ဆူဆိုက်ရန်မှ ကာကွယ်ရေး

in #suicide7 years ago (edited)

ဆူဆိုက်ကာကွယ်ရေး

လူ့အသက်တစ်ချောင်းဆိုတာ ရခဲလှပါတယ်။ ရခဲလှတဲ့ လူ့အသက်တစ်ချောင်းကို တန်ဖိုးရှိရှိ အသုံးချသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်
သတ်သေတဲ့သူတိုင်းဟာ အကြောင်းရင်းတစ်ခုတည်းအတွက်နဲ့ သက်သေ
ကြတာ မဟုတ်ပါဘူး။ ကိုယ့်မိတ်ဆွေ၊အသိတွေထဲမှာ အသက်တစ်ချောင်း မဆုံးရှုံးရလေအောင် အမေရိကန်နိုင်ငံက ဆူဆိုက်ကာကွယ်ရေးအသင်း
ကြီးက ဆူဆိုက်နဲ့ပတ်သက်ပြီး သတိထားရမယ့်လက္ဓဏာလေးတွေ ဖော်ပြ ထားတယ်။ ဒီလက္ခဏာတွေ မြင်နေရပြီဆိုရင် သင့်အနေနဲ့ တစ်ဖက်
တစ်လမ်းကနေ သူ့ကို အချိန်မှီကူညီပေးလို့ရအောင် ဖော်ပြလိုက်ရပါတယ်။
.
အပြော

တကယ်လို့ လူတစ်ယောက်ဟာ အောက်ပါအကြောင်းအရာတွေကို ပြောနေပြီဆိုရင် သတိထားဂရုစိုက်ပေးပါ။

၁။ ငါဟာ တခြားလူတွေအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုလိုပါပဲ။
၂။ ငါဟာ လှောင်ပိတ်ခံနေရသလို ဖြစ်နေတယ်။ ထွက်ပေါက်ပိတ်နေသလို ခံစားနေရတယ်။
၃။ မခံစားနိုင်လောက်အောင် ငါနာကျင်နေပြီ။
၎။ ငါဆက်ပြီး အသက်ရှင်ဖို့ ဘာအကြောင်းမှ မရှိတော့ဘူး။
၅။ ငါ့ကိုယ်ငါ သတ်သေချင်မိတယ်။

အပြုအမှု
အဓိကကြည့်ထားသင့်တဲ့အပြုအမှုတွေကတော့
၁။ မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားမှု များပြားလာခြင်း
၂။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် နည်းလမ်းများ ရှာကြံ
လာခြင်း၊ ပစ္စည်းများ ရှာဖွေလာခြင်း
၃။ ဂဏှာမငြိမ် ဖြစ်လာခြင်း
၎။ ဘာကိုမှ မလုပ်တော့ခြင်း
၅။ မိသားစု၊ မိတ်ဆွေများနဲ့ ရှောင်ကြဉ်ပြီး တစ်ယောက်တည်း သီးသန့်နေလာခြင်း။
၆။ လုံးလုံးလျားလျား မအိပ်တော့ခြင်း (သို့) အိပ်ချည်းပဲ အိပ်နေခြင်း
၇။ မိတ်ဆွေများဆီသို့ နှုတ်ဆက်စကားပြောဆိုခြင်း
၈။ ပိုင်ဆိုင်ထားသည့် ပစ္စည်းများကို ပေးကမ်းခြင်း
၉။ အမျက်ဒေါသထွက်လာခြင်း

စိတ်အနေအထား
ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားနေတဲ့လူတစ်ယောက်ဟာ မကြာခဏဆိုသလို တစ်ခု သို့မဟုတ် တစ်ခုနဲ့အထက် အောက်ပါစိတ် ခံစားမှုတွေကို ပြသလေ့ရှိပါတယ်။
၁။ စိတ်ကျခြင်း
၂။ ဘာကိုမှ စိတ်ဝင်စားမှု မရှိတော့ခြင်း
၃။ ကြမ်းတမ်းခက်ထန်လာခြင်း
၎။ စိတ်တိုလာခြင်း
၅။ အရှက်ကွဲခံရခြင်း
၆။ စိုးရိမ်ကြောင့်ကြမှု ခံစားနေရခြင်း

ဆူဆိုက်ရှိရာ လမ်းမဆီသို့
လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေစေနိုင်တဲ့လမ်းတွေဟာ အောက်ပါအတိုင်း သုံးသွယ် ရှိပါတယ်။ ဒီသုံးသွယ်ထဲမှာ တစ်ခု ထက်မက များပြားနေခြင်းဟာ ကိုယ့်အတွက် ကိုယ့်အသက် ကိုယ်မနှမျှောမိစေတဲ့အကြောင်းရင်းတွေလည်း ဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေ
၁။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများ
(က) စိတ်ဓာတ်ကျနေခြင်၊း(ခ) စိုးရိမ်ကြောင့်ကြမှုလွန်ကဲခြင်း ရောဂါ၊ (ဂ) စိတ်ကစဥ့်ကလျားဖြစ်နေခြင်း၊ (ဃ) Bipolar disorder နဲ့ တခြားစိတ်ရောဂါများ
၂။ နာကျင်မှု အစဉ်မပြတ် ခံစားနေရခြင်း၊ နာတာရှည်တစ်ခုခု ဖြစ်နေခြင်း

#ပတ်ဝန်းကျင်အနေအထား
၁။ ချစ်ခင်ရင်းနှီးရတဲ့သူတစ်ယောက် သေဆုံးခြင်း၊ အလုပ်ပြုတ်ခြင်းနဲ့ ကွာရှင်းပြတ်စဲခြင်းစသော စိတ်ဖိစီးမှုများပြားစေသော ဘ၀ ရဲ့ လောကဓံ ထုထောင်းရိုက်နှက်မှုကို ခံနေရခြင်း။
၂။ ကာလရှည်စွာ စိတ်ဖိစီးမှုကို ခံစားနေရခြင်း၊ ဥ့ပမာ - လိင်ပိုင်းဆိုင်ရာ ဗလက္ကာရပြုနှောင့်ယှက်မှုကို ခံနေရခြင်း၊ အနိုင်ကျင့်မှု ခံ နေရခြင်း၊ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေဖြစ်ခြင်း နဲ့ အလုပ်လက်မဲ့ဖြစ်ခြင်း။
၃။ အသက်အန္တာရယ်ပေးနိုင်တဲ့ လက်နက်၊ မူးယစ်ဆေးဝါးပစ္စည်းများ အလွယ်တကူ ရရှိနိုင်သည့်အနေအထားဖြစ်နေခြင်း။
၎။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့သူတစ်ယောက်နဲ့ တွေ့ကြုံ့ခဲ့မှု ရှိခြင်း

နောက်ခံအနေအထား
၁။ အရင်က ကိုယ့်ကိုယ်ကိုယ် လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးခြင်း
၂။ မိသားစုထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သူ ရှိခြင်း

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64724.35
ETH 3436.21
USDT 1.00
SBD 2.55