၁။မုန်းလျှင်​ အပြစ်​ ချစ်​လျှင်​အကျိုး

in #thantsin6 years ago

"မုန်းလျှင်​အပြစ်​/ချစ်​လျှင်​အကျိုး"..ဟူ​သောစကားသည်​ အဖိုးတန်​​သောစကားလုံးတစ်​ခုဖြစ်​ပါသည်​။
အချစ်​ နှင့်​ အမုန်း ဟူသည်​​ကြောနှင့်​ ရင်​ဘတ်​ လိုပဲ ထိကပ်​လျှက်​ရျှိသည်​။ အမုန်း မှ အချစ်​သို့ ကူး​ပြောင်းဖို့ လွယ်​ကူသလို အချစ်​ မှ အမုန်းသို့ကူးေ​ပြာင်း ရန်​လည်းလွယ်​ကူပါသည်​။
ဤစကား၏ အဓိပ္ပာယ်​ မှာရိုးရှင်း လှပါသည်​။..."လူတစ်​​ယောက်​မည်​မျှ ပင်​​ကောင်းကျိုး​တွေ​ဆောင်​ရွက်​​နေ​စေကာမူ ၎င်းအားမုန်း​နေ​သောသူမှာအပြစ်​​တွေပဲ အမြင်​​နေမှာဖြစ်​ပါတယ်​။ဒီလိုပါပဲ မိမိချ စ်​နှစ်​သက်​​သောသူဟာ အပြစ်​​တွေဆက်​တိုက်​လုပ်​​နေပါ​စေ ချစ်​တဲ့စိတ်​နဲ့ အရာရာကိုခွင့်​လွတ်​ပြီးအပြစ်​​တွေကို​ချေဖျက်​ပြီးဆက်​ချစ်​​နေမှာလဲအ​သေအချာပါပဲ။
ဤဆိုရိုးနဲ့ တူညီ​သောဇတ်​​တော်​တစ်​ခုကို သတိပြု မိပါသည်​။မဟာပဒုမဇာတ်​ပင်​ဖြစ်​သည်​။
...........တိုင်းပြည်​တစ်​ပြည်​မှ...​တောကစားထွက်​လာ​သောအ​လောင်း​တော်​မင်းသားနှင့်​မိဖုရား တို့သည်​ပင်​လည်​ကမ်းစပ်​တွင်​​သောင်​တင်​​နေ​သောလူတစ်​​ယောက်​ကို​တွေ့​သော်​ ထိုသူ မှာကယ်​ကြပါ/ကူညီကြပါ ဆို
ပြီးတ စာစာ​အော်​ဟစ်​ပြီးအကူအညီ​တောင်း​နေ​သော​ကြောင့်​ စိတ်​ထား​ကောင်း​တဲ့ မင်းသားဟာ ကူညီလိုက်​ပါတယ်​။
ထိုသူဟာသူခိုး/လူဆိုးဖြစ်​​သော​ကြောင့်​​ခြေဖြတ်​/လက်​ဖြတ်​ပြီးပင်​လည်​ထဲပြစ်​ချလိုက်​ခြင်းဖြစ်​ပါသည်​။မင်းသားဟာ အ​လောင်း​တော်​ဖြစ်​၍ ဂရုဏာသက်​ပြီး ပြု စု​ကျွေး​မွေး​စောင့်​​ရှောက်​ထား၏ ။မိဖုရားသည်​စပ်​စုပ်​ရွံရှာ​သော​ကြောင့်​လှည့်​၍ပင်​ မကြည့်​​အပြစ်​သာခဏခဏ​ပြော​နေ၏ ။
ဤသည်​ကား...​ပေါင်​တိုကိုမုန်း​နေခြင်း​ကြောင့်​ပါတည်း.....
သို့​သော်​လည်း အချိန်​ကြာလာတာနှင့်​ အမျှ​ပေါင်​တိုကို​မေတ္တာသက်​ဝင်​လာပြီး....."ကိုကို တို..ကိုကိုတို...ဟုတင်​စား​ခေါ်​ဝေါ်လာပြီး အ​လောင်း​တော်​မင်းသားအား​တောင်​ထိပ်​မှတွန်းချကာ​သေ​ကြောင်းကြံစည်​ခဲ့ပါသည်​။မိဖုရားသည်​​ပေါင်​တိုကြီးကို..​တောင်းထဲထည့်​​ခေါင်း​ပေါ်ရွက်​ကာ​တောင်းရမ်း​ကျွေး​မွေးခဲ့ပါသည်​။ပေါင်​တို၏ဆဲ​ရေး​ပြောဆို ခြင်း​တွေကိုလည်း ခံရပါသည်​။ ဤ သည်​ကား....​ပေါင်​တိုကို မိဖုရားမှ ချစ်​​နေ​သော​ကြောင့်​ ပါတည်း....ချစ်​လျှင်​အကျိုး ပါမဟုတ်​လား???????
ဤဆိုရိုးစကားသည်​ အိမ်​​ထောင်​​ရေး ၊ စီးပွား​ရေး၊ လူမှုရေး၊ ဘာသာ​ရေး စသည့်​ နယ်​ပ္ပာယ်​အသီးသီးတွင်​ ပါဝင်​ပတ်​သက်​လျက်​ရှိသည်​။ စိတ်​၏​စေစားရာ၊ စိတ်​၏​ပြောင်းလဲတတ်​ပုံစသည့်​လူ့သ​ဘောသဘာဝကို လည်​ပြင်​တွင်​ဆင်​သွားသလိုထင်​ထင်​ရှားရှားမြင်​​တွေ့နိုင်​ပါတယ်​။
အမုန်​တရားကိုမြတ်​နိုးသူတိုင်းသည်​အမုန်​တကယ်​အပြစ်​ရှိသ​လော၊​ကောင်းကျိုးလည်းတကယ်​ရှိသ​လော.......ဟူသည့်​စကားကို​တော့ဥာဏ်
ဖြင့်​ ချင့်​ ချိန်​စဉ်းစားတတ်​ရန်​ သတိ​ပေးလိုခြင်းဖြစ်​ပါသည်​။
image

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59453.81
ETH 2607.50
USDT 1.00
SBD 2.39