ဆန့်ကျင်ဖက်တွေးတောခြင်းမှအောင်မြင်မှုလမ်းကြောင်းဆီသို့ဖန်တီးခြင်း

in #tinking6 years ago

ဆန့်ကျင်ဖက်တွေးတောခြင်းမှအောင်မြင်မှုလမ်းကြောင်းဆီသို့ဖန်တီးခြင်း
image
သင့်ကိုဆန့်ကျင်သောအရာများ (အနှောင့်အယှက်များ) က သင်၏စိတ်၊ သင်၏အနေအထား၊ (သို့) အခြားသူများကသင့်အားတန်ပြန်ဆန့်ကျင်မှုပြုခြင်း အစရှိသဖြင့် နေရာပေါင်းများစွာမှလာတတ်ကြပါတယ်။ ဒါပေမယ့် အလွန်အောင်မြင်နေတဲ့ခေါင်းဆောင်များက ထိုသို့အခက်အခဲအတားအဆီးများကို အဆုံးသတ်လို့
မယူဆပဲ အစအဖြစ်သာ ခံယူလေ့ရှိပါတယ်။ သူတို့က သူတို့ရဲ့စိတ်ကူးကိုသတ်မှတ်ပြီး တိုင်းတာမှုပြုခြင်း၊နောက်ဆုံးပြီးမြောက်ရမည့်အချိန်ကိုသတ်မှတ်ခြင်းနှင့် ရှိလာနိုင်သမျှသော အခက်အခဲများကို ခေါင်းခြင်းရိုက်ရှာဖွေခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။
အခက်အခဲအတားအဆီးများပေါ်တွင် အာရုံစိုက်ရန်အချိန်ပေးခြင်းအားဖြင့် သင်၏ဦးနှောက်မှ ပိုမိုစဉ်းစားတွေးခေါ်လာနိုင်ပြီး လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်သောအပြောင်းအလဲများ ဖြစ်ပေါ်စေလာနိုင်ပါတယ်။အခက်အခဲအတားအဆီးများကိုရင်ဆိုင်ရန် စိတ်လိုလက်ရစိတ်ပိုင်းဖြတ်ခြင်းက သင်၏စိတ်မှအလိုရှိသမျှသောအရာတို့ကိုရရှိရန် သင့်ကိုယ်သင်ပြင်ဆင်နေခြင်ပင်ဖြစ်ပြီး သင်၏အဖွဲ့ကိုလည်း ပြောင်းလဲမှုလုပ်ငန်းစဉ်အားဖြင့် ဦးဆောင်သွားနိုင်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အတားအဆီး၊ အခက်အခဲတွေကို သင့်အတွက်ပိုမိုကောင်းမွန်အောင်လုပ်နိုင်မယ့် အခွင့်အရေးအဖြစ်ခံယူပြီး လုပ်ဆောင်ကြည့်လိုက်ရအောင်။

Sort:  

မှတ်သားစရာကောင်းပါတယ်

မှတ်သားစရာပါ

မှတ်သားစရာပါ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59908.77
ETH 3191.82
USDT 1.00
SBD 2.43