ထရိတ်ဒင်းနဲ့ အချိန် အကြောင်းတစေ့တစောင်း..

in #time6 years ago (edited)

image
Trading အချိန်အပိုင်းအခြား သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အချိန်အပိုင်းအခြား ဆိုတာ ရင်းနှီးမြှုပ်နှံသူမှ security (stock or bond) ကို ကိုင်ထားတဲ့ အချိန်ကာလကိုပြောတာပါ။အချိန်အပိုင်းအခြားကို ရင်းနှီးမြှုပ်နှံမှုမှာသတ်မှတ်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရပါတယ်။အချိန်အပိုင်းအခြားက ရေတို နှင့် ရေရှည်ဆိုပြီးရှိပါတယ်။တချို့Tradier တွေက အချိန်အပိုင်းအခြားကို ရေရှည်သတ်မှတ်ထားပါတယ်။ထိုသူတွေက ကြာကြာမြှုပ်နှံထားနိုင်တဲ့ portfolio ရှိပြီး အမြတ်နဲ့အရှုံး အကျိုးဆက်တွေကိုလည်း ကောင်းကောင်းနားလည်ထားပါတယ်။သာမန်အားဖြင့် ရေရှည်အချိန်အပိုင်းအခြားနဲ့ဆို ရင်းနှီးမြုပ်နှံသူတွေက စွန့်စားမှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုဆုံးဖြတ်ချက်အတွက် သက်တောင့်သက်သာဖြစ်စေတယ်လို့ ခံယူတတ်ကြပါတယ်။ပြီးမှ ဈေးကွက်မှာ ငွေနုတ်လွယ် ငွေဖြစ်လွယ်တဲ့ အချိန်ရောက်မှ ငွေပြန်ဖော်ယူပါတယ်။ရေတိုအချိန်အပိုင်းအခြားနဲ့ကျတော့နေ့ပိုင်းထရိတ်ဒါများအတွက်ဆိုရင် ရင်းနှီးမြှုပ်နှံသူဟာ ရင်းနှီးမြှုပ်နှံခြင်း စွန့်စားမှုတွေကို သတိထားရပါမယ်။ဥပမာ maturity အချိန်ပြည့်ခြင်း နဲ့ နီးကပ်သွားခြင်းပါ။ဒါမှသာ အရှုံးတွေကို ရှောင်နိုင်မှာဖြစ်ပါတယ်။ဒါအရေးကြီးပါတယ်။ဒါကပထမအချက်ပါ။
image
photo credit
ဒုတိယကတော့..သင့်ရဲ့ portfolio ထဲမှာ ဘယ်လိုမျိုး assets ပိုင်ဆိုင်မှုထည့်မယ်ဆိုတာမဆုံးဖြတ်ခင် အချိန်အပိုင်းအခြားကိုသတ်မှတ်ဖို့ အရေးကြီးပါတယ်။အကယ်၍ သင့်ငွေတွေကို အချိန်အကြာကြီး သုံးစရာမရှိတဲ့အခါ (ဥပမာ ဆယ်စုနှစ်လောက်) နဲ့ တခြားသူတစ်ယောက်က ရက်သက်တစ်ပါတ်အတွင်း သို့မဟုတ် လအနည်းငယ်အတွင်း ငွေလိုနေတာမျိုးနဲ့ နှိုင်းကြည့်ပါ။ထိုအခွင့်လမ်းကနေ စွန့်စားပြီး ရင်းနှီးမြုပ်နှံမှု သင်လုပ်နိုင်ပါတယ်.
advisors အကြံပေးသူအများစုက အသက်ကြီးလို့အနားယူမဲ့ သူတွေထက်စာရင် အသက် ၃၀ ၀န်းကျင်ရှိတဲ့ ရင်းနှီးမြုပ်သူတွေကို equities အား portfolio ရဲ့ asset ပိုင်ဆိုင်မှုတွေထဲမှာ weighted များများထားဖို့ပြောပါမယ်။အချိန်အပိုင်းအခြားကို အသက်အရွယ်နဲ့တင်ဆုံးဖြတ်တာမဟုတ်ပါဘူး။ဥပမာ အလယ်အလတ်အသက်အရွယ်ရှိတဲ့၊ တစ်နှစ်တစ်ကြိမ်ပေးနေရတဲ့ အိမ်အသုံးအရိတ်အတွက် ငွေစုချင်တဲ့ ရင်းနှီးမြုပ်နှံသူက တစ်နှစ် အချိန်အပိုင်းအခြားနဲ့ investing ရင်းနှီးမြုပ်နှံပါမယ်။သူ့ရဲ့အ
