​ေတာ့မည္​
ဟု​ေၾကညာျခင္​းျဖင္​့ျပည္​သူမ်ားကိုအံ့ၾသသင္​့​ေစလိုက္​သည္​။
"ရက္​စက္​မႈ၊အဓမၼမႈဆိုတာ​ေနာက္​ထက္​မရိွ​ေတာ့ဘူး"ဟုကတိကဝတ္​ျပဳသည္​။ထိုကတိအတိုင္​းလည္​း​ေကာင္​မြန္​စြာက်င္​့ႀကံ​ေနထိုင္​သည္​။
မၾကာမီသူသည္​ "မင္​းက်င္​့တရားနွင္​့ျပည္​စံုကာ
စိတ္​ႏွလံုးႏူးညံ့​ေသာမင္​းဧကရာဇ္​"အျဖစ္​​ေက်ာ္​ၾကားလာသည္​။ဘုရင္​မင္​းျမတ္​​ေျပာင္​းလဲလာၿပီးလအ​ေတာ္​ၾကာသူ၏ ဝန္​ႀကီးမ်ားထဲမွ တစ္​​ေယာက္​က ဘုရင္​ႀကီးယခုကဲ့သို႔​ေျပာင္​းလဲလာရျခင္​းအ​ေၾကာင္​းအရင္​းကို​ေမးျမန္​းသည္​။

ထိုအခါဘုရင္​က"တစ္​​ေန႔ငါ​ေတာထဲ​ျမင္​းတစ္​စီးနဲ႔ပတ္​​ေနတုန္​း ​ေျမ​ေခြးတစ္​​ေကာင္​ကိုအမဲလိုက္​​ေခြး​တစ္​​ေကာင္​ကလိုက္​​ေနတာရိပ္​ခနဲ​ေတြ႕လိုက္​တယ္​...အဲဒီ​ေျမ​ေခြးဟာ အက်ဥ္​းအက်ပ္​ထဲကလြတ္​သြားတယ္​..ဒါ​ေပမဲ့မလြတ္​ခင္​​ေလးမွာအမဲလိုက္​​ေခြးကိုက္​လိုက္​လို႔​ေျခ
တစ္​ဖက္​က်ိဳးသြားတယ္​....အဲဒီ​ေနာက္​ငါ႐ြာတစ္​​ေရာက္​​ေတာ့​ေစာနကအမဲလိုက္​​ေခြးကိုျပန္​​ေတြ႕တယ္​....အဲဒီ​ေခြးကလူတစ္​​ေယာက္​ကို​ေဟာင္​​ေနတာ....ငါၾကည္​့​ေနတုန္​းမွာပဲအဲဒီလူက ​ေက်ာက္​တံုးတစ္​တံုးကို​ေကာက္​ၿပီးပစ္​လိုက္​တာအမဲလိုက္​​ေခြးက​ေျခ​ေထာက္​က်ိဳးသြားတယ္​...အဲဒီလူလည္​းသိပ္​အ​ေဝးႀကီး​ေတာင္​မ​ေရာက္​​ေသးပါဘူး...​ေဘးနားကျမင္​းတစ္​​ေကာင္​ကန္​လိုက္​တာ​ေျခ​ေထာက္​က်ိဳးသြားျပန္​​ေရာ...ျမင္​းလည္​းကန္​ၿပီး​ေျပးတယ္​..မၾကာပါဘူးတြင္​းတစ္​ခုထဲက်ၿပီး​ေျခ​ေထာက္​က်ိဳး​သြားတယ္​...တန္​ျပန္​သက္​​ေရာက္​​မႈ​ေ​တြျဖစ္​္​​ေနၾကတာပဲ..ငါ​ေတြးမိတယ္​..မ​ေကာင္​းတာလုပ္​ရင္​ အဲဒီအက်ိဳးက ကိုယ္​့ဆီျပန္​လာမွာပဲ...
ငါသာဆက္​ၿပီးမ​ေကာင္​းမႈ​ေတြမွာ​ေပ်ာ္​​ေမြ႕​ေနအံုးမယ္​ဆိုရင္​တစ္​​ေန႔အဲဒီအက်ိဳး​ေတြျပန္​ခံရမွာက်ိန္​း​ေသပဲ..အဲဒါ​ေၾကာင္​့​ေျပာင္​းလဲဖို႔ငါဆံုးျဖတ္​လိုက္​တာ"
ဝန္​ႀကီးမွာ ထုိ​ေနရာမွ​ျပန္​လာရင္​း "အခုခ်ိန္​ကဘုရင္​ကိုထီးနန္​းခ်ၿပီး နန္​းသိမ္​းဖို႔အ​ေကာင္​းဆံုးပဲ..အခ်ိန္​တန္​ၿပီ"ဟု​ေတြးသည္​။အ​ေကာက္​ႀကံခ်င္​​ေသာဝန္​ႀကီး
သည္​အ​ေတြးႏြံတြင္​နစ္​ျမဳပ္​ကာအ​ေရွ႕မွ ​ေလွကားထစ္​ကိုမျမင္​ဘဲရုတ္​တရက္​ ​​ေျခ​ေခ်ာ္​လဲကာ ​လည္​တိုင္​က်ိဳးသြား​ေလ​ေတာ့သည္​။

