အလွယ်ဆုံး Apple ID ဖွင့်နည်း
Apple ID ဖွင့်ဖို့ အခက်အခဲ ရှိနေနိုင်တဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး အလွယ်ဆုံးနည်းလမ်းနဲ့ Apple ID ဖွင့်ပုံဖွင့်နည်းလေးကို ရေးသားရခြင်းပါ။ iOS 11 တင်ထားတဲ့ iPhone 8 Plus ကိုအသုံးပြုပြီးပဲ နမူနာလေး လုပ်ပြပေးထားတာဖြစ်တဲ့အတွက် iOS 11 ဖြင့် Apple ID ဖွင့်နည်းလို့ ခေါင်းစဉ်တတ်ထားရခြင်းပါ။ တခြားသော iOS များဖြင့်လည်း ဖွင့်လို့ရပါတယ်။ ဒီနည်းလေးအတိုင်းပါပဲ။
Apple ID ဖွင့်နည်း
- ပထမဆုံး Setting ကိုနှိပ်ပါ။
- Sign in to your iPhone ဆိုတဲ့နေရာကို နှိပ်ပါ။
- Don’t have an Apple ID or forgot it? ကို နှိပ်ပါ။
- ပေါ်လာသော ဘောက်မှ Create Apple ID ကို
- Date of Birth ကိုဖြည့်စွက်ပါ။ ပေးထားတဲ့ Date of Birth ကို မှတ်သားထားပါ။ နောင်လိုအပ်အခါ ဖြေနိုင်ဖို့ လိုအပ်ပါတယ်။
- First Name & Last Name ဖြည့်ပါ။
- Get a Free iCloud email address ကိုနှိပ်ပါ။
- email လိပ်စာအသစ် ရယူပါ။ လိပ်စာရယူသော နေရာတွင် လိပ်စာတူရှိနေပါက မရရှိနိုင်ပါ။ ထပ်တူ မရှိသော email လိပ်စာအား ရအောင်ယူပါ။ ထို့နောက် ညာဘက်အပေါ်ထောင့်နားမှ Next ကိုနှိပ်ပါ။ ရယူထားသော Email ကို သေချာမှတ်သားထားပါ။
- ပေါ်လာသော box မှ Continue ကိုနှိပ်ပါ။
- Password ပေးပါ။ အကွက်(၂)ခုမှာ တူညီသော Password ပေးရပါမယ်။ Password ပေးတဲ့နေရာမှာ Capital letter အကြီးစာလုံးအနည်းဆုံး တစ်လုံးပါရမည်ဖြစ်သလို Number တွေလည်း ပါအောင်ပေးပါ။ ပေးထားသော Password ကို အသေအချာ မှတ်သားထားပါ။
- Questions & Answer သုံးခု အမေးအဖြေပြုလုပ်ပေးရပါလိမ့်မယ်။ ဒီ Questions & Answers များကို အသေအချာမှတ်သားထားပေးပါ။
- Questions & Answer သုံးခု အမေး အဖြေပြီးသွားရင်တော့ ညာဘက်အောက်ထောင့်မှ Agree ကိုနှိပ်ပါ။ ဒါဆိုရင်တော့ Apple ID ပြုလုပ်တာက ပြီးပါပြီ။ iCloud အသုံးပြုလို့တော့ရပါပြီ။ နောက်ထပ် ဆက်လုပ်စရာ ရှိတာကတော့ Apps တွေ Download ဆွဲလို့ရအောင် Review လုပ်ပေးဖို့လိုပါတယ်။ ID ပြုလုပ်ခြင်း ပြီးဆုံးအောင် ခဏစောင့်၍ ပြီးဆုံးသွားပြီဆိုရင် Home key နှိပ်ပြီးထွက်ပါ။
Review ပြုလုပ်ခြင်း
- Review ပြုလုပ်ဖို့အတွက် App Store ကိုဖွင့်ပါ။
- App တစ်ခုခုကို Download ဆွဲဖို့ရှာဖွေကာ Get ကိုနှိပ်၍ install ပြုလုပ်ပါ။
- Use Existing Apple ID ကိုနှိပ်ပါ။
- ပေါ်လာသော Box မှာ ခုနကဖွင့်ထားသော Apple ID နှင့် Password ကိုထည့်ပေးပါ။
- ပေါ်လာသော Box တွင် Review ကို နှပ်ပါ။
- Agree to Terms and Conditions ကို On ၍ Next ကို ဆက်သွားပါ။
- Title ရွေး၍ Next ကို ဆက်သွားပါ။
- Street , City, State, Zip, Phone များကို အောက်ဖော်ပြပါ ပုံအတိုင်းထည့်သွင်းပေးပါ။ Street , City တွေ မိမိနှစ်သက်သလို ထည့်လို့ရပါတယ်။ အဓိကကတော့ State နဲ့ Zip code ကိုတော့ အောက်ကပုံတိုင်းသာ ထည့်ပေးပါ။ တခြား US က State နဲ့ Zip တွေထည့်လို့လည်းရပါတယ်။ အင်တာနက်မှာ ရှာပြီးထည့်နိုင်ပါတယ်။
ဒါဆိုရင်တော့ Apple ID တစ်ခု ပြုလုပ်ခြင်း အောင်မြင်စွာပြီးဆုံးပါပြီ။ Apps ပဲ download ဆွဲဆွဲ iCloud ပဲသုံးသုံး ၊ Music , Video တွေပဲ download လုပ်လုပ် အဆင်ပြေပါပြီ။
ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏 ....
Congratulations @kokowise! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!