နားယူမဲ့ အချိန်ကဝေးလည်းပဲပေါ့။သင်က အမြတ်များများလိုချင်ရင်တော့ စွန့်စားမှုများများယူပြီး ပစ္စည်းတွေကနေ ငွေဖြစ်လွယ်ချင်မှုကို နည်းနည်းလျော့ရပါမယ်။စွန့်စားမှုလျှော့ရင်တော့ အမြတ်ကတော့နည်းမှာပေါ့။သင်က ငွေဖြစ်လွယ်တဲ့ အရာတွေကိုပဲကြိုက်တယ်ဆိုရင် သင်က စွန့်စားမှုနည်းနည်းပဲယူပြီး အမြတ်နည်းနည်းပဲရမယ်ဆိုတာကို လက်ခံရပါလိမ့်မယ်။ဒါမှသာ သင်အရှုံးမရှိတဲ့ အခြေအနေကို ရမှာပါ။ဒါကတော့ဒုတိယအချက်ပါ။
image
photo credit
တိတိယအချက်က...သီအိုရီအရ အချိန်အပိုင်းအခြားဆိုတာ ရိုးရှင်းတဲ့ အတွေးအခေါ်တစ်ခုပါ။သို့သော် သူက ကြောင်တောင်တောင်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်တည်းအတွက်တောင် ထွက်ပေါ်လာနေတဲ့ ဘဏ္ဌာရေးဆိုင်ရာအတိုးနဲ့ variable တွေပေါ်မူတည်ပြီး အချိန်အပိုင်းအခြားက ပြောင်းလဲနေလို့ပါ။Portfolio မန်နေဂျာများဟာ ရေတို၊ ရေလတ်၊ ရေရှည် အချိန်အပိုင်းအခြားဆိုပြီး ခွဲခြားပါတယ်။ရေတိုရင်းနှီးမြှုပ်နှံမှုတွေကို အချိန်ကာလအားဖြင့် ၃ နှစ် သတ်မှတ်ပါတယ်. ရင်းနှီးမြှုပ်နှံသူကတော့ စွန့်စားမှုသိပ်မရှိဘဲ အာမခံမှုရှိတဲ့ securities တွေမှာ ရင်းနှီးမြှုပ်နှံပါတယ်။ဥပမာ သွင်းငွေလက်မှတ်တွေ သို့မဟုတ် အတိုးနှုန်းများတဲ့ ငွေစုအကောင့်တွေပါ။ရေလတ်ရင်းနှီးမြှုပ်နှံတွေက ၃နှစ်ကနေ ၁၀ နှစ်ကြာမြင့်လေ့ရှိပါတယ်. ထိုနည်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေက bond စာချုပ်တွေမှာ ၇၀ % နဲ့ စတော့တွေမှာ ၃၀% ရင်းနှီးမြှုပ်နှံပါတယ်။ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေက ၁၀ နှစ်ကနေ ၁၀ နှစ်အထက် ကြာပါတယ်. ဒီအချိန်နဲ့က ရင်းနှီးမြှုပ်နှံသူတွေအတွက် စွန့်စားမှုတွေအများကြီးရှိတတ်ပါတယ်. တစ်ခုသိထားရမှာက ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုက အချိန်အကြားကြီးနေလည်းပဲ အကျိုးအမြတ်နည်းနည်းပေးတတ်တာလည်း ရှိပါတယ်။ကျွမ်းကျင်သူတွေက bond စာချုပ်တွေမှာ ၃၀ % နဲ့ စတော့တွေမှာ ၇၅ % နှစ်ခုပေါင်းလုပ်ဖို့အကြံပေးကြပါတယ်။ဒါကတော့ တတိယအချက်ပါ။
image
photo credit
