စကား

in #talk6 years ago

အသက်အရွယ်က တကယ်စကားပြောသွားပြီ။
ကိုယ့်ထက် အသက်အများကြီး ကြီးတဲ့လူတွေတောင် ပျော်နေကြသေးတာ.. ကိုယ်ကိုက စိတ်ရင့်ရော်မြန်တာပဲလားမသိ။

သင်္ကြန်မှာမွေးတဲ့ကိုယ်ဟာ ငယ်ငယ်ကဆို သင်္ကြန်သီချင်းသံကြားရင် ရင်ခုန်ချင်ပြီ။
သင်္ကြန်နားနီးလာပြီဆိုရင် ယွပိုးထိုးလာပြီ။
သင်္ကြန်အမြန်ရောက်ပါတော့လို့ ဆုတောင်းရတာအခါခါ။
သင်္ကြန်ရောက်ပြီဆိုတာနဲ့ အကြိုနေ့ကနေ အတက်နေ့အထိ မိုးလင်းမိုးချုပ်ကဲတာ။
သင်္ကြန်ပြီးမှာတောင်ကြောက်မိသေးတယ်။
နယ်မှာတုန်းက ကမြင်းကြောအထလွန်ပြီး ရေလောင်းရတာ အားမရလို့ ဆည်ထဲသွားဆော့တာ တာပေါင်ပေါ်က ခုန်ချမိပြီး ခြေထောက်ဟက်တက်ကွဲဖူးတာ မှတ်မှတ်ရရ။

ရန်ကုန်သင်္ကြန်နဲ့ ထိတွေ့မိတော့လည်း ပုံစံတစ်မျိုးနဲ့ ပျော်မိတာပဲ။
အိမ်က စိတ်မချဘူး မလွှတ်ဘူးဆိုရင် မဏ္ဍပ်ရှေ့ အဖေနဲ့အမေကို ထိုင်စောင့်ခိုင်းပြီး တက်ဒွန့်တာပဲ။
ကားနဲ့လည်တာကိုတော့ မပျော်တတ်ဘူး။
မဏ္ဍပ်ထိုင်ရတာတော့ တအားသဘောကျ။
X2O ဗုံးပေါက်တုန်းက ကိုယ်က X2Oပေါ်မှာ။
ကိုယ်နေတဲ့ဘက်ခြမ်းမဟုတ်လို့ မသေတာ။
အဲ့နောက် တစ်နှစ်တော့ နည်းနည်းဘရိတ်အုပ်သွားသေးတယ်။ နောက်နှစ်တွေကျ ဆက်ကဲတာပဲ။

ပြီးခဲ့တဲ့တစ်နှစ်နှစ်နှစ်မှာ သင်္ကြန်ဆို အလုပ်ကိစ္စနဲ့ ခရီးတွေ သွားနေတာများတယ်။
အဲ့တော့ အဆက်ပြတ်နေတယ်ဆိုပါတော့။
ဒီနှစ်တော့ အကြို အကျ ငြိမ်ငြိမ်လေးနေ၊ မွေးနေ့ဘုရားသွားနဲ့ အကြပ်နေ့ကျ သမာဓိက မခိုင်တော့ဘူး။
မိတ်ဆွေတစ်ယောက်ပေးထားတဲ့ TMFလက်မှတ်လေးကလည်း အဆင်သင့်။ လစ်ပြီလေ။

ကိုယ့်ကိုယ်ကိုယ် အရင်လို ကဲနိုင်သေးတယ်ပဲ မှတ်တာ။ ဘယ်လိုမှ ပျော်ကြည့်လို့ မရတာ။
အရင်ဆို တီးလုံးသံသာကြား မနားတမ်း ကနိုင်တဲ့လူက
လှုပ်တီးလှုပ်တုတ်လေးနဲ့ ငုတ်တုတ်မေ့နေတယ်။
နားထဲ အရမ်းဆူ၊ ရေတွေကြားမှာ မျက်စိစပ်ပြီး
ခေါင်းတွေပါ ကိုက်လာတာ။
ညီမဖြစ်သူက ကဲပါရစေဦးဆိုလို့ ညနေထိ အတော်သည်းခံလာရတာ။

သွားပြီ... သဘောပေါက်သွားပြီ။
ငါလူကြီးဖြစ်သွားပြီလို့။ တကယ့်ရှယ်ပါဆိုတဲ့ TMFက
DJအလန်းစားတွေကြား စတိုင်အလန်းစားတွေကြား
ကိုယ်နဲ့ ဘာမှမသက်ဆိုင်သလို ခံစားရ။
တစ်သက်လုံး သင်္ကြန်ဆို ဒွန့်လာတဲ့လူက ရှက်သလိုရွံ့သလိုနဲ့။ ဒွတ်ခ

အဲ့တော့ ဆိုလိုတာက ဒေါ်ပန်လေး ရင့်ကျက်သွားပြီကွယ်။
တည်ငြိမ်သူ ဖြစ်သွားပြီ။
အဲ့တော့... မနက်ဖြန် ဥပုသ်စောင့်မယ်.......
...........................လို့ စဉ်းစားပေမယ့်
ဖိတ်ထားတဲ့ မဏ္ဍပ်တွေရှိလို့ ဆက်ကဲလိုက်အူးမယ်လို့
😁😁😁😝😝😝 image

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 56208.10
ETH 2476.58
USDT 1.00
SBD 2.26