အက်ိဳးနွင္​့အ​ေၾကာင္​းသံသရာသည္​သူတစ္​ပါးအားကြၽန္​ုပ္​တို႔ျပဳမႈသည္​့အတိုင္​းလည္​ကာကြၽန္​ုပ္​တို႔ဆီျပန္​​ေရာက္​လာသည္​။သူ တစ္​ပါးကို​ေကာင္​းလ်ွင္​ကြၽန္​ုပ္​တို႔သည္​လည္​း​ေကာင္​း​ေသာအက်ိဳးကိုခံစားရမည္​ျဖစ္​ၿပီးသူတစ္​ပါးအား မ​ေကာင္​းႀကံလ်ွင္​​ေတာ့ကြၽန္​ုပ္​တို႔သည္​ထိုမ​ေကာင္​းမႈကို ျပန္​ခံစားရမည္​ျဖစ္​​ေပသည္​။

 လက္​သစ္​ၾကယ္​

မူရင္​း
https://www.moralstories.org/cycle-of-evil/

Unicode

image
Credit to google image

ဝဋ်မှာအမြဲငရဲမှာအပ(ဘာသာပြန်ပုံပြင်)


တစ်ခါကအလွန်ရက်စက်ကြမ်းကြုတ်သောဘုရင်တစ်ပါးရှိသည်။ပြည်သူများသည်ဘုရင်၏နှိပ်စက်မှုဒဏ်ကိုမခံနိုင်သောကြောင့်နန်းကျကာနတ်ရွာစံစေချင်ကြသည်။တစ်နေ့တော့ဘုရင်ကသူ၏အကျင့်ဆိုးများကိုစွန့်လွန့်ကာစိတ်သစ်လူသစ်ဖြင့်ဘဝသစ်စတော့မည်
ဟုကြေညာခြင်းဖြင့်ပြည်သူများကိုအံ့သြသင့်စေလိုက်သည်။
"ရက်စက်မှု၊အဓမ္မမှုဆိုတာနောက်ထက်မရှိတော့ဘူး"ဟုကတိကဝတ်ပြုသည်။ထိုကတိအတိုင်းလည်းကောင်မွန်စွာကျင့်ကြံနေထိုင်သည်။
မကြာမီသူသည် "မင်းကျင့်တရားနှင့်ပြည်စုံကာ
စိတ်နှလုံးနူးညံ့သောမင်းဧကရာဇ်"အဖြစ်ကျော်ကြားလာသည်။ဘုရင်မင်းမြတ်ပြောင်းလဲလာပြီးလအတော်ကြာသူ၏ ဝန်ကြီးများထဲမှ တစ်ယောက်က ဘုရင်ကြီးယခုကဲ့သို့ပြောင်းလဲလာရခြင်းအကြောင်းအရင်းကိုမေးမြန်းသည်။

