အမြင်အာရုံအားနည်းသူများအတွက် တိဘက်မျက်လုံး ကုထုံးsteemCreated with Sketch.

in #tibet7 years ago

အမြင်အာရုံအားနည်းသူများအတွက် တိဘက်မျက်လုံး ကုထုံး

မျက်လုံးကြွက်သားများသည် ကင်မရာတစ်ခု၏ Lens အလုပ်လုပ်ပုံနှင့် များစွာဆင်တူသည်။
.
မျက်လုံးကြွက်သားတစ်ခုခု ချိနဲ့အားနည်း လာသည်နှင့်အမျှ ရုပ်ပုံမြင်နိုင်မှုသည်လည်း ကောင်းစွာ ထင်ရှားပေါ်လွင်လာတော့မည် မဟုတ်ချေ။
. .
ထိုအခြေအနေမှ ကင်းဝေးစေရန် မျက်လုံး ကြွက်သားများကို သန်မာလာအောင် လေ့ကျင့်ပေးခြင်းအားဖြင့် အမြင်အာရုံကောင်းမွန်လာစေရန် အကျိုးများစေနိုင်သည်။
. .
ယခုလေ့ကျင့်ခန်း သည် အနီးမှုန်နှင့်အဝေးမှုန်နှစ်မျိုးစလုံး အတွက် လေ့ကျင့်ပေးနိုင်သည်။
. .
တိဘက်တွင် သဘာဝနည်းများဖြင့် အမြင်အာရုံကောင်းမွန်
စေရန် လေ့ကျင့်ခဲ့ကြသည်။ အဆိုပါ လေ့ကျင့်ခန်းများထဲမှ လေ့ကျင့်ခန်း တစ်ချို့သည် ယခုထက်တိုင် စွမ်းပကားထက်မြက်ပြီး အနောက်တိုင်း ထိပင် ကျော်ဇော်ထင်ရှားပြီး အသိအမှတ်ပြုလက်ခံထားကြရသည်။
. .
အောက်တွင် ဖော်ပြထားသော ပုံသည် တိဘက်မျက်လုံးပုံ
ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရန် ပုံဖြစ်သည်။
. .
နေ့စဉ် မနက်တိုင်းနှင့်ညနေတိုင်းတွင် မိနစ်အနည်းငယ်မျှ ပုံမှန်လေ့ကျင့်ပေးသွားရုံဖြင့် ချက်ခြင်းလက်ငင်းအကျိုးများမှုကို ရရှိစေနိုင် သည်။
. .
လနဲ့ချီ လေ့ကျင့်ပါက အထင်ရှားဆုံးသော တိုးတက်မှုကို မုချရရှိမည် ဖြစ်သည်။
သတိထားရန်
၁။ ဖော်ပြလတ္တံသော လေ့ကျင့်ခန်းများအား လေ့ကျင့်ရာတွင် မျက်မှန် သို့မဟုတ် မျက်ကပ်မှန် တပ်ဆင်ထားခြင်း မရှိစေရ။
. .
၂။ ထိုင်လျက်ဖြစ်စေ မတ်တပ်ရပ်လျက်ဖြစ်စေ လေ့ကျင့်နိုင်သည်။
ထိုင်လျက်အနေအထားသည် အကောင်းဆုံးဖြစ်သည်။
. .
၃။ လက်ဖ၀ါးနှစ်ဖက်ဖြင့် မျက်လုံးနှစ်ဖက်ကို စက္ကန့် (၃၀) မျှ အုပ်ထားပေးပါ။
. .
၎။ ဇယားပုံနှင့် မျက်နှာသည် တစ်လက်မအကွာတွင် ရှိရမည် ဖြစ်ပြီ။ နှာသီးဖျားသည် ဇယားထိပ်၏ အလယ် အဖြူဧရိယာကွက်တွင် ရှိနေရမည်။
. .
၅။ လေ့ကျင့်ခန်းတိုင်းတွင် မျက်လုံးသာ လှုပ်ရှားပေးရမည် ဖြစ်ပြီး ခေါင်းကို လိုက်ပြီး မလှုပ်ရှားရ။
. .
၆။ လေ့ကျင့်ခန်းတစ်ခုကို စက္ကန့် ၃၀ စီသာ လေ့ကျင့်ရမည်။
. .
၇။ လေ့ကျင့်ခန်းမစခင်နှင့် ပြုလုပ်ပြီးသွားချိန်တွင် လက်နှစ်ဖက်နှင့် မျက်လုံးကို ဖြည်းညှင်းစွာ အုပ်ပေးထားရမည်။
==================================================
လေ့ကျင့်ခန်း (၁)
မျက်လုံးကို ၁၂ နာရီ လက်တံကနေ နာရီလက်တံအတိုင်း ရွေ့ပြီး ကြည့်သွားပေးပါ။ အပြင်ဘက်က အမည်းစက်အလုံးလေးကို ကြည့်ပေးသွားရပါမယ်။
. .
လေ့ကျင့်ခန်း(၂)
အပေါ်က လေ့ကျင့်ခန်းကို ပြောင်းပြန် ပြန်ပတ်ပြီး ကြည့်ပေးရပါမယ်။ နာရီလက်တံ ၁၂ ကပဲ စရပါမယ်။
. .
လေ့ကျင့်ခန်း (၃)
နာရီလက်တံ ၂ နဲ့ ၈ ကြား မျက်လုံးကို ရှေ့ နောက် အပြန်အလှန် ရွှေ့သွားပေးပါ။
. .
လေ့ကျင့်ခန်း (၄)
နာရီလက်တံ ၄ နဲ့ ၁၀ ကြားကို ရှေ့နောက် အပြန်အလှန် ကြည့်ပေးပါ။
. .
ဒီကုထုံးကို ကျင့်ပြီးသွားတဲ့အခါကျရင် တတ်နိုင်သမျှ မျက်မှန်ကို မတပ်ဘဲ နေကြည့်ပါ။
. .
***အောက်တွင် ပေးထားသော ပုံနှစ်ပုံတွင် မိမိ ကြိုက်နှစ်သက်ရာပုံကို အသုံးပြုနိုင်ပါသည်။
. .
15589482_1746900082303623_2724162027366091739_n.jpg

15492305_1746900078970290_5953186491594687268_n.jpg

ဤသို့ ရည်စူးဖော်ပြရသည့် အကျိုးအားကြောင့်
.
မျက်စိဝေဒနာခံစားနေရသူများ၏ အနီးမှုန်၊ အဝေးမှုန်ခြင်းများ
.
ကင်းဝေးပပျောက်ပြီး အမြင်အာရုံများ ကောင်းမွန်ကြည်လင်
.
သန့်ရှင်းလာကြပါစေသား။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64724.35
ETH 3436.21
USDT 1.00
SBD 2.55