စတုတ္ထအချက်ကတော့ ... ယေဘုယျအားဖြင့် အချိန်အပိုင်းအခြားရှည်လေလေ equity ပိုင်ဆိုင်ပစ္စည်းများက benchmark မှာ ပိုပြီးသင့်တော်လာလေလေပါ. အချိန်အပိုင်းအခြားကို ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးဖြတ်တဲ့အခါအသုံးချတဲ့ တစ်ခုတည်းသော အရာမဟုတ်ပါဘူး။ဒါပေမဲ့ အရေးကြီးတဲ့ အရာတစ်ခုပါ။ပြန်လည်ရရှိလာမဲ့ အကျိုးအမြတ်၊ လိုအပ်တဲ့ cash flow ငွေလည်ပတ်မှု နဲ့ အခြားအကြောင်းအရာတွေကိုလည်း စဉ်းစားရပါမယ်။အချိန်အပိုင်းအခြားရှည်ကြာခြင်းက ရင်းနှီးမြုပ်နှံသူတွေအတွက်တော့ ရေတိုငွေဖြစ်လွယ်တဲ့ပစ္စည်းတွေကို အချိန်ကြာကြာထားနိုင်ပါတယ်။သတ်မှတ်ရက် Fund တွေက life-cycle fund နဲ့ဆင်တူတဲ့ ရင်းနှီးမြှုပ်နှံရတဲ့ အရာတစ်ခုပါ။ life-cycle funds ကို သတ်မှတ်ထားတဲ့ အငြိမ်းစားယူမဲ့နေ့ကို အခြေခံပါတယ်။ ထိုနေ့က asset ထားရန်သတ်မှတ်မဲ့အချိန်အတွက် အခြေခံအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုတွေက စတော့ကဲ့သို့သော fund များလို စွန့်စားမှုများများ နဲ့ စပါတယ်။ တဖြည်းဖြည်းနဲ့ သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားကုန်ခါနီးလေ ပိုမိုစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အစားထိုးပါတယ်။ ထိုစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ရင်းနှီးမြှုပ်နှံသူကို အငြိမ်းစားယူခါနီးလေ bonds ကဲ့သို ပုံမှန်ဝင်ငွေရရှိစေပါတယ်. သတ်မှတ်ရက် Fund က certificate of deposit (CD) လို ကြိုတင်သတ်မှတ်ထားတဲ့ ကုန်ဆုံးရက်ရှိပါတယ်။ထိုရက်က ရင်းနှီးမြှုပ်နှံသူ fund ကိုရောင်းမဲ့နေ့ကိုယူဆထားတာဖြစ်ပါတယ်။ထိုဟာက စီမံခန့်ခွဲမှုတွေဘာတွေ လုပ်စရာမလိုပါဘူး။ထို Fund အမျိုးအစားကို ရင်းနှီးမြှုပ်နှံမှုတွေအား နှစ်စဉ်ပြောင်းလဲမှုတွေနဲ့ ပြန်လည်ဆန်းစစ်မှုတွေလုပ်ဖို့ရာ အချိန် မရှိ/မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက နှစ်ခြိုက်ကြပါတယ်။ဒါကတော့နောက်ဆုံးစတုတ္ထအချက်ပါ။အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်။
image
photo credit

Author _ @btcpmking
forex trader.
Pago.
Myanmar.
Thanks to read.

Sort:  

ဟုတ်ကဲ့ Forex အကြောင်းရေးတာအားပေးပါတယ်။နောက်လဲလေ့လာချင်ပါသေးတယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်ဖတ်ခွင့်ရလို့။မင်္ဂလာညချမ်းပါဗျာကိုBTC။

ဟုတ်ကဲ့ဆရာ လာရောက်အားပေးတာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ကျန်းမာချမ်းသာပါစေ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61869.35
ETH 2414.51
USDT 1.00
SBD 2.63