ထိုအခါဘုရင်က"တစ်နေ့ငါတောထဲမြင်းတစ်စီးနဲ့ပတ်နေတုန်း မြေခွေးတစ်ကောင်ကိုအမဲလိုက်ခွေးတစ်ကောင်ကလိုက်နေတာရိပ်ခနဲတွေ့လိုက်တယ်...အဲဒီမြေခွေးဟာ အကျဉ်းအကျပ်ထဲကလွတ်သွားတယ်..ဒါပေမဲ့မလွတ်ခင်လေးမှာအမဲလိုက်ခွေးကိုက်လိုက်လို့ခြေ
တစ်ဖက်ကျိုးသွားတယ်....အဲဒီနောက်ငါရွာတစ်ရောက်တော့စောနကအမဲလိုက်ခွေးကိုပြန်တွေ့တယ်....အဲဒီခွေးကလူတစ်ယောက်ကိုဟောင်နေတာ....ငါကြည့်နေတုန်းမှာပဲအဲဒီလူက ကျောက်တုံးတစ်တုံးကိုကောက်ပြီးပစ်လိုက်တာအမဲလိုက်ခွေးကခြေထောက်ကျိုးသွားတယ်...အဲဒီလူလည်းသိပ်အဝေးကြီးတောင်မရောက်သေးပါဘူး...ဘေးနားကမြင်းတစ်ကောင်ကန်လိုက်တာခြေထောက်ကျိုးသွားပြန်ရော...မြင်းလည်းကန်ပြီးပြေးတယ်..မကြာပါဘူးတွင်းတစ်ခုထဲကျပြီးခြေထောက်ကျိုးသွားတယ်...တန်ပြန်သက်ရောက်မှုတွေဖြစ်နေကြတာပဲ..ငါတွေးမိတယ်..မကောင်းတာလုပ်ရင် အဲဒီအကျိုးက ကိုယ့်ဆီပြန်လာမှာပဲ...
ငါသာဆက်ပြီးမကောင်းမှုတွေမှာပျော်မွေ့နေအုံးမယ်ဆိုရင်တစ်နေ့အဲဒီအကျိုးတွေပြန်ခံရမှာကျိန်းသေပဲ..အဲဒါကြောင့်ပြောင်းလဲဖို့ငါဆုံးဖြတ်လိုက်တာ"
ဝန်ကြီးမှာ ထိုနေရာမှပြန်လာရင်း "အခုချိန်ကဘုရင်ကိုထီးနန်းချပြီး နန်းသိမ်းဖို့အကောင်းဆုံးပဲ..အချိန်တန်ပြီ"ဟုတွေးသည်။အကောက်ကြံချင်သောဝန်ကြီး
သည်အတွေးနွံတွင်နစ်မြုပ်ကာအရှေ့မှ လှေကားထစ်ကိုမမြင်ဘဲရုတ်တရက် ခြေချော်လဲကာ လည်တိုင်ကျိုးသွားလေတော့သည်။

အကျိုးနှင့်အကြောင်းသံသရာသည်သူတစ်ပါးအားကျွန်ုပ်တို့ပြုမှုသည့်အတိုင်းလည်ကာကျွန်ုပ်တို့ဆီပြန်ရောက်လာသည်။သူ တစ်ပါးကိုကောင်းလျှင်ကျွန်ုပ်တို့သည်လည်းကောင်းသောအကျိုးကိုခံစားရမည်ဖြစ်ပြီးသူတစ်ပါးအား မကောင်းကြံလျှင်တော့ကျွန်ုပ်တို့သည်ထိုမကောင်းမှုကို ပြန်ခံစားရမည်ဖြစ်ပေသည်။

 လက်သစ်ကြယ်

မူရင်း
https://www.moralstories.org/cycle-of-evil/

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 68773.73
ETH 2716.62
USDT 1.00
SBD 2.72