ဘဝအ​တွေအ​ခေါ်​ကောင်​များ
in #thinking7 years ago
သင့်အသည်းကိုခွဲသွားသူကို ကျေးဇူးတင်သင့် တဲ့ အကြောင်းရင်း(၇) ချက်"
ကောင်းခြင်းတွေက အခုမှစတာပါ
သူကသင့်အသည်းကို ရက်ရက်စက်စက် ခွဲသွာခဲ့လို့
သင် သူ့ကို မုန်းနိုင်ပါတယ်
ဒါပေမဲ့ သင် အသည်းကွဲတာ မကောင်းဘူးလို့ ထင်နေသလား ။
ဒီအချက်တွေစဉ်းကြည့်လိုက်ပါ ။
၁။ သူ့ ရဲ့ စိတ်ရင်းအမှန်ကို သိလိုက်ရခြင်း--
ရည်းစားဘဝမှာ သူ တောက်လျှောက်လိမ်ခဲ့ သမျှအခု သူဘာလဲဆိုတာကို သင်သိလိုက်ရပြီလေ။
သူဟာ သင်ထင်တဲ့သူမျိုးမဟုတ်တဲ့အတွက် ဝမ်နည်းစရာပေမဲ့ သူ လှည့်စာနေတာတွေကို သင် သိခွင့်ရလိုက်ပြီ။
၂ ။ သင့်ရဲ့ အကောင်းဆုံး နေ့ ရက်တွေ ရောက် မလာသေးဘူး
သင့်ရဲ့ ပျော်ရွှင်စရာအကောင်းဆုံး ရက်တွေကို ဖန်တီးနိုင်ဖို့  ခြေတလှမ်း နီး ကပ်သွားပါပီ ။
သူနဲ့ လမ်းခွဲလိုက်တဲ့အတွက် သင့်ရဲ့  လှပတဲ့ အနာဂတ်ကို လွတ်လွတ်လပ်လပ် ရှာဖွေ ဖန်တီးနိုင်ပါပီ။
၃ ။ သင့်ရဲ့ ဇာတ်လမ်းကမပြီသေးပါဘူး ။
သူဟာ မကောင်းတဲ့သူတယောက် ဖြစ်တဲ့ အတွက် လူတိုင်းကို ဒီလိုပဲလို့ မတွေးလိုက်ပါနဲ့  ။
သင့်ရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖေါါ်ပေးနိုင်တဲ့သူတယောက် ကမ္ဘာပေါ်မှာရှိနေသေးလို့ ပါ ။
၎ ။. ဘဝလက်တွဲဖေါ် မဟုတ်တဲ့ သူနဲ့  သင် အတူ ရှိမနေတော့ဘူး--
သင့်ရဲ့  လက်တွဲဖေါ်မဟုတ်တဲ့ သူနဲ့  သင် ဘယ်လောက်ကြာကြာ အချိန်တွေ ထပ်မံကုန်ဆုံးသွားနိုင်သလဲဆိုတာကို စဉ်းစားကြည့်ပါ။
အခုလိုလမ်းခွဲလိုက်တဲ့အတွက် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ နောက်ထပ် ပြုံးတီး မကုန်တော့ပါဘူး။ ။
၅။. သင်ကဘယ်လိုလူလဲ သင်ဘာကို လိုချင်တာလဲဆို တာကို သင်သိလာလိမ့်မယ်-
အဆင်မမြေတဲ့ဆက်ဆံရေးတခုကနေ သင် အတွက် သင်ခန်းစာတွေ အများ ကြီးရပါတယ်။
အခုဆိုရင် လူတယောက်နဲ့ ပါတိသက်ပီးတော့ သင် ဘာကိုသသောကျတယ်။ဘာကိုသဘောမကျဘူး၊သင်ဖြစ်ချင်တာ ဘယ်လိုဆိုတာကို သင့်ကိုသင် ကောင်းကောင်း နာလည်သွားပါ လိမ့်မယ်။
၆။. သူနဲ့ အတူတကွ နေဖို့ ဆုံးဖြတ်ခဲ့ရင်
သင်ပျော်ရွှင်ရမှာ မဟုတ်ပါဘူး-။။
ကိုယ်နဲ့ သဘောထားခြင်း မတိုက်ဆိုင်သူ ကိုယ့်ပေါ် တကယ်မကြင်နာ သူ ဖြစ်တဲ့ အတွက် သင် ဘယ်တော့ မှ စစ်မှန်တဲ့ ပျော်ရွှင်မှုကိုရမှာမဟုတ်ပါဘူး။
ခုဆိုရင်သင်ဟာ လွတ်လပ် သွားပါပြီ ။
တချိန် မှာတော့ သူနဲ့  အတူ ရှိနေစဉ်ကထက် အများကြီး ပျော်စရာကောင်းတဲ့ အချိန်တွေကို သင်ပိုင်ဆိုင်ရတော့မှာပါ။
၇။. အဆုံးသတ်ရ မှာကို ကြောက်မနေရတော့ဘူး--
သူနဲ့ လမ်းခွဲ တော့မယ်လို့ ဆုံးဖြတ်ချိန် မှာ တယောက်ထဲဖြစ်ရမှာကို သင်အရမ်းကြောက်နေခဲ့ ရတယ် ။
ခု တကယ်တယောက်ထဲ ဖြစ်သွားတဲ့အခါ တကိုတည်းဘဝက ထင်သလောက် မဆိုးဘူးဆိုတာ သင်သိလာတယ်။
လွတ်လပ်မှုရဲ့  အရသာကို အပြည့် အဝ သင်ခံစားရပြီ။အမြဲတမ်း လွတ်လပ်ပေါ့ပါးတဲ့ တစ်ကိုတည်းဘဝကို ဘာလို့ ကြောက်ရွံ့ မိပါလိမ့်လို့  တွေးမိလာပါလိမ့်မယ်။ ။
          လေးစားစွာဖြင့် 
          ဆန်း မင်း ထွန်း
Coin Marketplace
STEEM 0.20
TRX 0.12
JST 0.029
BTC 61292.26
ETH 3430.36
USDT 1.00
SBD 2.51