grasscuter of the deuce of a sth

in #thantsin7 years ago

Myanmar steemit friends များအားလုံး မင်္ဂလာပါ
ဘုန်းကြီး​ကျောင်းတစ်​ခုမှာ ဖိုးသူ​တော်​ဟာ​ကျောင်း​ဝေယျာဝစ္စလုပ်​ပါတယ်​။မြက်​ရိတ်​သမားဟာ ဘုန်းကြီး​ကျောင်းနဲ့အ​နောက်​ဘက်​မှာမြက်​ရိတ်​​နေပါတယ်​။
ဖိုးသူ​တော်​ဟာ​တော့ရွာထဲမှာ​တော့စကားအရမ်းများတာ​ပေါ့။သူနဲ့​တွေ့ရင်​ရွာထဲလူ​တွေဟာ​ရှောင်​ပုန်း​ပြေးရ​လောက်​​အောင်​ကို​ပြေးရပါတယ်​။သူကစကား​ပြောရင်​နား​ထောင်​​နေလို့က​တော့ထမင်းမစားရဘူး။
ဒီ​တော့စကားဖြတ်​ပြီးပြန်​​ပြေးရတယ်​။နောက်​အ​ကြောင်းသိသွားတဲ့သူ​တွေက​တော့ဘယ်​က​တွေ့ညာက​ရှောင်​/ညာက​တွေ့ဘယ်​ကေ​ရှောင်​နဲ့ဖိုးသူ​တော်​ခမျာ စကားကိုမ​ပြောရတာကြာ​နေ​တော့​နေရထိုင်​ရတာခက်​​နေတာ​ပေါ့။အဲဒီမှာပဲ​ကျောင်းရဲ့အ​နောက်​ကိုသွားပြီးတစ်​​ယောက်​တည်း​ဟော​ပြော​နေ​တော့တာ​ပေါ့။။
အဲဒီလို​ပြော​နေရင်းမြက်​ရိတ်​သမားကို သွား​တွေ့တယ်​။ဒါ​ပေဲ့သူဟာစကားမ​ပြောရတာကြာပြီဆို​တော့ခု​နေသွား​ပြောလိုက်​ရင်​ထွက်​​ပြေးသွားမှာဆိုးရိန်​တာ​ပေါ့။အဲဒီ​တော့သူအကြံထုတ်​နေရင်းနဲ့ မြက်​ရိတ်​သမားထံကိုသွားတယ်​။
"ဟဲ့မြက်​ရိတ်​သမား မင်းတစ်​ရက်​မြက်​ရိတ်​ခဘယ်​​လောက်​ရသလဲ?"
"​ဟုတ်​ကဲ့ ၄ပြားရပါတယ်​ဗျ။"မင်း​နေပူကြီးထဲမှာရိတ်​ရတာမပူဘူးလား"လို့​မေးလိုက်​တယ်​။ဟာ ဘယ်​နှယ်​​ပြောပါလိမ့်​ပူတာ​ပေါ့ဖိုးသူ​တော်​ကြီးရဆိုပြီးပြန်​​ဖြေတာ​ပေါ့။အေး ဒါဆိုအဲဒီ​လေးပြားငါ​ပေးမယ်​"ဒါ​မေမဲ့ငါ့ရဲ့တရား​တွေကို​တော့နား​ထောင်​​ပေး​ပေါ့ကွာဘယ်​လိုလဲ ?" ဆိုပြီးချုပ်​လိုက်​တာ​ပေါ့။
အင်းငါ​နေပူကြီးထဲမှာမြက်​ရိတ်​တာနဲ့ယှဉ်​ရင်​​တော့ ဖိုးသူ​တော်​ရဲ့တရားကိုနား​ထောင်​ပြီး​လေးပြားယူတာမှ သက်​သာမယ်​ လို့ဆုံးဖြတ်​ပြီးဖိုးသူ​တော်​ရဲ့ကမ်းလှမ်းချက်​ကို လက်​ခံလိုက်​တယ်​။
ဒါနဲ့ ဖိုးသူ​တော်​က တရား​ဟောပြီး မြက်​ရိတ်​သမားက နား​ထောင်​နဲ့ အလုပ်​ဖြစ်​​နေပါ​တော့တယ်​။ခက်​တာက အဲ့ဒီမှာ စတာပဲ လူဆိုတာ​"​ကျောပူခံနိုင်​​ပေမယ့်​ နားပူမခံနိုင်​ဘူး" ဆိုတဲ့စကားအတိုင်းမြက်​ရိတ်​သမားဟာနားငြီး လာပြီ​လေ.......
ဖိုးသူ​တော်​​တော်​ပီဗျ ကျ​နော်​နားငြီးမခံနိုင်​​တော့ဘူး....​ကျောပူပဲခံပါ​တော့မယ်​ ဆိုပြီးမြက်​ပဲရိတ်​​နေပါ​တော့တယ်​။ဖိုးသူ​တော်​ကလည်းဘယ်​ရမလဲ တရားဆိုတာဆုံး​အောင်​နာရတယ်​ဆိုပြီး မြက်​ရိတ်​သမား​နောက်​ကိုလိုက်​​ဟော​တော့တာ​ပေါ့....မြက်​ရိတ်​သမားရဲ့ဒုက္ခက​တော့ ပိုဆိုးသွားပြီ​​ပေါ့ နားကငြီး​နေကပူ​တော်​​တော်​ကိုစိတ်​တာ​ပေါ့။
မခံနိုင်​တဲ့အဆုံးထ​ပြေး​တော့​ပေါ့ဖိုးသူ​တော်​ကလည်းဇွဲမ​လျှော့ဘူးလိုက်​​ပြောတာပဲ။ပြေးရင်းလိုက်​ရင်းနဲ့ မြက်​ရိတ်​သမားဟာကျင်းတစ်​ခုထဲကိုပြုတ်​ကျပါ​လေ​ရော ကယ်​မယ့်​သူက ဖိုးသူ​တော်​ပဲရှိ​တော့ ကယ်​ဖို့​ပြောရတာ​ပေါ့ ဖိုးသူ​တော်​ကဘယ်​ကယ်​မလဲ ငါ​ဟောတာကိုနား​ထောင်​ဆိုပြီးတဝကြီး​ဟော​ပြောပြီးမှ ဆယ်​​ပေးလိုက်​တယ်​​လေ။နောက်​​တော့မြက်​ရိတ်​သမားဟာ​ကျောင်းရဲ့အနားကိုလုံးဝကို မကပ်​ရဲ​တော့ပါ။
ဒီအ​ကြောင်းအရာ​လေးရဲ့ရည်​ရွယ်​ချက်​က​တော့ "လူတိုင်းတိုင်းဟာ​ကျောပူခံနိုင်​ကြ​ပေမဲ့ နားပူမခံနိုင်​ဘူး" ဟုတ်​တယ်​မို့လား?ဟုတ်​ရင်​​တော့မန့်​သွား​ပေးကြပါဦးလို့ ......နိဂုံးချုပ်​ရင်း Steemit friends​တွေအားလုံး​အောင်​မြင်​ကြပါ​စေ လို့ ဆု​တောင်း​ပေးလိုက်​ပါတယ်​။
မှားတာရှိရင်​လည်း ပြင်​/လိုအပ်​တာရှိရင်​လည်း​ပြောပြ​ပေးကြပါ။

image

ပန်းပွင့်​​လေးလို​​ လန်းဆန်းကြပါ​စေ.........

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59453.81
ETH 2607.50
USDT 1.00
SBD 2.39